
နယူးကာဆယ်ဟာအက်စတွန်ဗီလာမှအငှားဖြင့်လာရောက်ကစားနေတဲ့ဘယ်
နောက်ခံလူမတ်တာဂက်ကိုပေါင်၁၅သန်းဖြင့်အပြီးသတ်ခေါ်ယူလိုက်ပါတယ်။
အသက်၂၆နှစ်ရှိဘယ်နောက်ခံလူဟာပြီးခဲ့တဲ့ရာသီတုန်းကဗီလာမှအငှားဖြင့်လာ
ရောက်ကစားစဉ်စိန့်ဂျိမ်းစ်ပါ့ခ်မှာခြေစွမ်းပြခဲ့သူလည်းဖြစ်ပါတယ်။တာဂက်
ဟာ၂၀၂၀-၂၁ရာသီတုန်းကဗီလာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို
ရရှိခဲ့သူဖြစ်ပေမဲ့စတီဗင်ဂျရတ်ရဲ့ဗီလာတွင်ဒီဂနီမှာပွဲထွက်ကစားခွင့်ရရှိနေရာဗီ
လာသို့ပြန်ပါကအရန်အဖြစ်သာနေခွင့်ရပါမယ်ႏယင်းအချိန်တွင်နယူးကာဆယ်
ဟာပြီးခဲ့တဲ့ရာသီတုန်းကအသင်းကိုတန်းမဆင်းရအောင်အဓိကနေရာမှကူညီခဲ့တဲ့
ဘယ်နောက်ခံလူအားပေါင်၁၅သန်းဖြင့်ခေါ်ယူလိုက်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီ
တုန်းကအက်ဒီဟိုဝီရဲ့လက်အောက်မှာခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီးနယူးကာဆယ္
အတွက်၁၆ပွဲကစားပေးခဲ့ပါတယ်။ယခုအခါနယူးကာဆယ်ဟာတာဂက်ကိုကလပ်
တွင်၂၀၂၆ခုနှစ်အထိရှိနေမယ့်စာချုပ်ဖြင့်အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
နယူးကာဆယ္ဟာအက္စတြန္ဗီလာမွအငွားျဖင့္လာေရာက္ကစားေနတဲ့ဘယ္
ေနာက္ခံလူမတ္တာဂက္ကိုေပါင္၁၅သန္းျဖင့္အၿပီးသတ္ေခၚယူလိုက္ပါတယ္။
အသက္၂၆ႏွစ္ရွိဘယ္ေနာက္ခံလူဟာၿပီးခဲ့တဲ့ရာသီတုန္းကဗီလာမွအငွားျဖင့္လာ
ေရာက္ကစားစဥ္စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာေျခစြမ္းျပခဲ့သူလည္းျဖစ္ပါတယ္။တာဂက္
ဟာ၂၀၂၀-၂၁ရာသီတုန္းကဗီလာရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို
ရရွိခဲ့သူျဖစ္ေပမဲ့စတီဗင္ဂ်ရတ္ရဲ႕ဗီလာတြင္ဒီဂနီမွာပြဲထြက္ကစားခြင့္ရရွိေနရာဗီ
လာသို႔ျပန္ပါကအရန္အျဖစ္သာေနခြင့္ရပါမယ္ႏယင္းအခ်ိန္တြင္နယူးကာဆယ္
ဟာၿပီးခဲ့တဲ့ရာသီတုန္းကအသင္းကိုတန္းမဆင္းရေအာင္အဓိကေနရာမွကူညီခဲ့တဲ့
ဘယ္ေနာက္ခံလူအားေပါင္၁၅သန္းျဖင့္ေခၚယူလိုက္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီ
တုန္းကအက္ဒီဟိုဝီရဲ႕လက္ေအာက္မွာေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ၿပီးနယူးကာဆယ္
အတြက္၁၆ပြဲကစားေပးခဲ့ပါတယ္။ယခုအခါနယူးကာဆယ္ဟာတာဂက္ကိုကလပ္
တြင္၂၀၂၆ခုႏွစ္အထိရွိေနမယ့္စာခ်ဳပ္ျဖင့္အၿပီးသတ္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။