အင်္ဂလန်နှင့်ရင်ဆိုင်ကစားရမယ့် ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်ကို ဂျာမန်အဓိက ကစားသမားနှစ်ဦးလွဲချော်မည်
မန်နူရယ်နူအာနှင့်လီယွန်ဂိုရက်ဇ်ကာတို့ဟာကိုဗစ်ကြောင့်အင်္ဂလန်နှင့်ရင်ဆိုင်ကစားရမယ့်ဂျာမနီရဲ့
ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်ကိုလွဲချော်လာပါမယ်။ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာ
လာမယ့်တနင်္လာနေ့တွင်ဝင်ဘာလေကွင်းမှာခါးသီးတဲ့ပြိုင်ဘက်ဟောင်းဂျာမနီအသင်းကိုဧည့်ခံက
စားရပါမယ်။ဒါပေမဲ့ဂျာမနီဟာအဓိကကစားသမားများဖြစ်ကြတဲ့အသက်၂၇နှစ်ရှိဂိုရက်ဇ်ကာနှင့်နူ
အာတို့မပါဝင်နိုင်မှုနှင့်အတူ အထိနာလျက်ရှိပါတယ်။ဘိုင်ယန်မြူးနစ်ကစားသမားနှစ်ဦးတို့ဟာအင်္ဂ
လန်နှင့်ပွဲမတိုင်မီ သောကြာနေ့တွင်ဟန်ဂေရီနှင့်ကစားရမယ့်ပွဲစဉ်ကိုလည်းလွဲချော်လာပါဦးမယ်။
ဒါ့အပြင်ဒေါ့မွန်ရဲ့ဂျူလီယန်ဘရန်းမှာလည်းကိုဗစ်ကြောင့်ဂျာမနီအသင်းမှနုတ်ထွက်ခဲ့ရပါတယ်။
ဂျာမနီနည်းပြဖလစ်ဟာအသက်၃၆နှစ်ရှိနူအာနေရာတွင်ဟော်ဖန်ဟိမ်းဂိုးသမားအိုလီဗာဘူမန်းကို
အစားထိုးခေါ်ယူထားပါတယ်။