
မက်ဆီဟာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်ချိန်မှာ အင်တာမီယာမီကိုပြောင်းနိုင်တယ်လို့ သတင်း
ထွက်ပေါ်လာပြီးနောက် ဆိုရှယ်မီဒီယာပေါ်ကပရိသတ်တွေဟာ အဲဒီအပေါ် ဝေဖန်နောက်ပြောင်နေ
ကြပါတယ်။ဒေးဗစ်ဘက်ခမ်းပူးတွဲပိုင်ဆိုင်တဲ့အင်တာမီယာမီဟာ လာမယ့်လတွေမှာအဲဒီ Ballon d’Or
၇ ထပ်ကွမ်းကစားသမားကို ခေါ်ယူနိုင်မယ်လို့ယုံကြည်ထားကြောင်း ဗြိတိန်အားကစားသတင်းဌာန
The Athletic ကဖော်ပြခဲ့တာပါ။ ဒါပေမဲ့လည်း ဆိုရှယ်မီဒီယာပေါ်က ပရိသတ်အများစုဟာအဲဒီသတင်း
အပေါ် အနုတ်လက္ခဏာသဘောမျိုး တုံ့ပြန်နေကြပါတယ်။သူတို့က အမေရိကန်မေဂျာလိဂ်ကို မက်ဆီ
ပြောင်းနိုင်တဲ့အပေါ် မလိုလားကြပါဘူး။”မက်ဆီကို ဖီးလ်နဗီးလ်ကသာ ကိုယ်တွယ်မယ်ဆို အဲဒါက
ဘောလုံးအပေါ်ရာဇဝတ်မှုကျူးလွန်တာ ဖြစ်မှာပါ”လို့ ဆိုရှယ်မီဒီယာပေါ်ကပရိသတ်တစ်ယောက်က
တုံ့ပြန်ပါတယ်။ နောက်ထပ်ပရိသတ်တစ်ယောက်ကလည်း ”ဖီးလ်နဗီးလ်က မက်ဆီကို နည်းပြမယ်ဆို
အရယ်ရဆုံးအရာဖြစ်မှာ”လို့ ဆိုခဲ့တာပါ။ မန်ယူနောက်ခံလူဟောင်းဖီးလ်နဗီးလ်ဟာ ၂၀၂၁ ဇန်နဝါရီက
တည်းက အင်တာမီယာမီကိုကိုင်တွယ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့သက်တမ်းမကြာသေးတဲ့နည်း
ပြဘဝမှာ ဝေဖန်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရတာပါ။သူဟာ အင်္ဂလန်အမျိုးသမီးအသင်းကို ၂၀၁၈ ဇန်နဝါရီ
ကနေ၂၀၂၁ ဇန်နဝါရီအထိ ကိုင်တွယ်ခဲ့ပေမယ့် သူ့လက်ထက်မှာ အသင်းဟာပုံမှန်စွမ်းဆောင်မှုအောက်
ရောက်နေပြီး သူမရှိတော့မှ အင်္ဂလန်အမျိုးသမီးဟာ သမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲတစ်ရပ်မှာ ဗိုလ်
စွဲနိုင်ခဲ့ပါတယ်။ဖီးလ်နဗီးလ်ဟာ အင်္ဂလန်က ထွက်ခွာပြီး ရက်ပိုင်းအကြာမှာပဲမေဂျာလိဂ်အသင်းတစ်
သင်းကို ကိုင်တွယ်ခဲ့တာပါ။ဒါပေမဲ့ သူ့ရဲ့အင်တာမီယာမီအသင်းဟာ အဲဒီနှစ်က ၁၂ ပွဲအပြီးမှာ၂ ပွဲသာ
နိုင်ပြီး အဆိုးဆုံးမှတ်တမ်းရရှိခဲ့ပါတယ်။
မက္ဆီဟာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သက္တမ္းကုန္ခ်ိန္မွာ အင္တာမီယာမီကိုေျပာင္းႏိုင္တယ္လို႔ သတင္း
ထြက္ေပၚလာၿပီးေနာက္ ဆိုရွယ္မီဒီယာေပၚကပရိသတ္ေတြဟာ အဲဒီအေပၚ ေဝဖန္ေနာက္ေျပာင္ေန
ၾကပါတယ္။ေဒးဗစ္ဘက္ခမ္းပူးတြဲပိုင္ဆိုင္တဲ့အင္တာမီယာမီဟာ လာမယ့္လေတြမွာအဲဒီ Ballon d’Or
၇ ထပ္ကြမ္းကစားသမားကို ေခၚယူႏိုင္မယ္လို႔ယုံၾကည္ထားေၾကာင္း ၿဗိတိန္အားကစားသတင္းဌာန
The Athletic ကေဖာ္ျပခဲ့တာပါ။ ဒါေပမဲ့လည္း ဆိုရွယ္မီဒီယာေပၚက ပရိသတ္အမ်ားစုဟာအဲဒီသတင္း
အေပၚ အႏုတ္လကၡဏာသေဘာမ်ိဳး တုံ႔ျပန္ေနၾကပါတယ္။သူတို႔က အေမရိကန္ေမဂ်ာလိဂ္ကို မက္ဆီ
ေျပာင္းႏိုင္တဲ့အေပၚ မလိုလားၾကပါဘူး။”မက္ဆီကို ဖီးလ္နဗီးလ္ကသာ ကိုယ္တြယ္မယ္ဆို အဲဒါက
ေဘာလုံးအေပၚရာဇဝတ္မႈက်ဴးလြန္တာ ျဖစ္မွာပါ”လို႔ ဆိုရွယ္မီဒီယာေပၚကပရိသတ္တစ္ေယာက္က
တုံ႔ျပန္ပါတယ္။ ေနာက္ထပ္ပရိသတ္တစ္ေယာက္ကလည္း ”ဖီးလ္နဗီးလ္က မက္ဆီကို နည္းျပမယ္ဆို
အရယ္ရဆုံးအရာျဖစ္မွာ”လို႔ ဆိုခဲ့တာပါ။ မန္ယူေနာက္ခံလူေဟာင္းဖီးလ္နဗီးလ္ဟာ ၂၀၂၁ ဇန္နဝါရီက
တည္းက အင္တာမီယာမီကိုကိုင္တြယ္ေနတာ ျဖစ္ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕သက္တမ္းမၾကာေသးတဲ့နည္း
ျပဘဝမွာ ေဝဖန္မႈမ်ားစြာနဲ႔ ႀကဳံေတြ႕ခဲ့ရတာပါ။သူဟာ အဂၤလန္အမ်ိဳးသမီးအသင္းကို ၂၀၁၈ ဇန္နဝါရီ
ကေန၂၀၂၁ ဇန္နဝါရီအထိ ကိုင္တြယ္ခဲ့ေပမယ့္ သူ႔လက္ထက္မွာ အသင္းဟာပုံမွန္စြမ္းေဆာင္မႈေအာက္
ေရာက္ေနၿပီး သူမရွိေတာ့မွ အဂၤလန္အမ်ိဳးသမီးဟာ သမိုင္းတစ္ေလွ်ာက္ အဓိကၿပိဳင္ပြဲတစ္ရပ္မွာ ဗိုလ္
စြဲႏိုင္ခဲ့ပါတယ္။ဖီးလ္နဗီးလ္ဟာ အဂၤလန္က ထြက္ခြာၿပီး ရက္ပိုင္းအၾကာမွာပဲေမဂ်ာလိဂ္အသင္းတစ္
သင္းကို ကိုင္တြယ္ခဲ့တာပါ။ဒါေပမဲ့ သူ႔ရဲ႕အင္တာမီယာမီအသင္းဟာ အဲဒီႏွစ္က ၁၂ ပြဲအၿပီးမွာ၂ ပြဲသာ
ႏိုင္ၿပီး အဆိုးဆုံးမွတ္တမ္းရရွိခဲ့ပါတယ္။