အင်တာမိုင်ယာမီဘက်က ကမ်းလှမ်းလာမှုကို ကမ္ဘာ့ဖလားအပြီးမှာ စဥ်းစားဆုံးဖြတ်သွားမယ်လို့ အကြောင်းပြန်ထားတဲ့ မက်ဆီ

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီဟာ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားအပြီး

မှာ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့ ကစားဖွယ်ရှိကြောင်း

သိရှိရပါတယ်။ အင်တာမိုင်ယာမီဘက်ကလည်း မက်ဆီကို ခေါ်ယူဖို့အတွက် တော်တော်လေး ယုံကြည်

ချက်ရှိလာပြီလို့ သတင်းတွေက ဖော်ပြနေပါတယ်။အသက် (၃၅) နှစ်အရွယ် မက်ဆီနဲ့ ပီအက်စ်ဂျီတို့အ

ကြား စာချုပ်သက်တမ်းကလည်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပါပြီ။ မက်ဆီကို အသင်းဘက်

က စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ကစားသမားကိုယ်တိုင်က ကမ္ဘာ့ဖလားအပြီးမှ သူ့အနာဂတ်ကို

စဥ်းစားဆုံးဖြတ်သွားမယ်လို့ အကြောင်းပြန်ထားပါတယ်။အင်တာမိုင်ယာမီဟာ မက်ဆီနဲ့ ဆွေးနွေးမှုတွေ

ကို ကာတာကမ္ဘာ့ဖလားအပြီးမှာ စတင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဒီလိုပစ်မှတ်ထားတဲ့နေရာမှာ အင်

တာမိုင်ယာမီအနေနဲ့ ပီအက်စ်ဂျီရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုနဲ့ရော၊ မက်ဆီရဲ့အသင်းဟောင်း ဘာစီလိုနာ

ဘက်က ကမ်းလှမ်းမှုတွေနဲ့ပါ အပြိုင် ကြိုးစားရမှာဖြစ်ပါတယ်။ လက်ရှိ မက်ဆီအတွက် ကြိုးပမ်းမှုတွေမှာ

အင်တာမိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ညီအကိုနှစ်ယောက်ဖြစ်တဲ့ ဂျော့ချ်နဲ့ ဂျို့စ်မက်စ်တို့က ဦးစီးဆောင်ရွက်နေ

ပါတယ်။ဒါ့အပြင် သူတို့ဟာ မက်ဆီရဲ့အဖေဖြစ်သူ ဂျော့ချ်နဲ့လည်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးဖြစ်

တယ်လို့ သိရှိရပါတယ်။ ဘလွန်းဒီအော်ဆု (၇) ကြိမ်ဆွတ်ခူးထားတဲ့ မက်ဆီကို ခေါ်ယူဖို့အတွက် အင်တာ

မိုင်ယာမီက ပြီးခဲ့တဲ့ရာသီတွေတည်းက ကြိုးစားခဲ့တယ်လို့လည်း ယုံကြည်ရပါတယ်။ဒေးဗစ်ဘက်ခမ်းဟာ

သူ့ရဲ့အသင်းမှာ မက်ဆီ၊ ရော်နယ်ဒိုတို့လို ဘောလုံးလောကရဲ့ အထင်ကရကြယ်ပွင့်တွေကို ခေါ်ယူဖို့ အ

မြဲတမ်း စိတ်အားထက်သန်ခဲ့ပါတယ်။ မက်ဆီကတော့ အင်တာမိုင်ယာမီနဲ့ ပတ်သက်လို့ ဘယ်လိုဆုံးဖြတ်

သွားမယ်ဆိုတာကို မသိရသေးပေမယ့် မေဂျာလိဂ်ကလပ်ဘက်ကတော့ မက်ဆီအတွက် ယုံကြည်မှုရှိနေ

ကြပါပြီ။

 

အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ မက္ဆီဟာ လာမယ့္ (၂၀၂၂) ကာတာကမာၻ႔ဖလားအၿပီး

မွာ ေဒးဗစ္ဘက္ခမ္းပိုင္ဆိုင္တဲ့ ေမဂ်ာလိဂ္ကလပ္ အင္တာမိုင္ယာမီကို ေျပာင္းေ႐ႊ႕ ကစားဖြယ္ရွိေၾကာင္း

သိရွိရပါတယ္။ အင္တာမိုင္ယာမီဘက္ကလည္း မက္ဆီကို ေခၚယူဖို႔အတြက္ ေတာ္ေတာ္ေလး ယုံၾကည္

ခ်က္ရွိလာၿပီလို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။အသက္ (၃၅) ႏွစ္အ႐ြယ္ မက္ဆီနဲ႔ ပီအက္စ္ဂ်ီတို႔အ

ၾကား စာခ်ဳပ္သက္တမ္းကလည္း ေနာက္ဆုံးႏွစ္အတြင္းကို ေရာက္ရွိေနပါၿပီ။ မက္ဆီကို အသင္းဘက္

က စာခ်ဳပ္သစ္ ကမ္းလွမ္းထားေပမယ့္ ကစားသမားကိုယ္တိုင္က ကမာၻ႔ဖလားအၿပီးမွ သူ႔အနာဂတ္ကို

စဥ္းစားဆုံးျဖတ္သြားမယ္လို႔ အေၾကာင္းျပန္ထားပါတယ္။အင္တာမိုင္ယာမီဟာ မက္ဆီနဲ႔ ေဆြးေႏြးမႈေတြ

ကို ကာတာကမာၻ႔ဖလားအၿပီးမွာ စတင္ႏိုင္ဖို႔ ပစ္မွတ္ထားေနပါတယ္။ ဒီလိုပစ္မွတ္ထားတဲ့ေနရာမွာ အင္

တာမိုင္ယာမီအေနနဲ႔ ပီအက္စ္ဂ်ီရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈနဲ႔ေရာ၊ မက္ဆီရဲ႕အသင္းေဟာင္း ဘာစီလိုနာ

ဘက္က ကမ္းလွမ္းမႈေတြနဲ႔ပါ အၿပိဳင္ ႀကိဳးစားရမွာျဖစ္ပါတယ္။ လက္ရွိ မက္ဆီအတြက္ ႀကိဳးပမ္းမႈေတြမွာ

အင္တာမိုင္ယာမီရဲ႕ ပူးတြဲပိုင္ရွင္ ညီအကိုႏွစ္ေယာက္ျဖစ္တဲ့ ေဂ်ာ့ခ်္နဲ႔ ဂ်ိဳ႕စ္မက္စ္တို႔က ဦးစီးေဆာင္႐ြက္ေန

ပါတယ္။ဒါ့အျပင္ သူတို႔ဟာ မက္ဆီရဲ႕အေဖျဖစ္သူ ေဂ်ာ့ခ်္နဲ႔လည္း အႀကိမ္ႀကိမ္ ေတြ႕ဆုံေဆြးေႏြးၿပီးျဖစ္

တယ္လို႔ သိရွိရပါတယ္။ ဘလြန္းဒီေအာ္ဆု (၇) ႀကိမ္ဆြတ္ခူးထားတဲ့ မက္ဆီကို ေခၚယူဖို႔အတြက္ အင္တာ

မိုင္ယာမီက ၿပီးခဲ့တဲ့ရာသီေတြတည္းက ႀကိဳးစားခဲ့တယ္လို႔လည္း ယုံၾကည္ရပါတယ္။ေဒးဗစ္ဘက္ခမ္းဟာ

သူ႔ရဲ႕အသင္းမွာ မက္ဆီ၊ ေရာ္နယ္ဒိုတို႔လို ေဘာလုံးေလာကရဲ႕ အထင္ကရၾကယ္ပြင့္ေတြကို ေခၚယူဖို႔ အ

ၿမဲတမ္း စိတ္အားထက္သန္ခဲ့ပါတယ္။ မက္ဆီကေတာ့ အင္တာမိုင္ယာမီနဲ႔ ပတ္သက္လို႔ ဘယ္လိုဆုံးျဖတ္

သြားမယ္ဆိုတာကို မသိရေသးေပမယ့္ ေမဂ်ာလိဂ္ကလပ္ဘက္ကေတာ့ မက္ဆီအတြက္ ယုံၾကည္မႈရွိေန

ၾကပါၿပီ။