အခြေခံကျမယ့်ပြဿနာတွေ ဖြေရှင်းနိုင်ရေးကိုသာ ဦးစားပေးရွေးချယ်လာခဲ့တဲ့ ယူနိုက်တက်
မန်ယူဟာ ဒါဝင်နူနက်ဇ်ကို လီဗာပူးနဲ့အပြိုင်ခေါ်ယူဖို့ မကြိုးပမ်းတော့ဘဲပိုပြီးအခြေခံကျမယ့်
ပြဿနာတွေကို ဖြေရှင်းနိုင်ရေးကိုသာ ရွေးချယ်ခဲ့တာပါ။ယူနိုက်တက်ဟာ အသင်းရဲ့အဓိက
ကျောရိုးဖြစ်တဲ့ ရှေ့၊လယ်၊နောက်တို့ကိုအားဖြည့်တဲ့အနေနဲ့ အဓိကပစ်မှတ် ၃ ယောက်ကို တ
ပြိုင်တည်းခေါ်နိုင်ဖို့ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာက ဖရန်ကီဒီဂျောင်ဟာ ပွဲကိုထိန်
းကျောင်းနိုင်သူဖြစ်လို့ မန်ယူကွင်းလယ်အတွက် အရေးပါသူဖြစ်လာနိုင်တာပါ။ဒါ့အပြင် အေ
ဂျက်က ဂျာရီယန်တင်ဘာဟာ အသက်အငယ်ဆုံးဗဟိုခံစစ်မှုးဆိုလို့၂၇ နှစ်အရွယ်ပဲရှိတဲ့မန်ယူ
ခံစစ်ကို အားတစ်ရပ်ဖြစ်စေနိုင်ပါတယ်။သူဟာ ညာနောက်ခံအနေနဲ့လည်း ကစားနိုင်စွမ်းရှိလို့
မန်ယူရဲ့ညာခြမ်းခံစစ်ပြသနာကိုလည်း ပြေလည်စေနိုင်သူပါ။ အေဂျက်ကပဲဖြစ်တဲ့ အန်တိုနီ
ကတော့မန်ယူအသင်းကာလရှည်လိုအပ်နေတဲ့ညာတောင်ပံတိုက်စစ်အတွက် ဖြစ်ပါတယ်။
ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ အီလန်ဂါတို့အားလုံးဟာ ဘယ်တောင်ပံကိုသာ ပိုပြီးအားသန်ကြသူတွေပါ။
မန်ယူလက်ရှိကြိုးပမ်းနေတဲ့ ၃ ယောက်မှာ ဒီဂျောင်က ပေါင် ၆၅ သန်းဝန်းကျင်ကုန်ကျနိုင်ပြီး
အန်သိုနီကိုတော့ ပေါင်သန်း ၄၀ ဝန်းကျင်ပေးရနိုင်ကာတင်ဘာအတွက်တော့ ပေါင် ၃၅ သန်း
ပေးရနိုင်ပါတယ်။အဲဒီ ၃ ယောက်စလုံးသာ ခေါ်နိုင်မယ်ဆိုရင် တန်ဟက်လက်ထက်မန်ယူရဲ့
ရီဗော်လူးရှင်းက စတင်ပြီလို့ ဆိုနိုင်ပါတယ်။သူတို့ ၃ ယောက်က မန်ယူရဲ့ပြသနာတွေအားလုံး
ကို ဖြေရှင်းပေးနိုင်မှာမဟုတ်ပေမယ့် တန်ဟက်ရဲ့ဗျူဟာအတွက် အရေးပါသူတွေဖြစ်နေကြတာပါ။