အက်ဖ်အေဖလားဗိုလ်လုပွဲ နှစ်သင်းကြား အားသာအားနည်းချက်များ

လီဗာပူးလ် နှင့် ချဲလ်ဆီးအသင်းတို့ဟာ ယနေ့ညမှာ အက်ဖ်အေဖလားဗိုလ်လုပွဲ ကစားရဖို့ရှိနေပါ

တယ်။ ဒီပွဲရလာဒ်အတွက် အရေးပါလာနိုင်တဲ့အချက်တွေကို သုံးသပ်တင်ပြပေးလိုက်ပါတယ်။

( ၁ ) လီဗာပူးလ်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ဖျက်မယ့်ချဲလ်ဆီးရဲ့ နောက်ကျသော ပြေးလွှား

မှုမျာ

းလီဗာပူးလ်ရဲ့ ခံစစ် ( ၄ ) ယောက်တန်းနောက်မှာ နေရာလွတ်ကြီးရှိတာအသင်းတိုင်းသိပေ

မယ့် အသင်းတိုင်းက ဒါကို အခွင့်ကောင်း ယူနိုင်ခြင်း မရှိပါဘူး။လီဗာပူးလ်ရဲ့ ခံစစ်ကို တိုက်ခိုက်

နိုင်မယ့်နည်းလမ်း ( ၂ ) ခုရှိပါတယ်။ပထမတစ်ခုက တိုက်စစ်မှူး ( ၂ ) ယောက်ကို ရှေ့မှာ ချန်ထား

ပြီးလီဗာပူးလ် ဗဟိုခံစစ်တွေနဲ့ 1 v1 အနေအထား‌ နေရာယူစေတာဖြစ်ပါတယ်။ဗန်ဒိုက်တို့ ၊ ကိုနာ

တေးတို့ တစ်ဦးချင်းစွမ်းဆောင်ရည် ဘယ်လောက်ပဲကောင်းသည်ဖြစ်စေ ဒါက သူတို့အတွက် အ

မြဲတမ်း စွန့်စားရကျတဲ့လုပ်ရပ်ဖြစ်ပါတယ်။ full-backs တွေက ရှေ့ကို တက်လွန်းပြီး နောက်မှာ

နေရာလွတ်တွေကျန်နေတာကြောင့် ပိုလို့တောင် စွန့်စားရာ ကျနေပါသေးတယ်။တူဟယ်မှာလည်း

လူကာကူ ၊ ဗာနာ ၊ ဒါမှမဟုတ် ဟာဗတ်တို့ကိုရှေ့မှာထားပြီး ( ၃-၄-၁-၂ ) ကစားကွက်ကို အသုံးပြု

နိုင်ပါတယ်။တူဟယ်အနေနဲ့ လီဗာပူးလ်နဲ့တွေ့ခဲ့တဲ့ နောက်ဆုံး ( ၂ ) ကြိမ်မှာသူရဲ့ ကစားသမားတွေ

ကို နောက်ကနေ ပြေးလွှားစေပြီး လီဗာပူးလ်ခံစစ်ကိုတိုက်ခိုက်နိုင်ဖို့ စမ်းသပ်ခဲ့တာတွေ့ရပါတယ်။

ကာရာဘောင်ဖလားဗိုလ်လုပွဲ နှင့် ( ၂-၂ ) သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာပါ မောင့် နှင့်ပူလီ

ဆစ်တို့က ဟားဗတ်နောက်ကနေ late runs တွေ ပြုလုပ်ခဲ့ပါတယ်။high line ကစားတဲ့ ခံစစ်တွေ

အနေနဲ့ late runs တွေကို ခုခံတားဆီးဖို့ ပိုပြီးခက်ခဲတတ်ပါတယ်။

( ၂ ) ညာအစွန်နောက်ခံလူတွေရဲ့ ပြိုင်ဆိုင်မှု

အက်ဖ်အေဖလား ဗိုလ်လုပွဲကစားရမယ့်အသင်းတွေမှာ ဖန်တီးနိုင်စွမ်းအကောင်းဆုံး ကစားသမား

တွေက သူတို့ရဲ့ ညာအစွန်နောက်ခံလူတွေဖြစ်နေတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ထရန့် အလက်

ဇန္ဒား အာနိုးလ် နှင့်ရိစ်ဂျိမ်းစ်တို့ကတော့ အဲ့ဒီ ညာအစွန်နောက်ခံလူတွေထဲမှာ မပါဝင်ပါဘူး။အာနိုးလ်

က ဘောလုံး‌ပေးပို့ရာမှာ ကျွမ်းကျင်တဲ့ ကစားသမားဖြစ်ပြီးသူ့ရဲ့ အရည်အချင်းကို ကီဗင် ဒီဘရိုင်နား

တစ်ဦးတည်းကသာလိုက်မီတယ်လို့ မြင်မိပါတယ်။ ဂျိမ်းစ်ကတော့ ဘောလုံးဆွဲယူပြီးဖြတ်တင်ဘေ

ာပေးပို့တဲ့သူပါ ။ ဂျိမ်းစ်က ချဲလ်ဆီး နှင့် လီဗာပူးလ်တို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ( ၂ ) ကြိမ်မှာ ဒဏ်ရာ

ပြဿနာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ယခုပွဲမှာတော့ သူက တူဟယ်ရဲ့ အသင်းအတွက် ဘယ်

လောက်ထိအ‌ရေးပါသလဲဆိုတာ သက်သေပြသွားဖို့ရှိနေပါတယ်။

( ၃ ) လူးဝစ် ဒီယာ့စ်က အက်စ်ပီလီကွီတာကို ဒုက္ခပေးနိုင်မလား ?

ဆီဇာ အက်စ်ပီလီကွီတာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် (၁ ) ခုအတွင်းပရီးမီးယာလိဂ်ရဲ့ အကောင်းဆုံးခံ

စစ်ကစာသမားတစ်ဦးဖြစ်ပြီး ယနေ့ခေတ်ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးမီက ရက်သတ္တပတ်တွေမှာတော့ သူကအနည်းငယ် ရုန်းကန်နေရပါတယ်။ ပြီးခဲ့

တဲ့လ စတန်းဖို့ဒ်ဘရစ်ချ်မှာကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဥ်မှာ သူ့ကြောင့် ပင်နယ်တီမပေးရခင်ဂန်း

နားတို့ဟာ စပိန်လက်ရွေးစင်ရဲ့ ပေးပို့မှုကနေ တတိယဂိုးရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက် အဲဗာတန်

နဲ့ ပွဲမှာလည်း သူ့ရဲ့ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးရာကနေရစ်ချာလီဆန်က အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါ

တယ်။ချဲလ်ဆီးခံစစ်က ကျစ်လျစ်မှုရှိတယ်လို့ ဆိုနိုင်ပေမယ့် ကျဥ်းမြောင်းစွာနေရာယူတတ်တဲ့ လီဗာ

ပူးလ် တိုက်စစ်နဲ့ တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။ အက်စပီလီကွီတာက လျင်မြန်တဲ့

လူးဝစ် ဒီယာ့စ်နဲ့ရင်ဆိုင်ရဖို့ ရှိပြီး ဒါက ချဲလ်ဆီးပရိသတ်တွေအတွက် စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်။

လီဗာပူးလ္ ႏွင့္ ခ်ဲလ္ဆီးအသင္းတို႔ဟာ ယေန႔ညမွာ အက္ဖ္ေအဖလားဗိုလ္လုပြဲ ကစားရဖို႔ရွိေနပါ

တယ္။ ဒီပြဲရလာဒ္အတြက္ အေရးပါလာႏိုင္တဲ့အခ်က္ေတြကို သုံးသပ္တင္ျပေပးလိုက္ပါတယ္။

( ၁ ) လီဗာပူးလ္ရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ဖ်က္မယ့္ခ်ဲလ္ဆီးရဲ႕ ေနာက္က်ေသာ ေျပးလႊား

မႈမ်ာ

းလီဗာပူးလ္ရဲ႕ ခံစစ္ ( ၄ ) ေယာက္တန္းေနာက္မွာ ေနရာလြတ္ႀကီးရွိတာအသင္းတိုင္းသိေပ

မယ့္ အသင္းတိုင္းက ဒါကို အခြင့္ေကာင္း ယူႏိုင္ျခင္း မရွိပါဘူး။လီဗာပူးလ္ရဲ႕ ခံစစ္ကို တိုက္ခိုက္

ႏိုင္မယ့္နည္းလမ္း ( ၂ ) ခုရွိပါတယ္။ပထမတစ္ခုက တိုက္စစ္မႉး ( ၂ ) ေယာက္ကို ေရွ႕မွာ ခ်န္ထား

ၿပီးလီဗာပူးလ္ ဗဟိုခံစစ္ေတြနဲ႔ 1 v1 အေနအထား‌ ေနရာယူေစတာျဖစ္ပါတယ္။ဗန္ဒိုက္တို႔ ၊ ကိုနာ

ေတးတို႔ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ ဘယ္ေလာက္ပဲေကာင္းသည္ျဖစ္ေစ ဒါက သူတို႔အတြက္ အ

ၿမဲတမ္း စြန႔္စားရက်တဲ့လုပ္ရပ္ျဖစ္ပါတယ္။ full-backs ေတြက ေရွ႕ကို တက္လြန္းၿပီး ေနာက္မွာ

ေနရာလြတ္ေတြက်န္ေနတာေၾကာင့္ ပိုလို႔ေတာင္ စြန႔္စားရာ က်ေနပါေသးတယ္။တူဟယ္မွာလည္း

လူကာကူ ၊ ဗာနာ ၊ ဒါမွမဟုတ္ ဟာဗတ္တို႔ကိုေရွ႕မွာထားၿပီး ( ၃-၄-၁-၂ ) ကစားကြက္ကို အသုံးျပဳ

ႏိုင္ပါတယ္။တူဟယ္အေနနဲ႔ လီဗာပူးလ္နဲ႔ေတြ႕ခဲ့တဲ့ ေနာက္ဆုံး ( ၂ ) ႀကိမ္မွာသူရဲ႕ ကစားသမားေတြ

ကို ေနာက္ကေန ေျပးလႊားေစၿပီး လီဗာပူးလ္ခံစစ္ကိုတိုက္ခိုက္ႏိုင္ဖို႔ စမ္းသပ္ခဲ့တာေတြ႕ရပါတယ္။

ကာရာေဘာင္ဖလားဗိုလ္လုပြဲ ႏွင့္ ( ၂-၂ ) သေရက်ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာပါ ေမာင့္ ႏွင့္ပူလီ

ဆစ္တို႔က ဟားဗတ္ေနာက္ကေန late runs ေတြ ျပဳလုပ္ခဲ့ပါတယ္။high line ကစားတဲ့ ခံစစ္ေတြ

အေနနဲ႔ late runs ေတြကို ခုခံတားဆီးဖို႔ ပိုၿပီးခက္ခဲတတ္ပါတယ္။

( ၂ ) ညာအစြန္ေနာက္ခံလူေတြရဲ႕ ၿပိဳင္ဆိုင္မႈ

အက္ဖ္ေအဖလား ဗိုလ္လုပြဲကစားရမယ့္အသင္းေတြမွာ ဖန္တီးႏိုင္စြမ္းအေကာင္းဆုံး ကစားသမား

ေတြက သူတို႔ရဲ႕ ညာအစြန္ေနာက္ခံလူေတြျဖစ္ေနတာ မရွိသေလာက္ပါပဲ။ ဒါေပမယ့္ ထရန႔္ အလက္

ဇႏၵား အာႏိုးလ္ ႏွင့္ရိစ္ဂ်ိမ္းစ္တို႔ကေတာ့ အဲ့ဒီ ညာအစြန္ေနာက္ခံလူေတြထဲမွာ မပါဝင္ပါဘူး။အာႏိုးလ္

က ေဘာလုံး‌ေပးပို႔ရာမွာ ကြၽမ္းက်င္တဲ့ ကစားသမားျဖစ္ၿပီးသူ႔ရဲ႕ အရည္အခ်င္းကို ကီဗင္ ဒီဘ႐ိုင္နား

တစ္ဦးတည္းကသာလိုက္မီတယ္လို႔ ျမင္မိပါတယ္။ ဂ်ိမ္းစ္ကေတာ့ ေဘာလုံးဆြဲယူၿပီးျဖတ္တင္ေဘ

ာေပးပို႔တဲ့သူပါ ။ ဂ်ိမ္းစ္က ခ်ဲလ္ဆီး ႏွင့္ လီဗာပူးလ္တို႔ရဲ႕ေနာက္ဆုံးေတြ႕ဆုံမႈ ( ၂ ) ႀကိမ္မွာ ဒဏ္ရာ

ျပႆနာေၾကာင့္ ပါဝင္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ယခုပြဲမွာေတာ့ သူက တူဟယ္ရဲ႕ အသင္းအတြက္ ဘယ္

ေလာက္ထိအ‌ေရးပါသလဲဆိုတာ သက္ေသျပသြားဖို႔ရွိေနပါတယ္။

( ၃ ) လူးဝစ္ ဒီယာ့စ္က အက္စ္ပီလီကြီတာကို ဒုကၡေပးႏိုင္မလား ?

ဆီဇာ အက္စ္ပီလီကြီတာဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ (၁ ) ခုအတြင္းပရီးမီးယာလိဂ္ရဲ႕ အေကာင္းဆုံးခံ

စစ္ကစာသမားတစ္ဦးျဖစ္ၿပီး ယေန႔ေခတ္ခ်ဲလ္ဆီးအသင္းရဲ႕ အေကာင္းဆုံးေခၚယူမႈတစ္ခုျဖစ္ပါတယ္။

ဒါေပမယ့္ မၾကာေသးမီက ရက္သတၱပတ္ေတြမွာေတာ့ သူကအနည္းငယ္ ႐ုန္းကန္ေနရပါတယ္။ ၿပီးခဲ့

တဲ့လ စတန္းဖို႔ဒ္ဘရစ္ခ်္မွာကစားခဲ့တဲ့ အာဆင္နယ္နဲ႔ပြဲစဥ္မွာ သူ႔ေၾကာင့္ ပင္နယ္တီမေပးရခင္ဂန္း

နားတို႔ဟာ စပိန္လက္ေ႐ြးစင္ရဲ႕ ေပးပို႔မႈကေန တတိယဂိုးရရွိခဲ့တာျဖစ္ပါတယ္။အဲ့ဒီေနာက္ အဲဗာတန္

နဲ႔ ပြဲမွာလည္း သူ႔ရဲ႕ ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးရာကေနရစ္ခ်ာလီဆန္က အႏိုင္ဂိုးသြင္းယူခဲ့တာျဖစ္ပါ

တယ္။ခ်ဲလ္ဆီးခံစစ္က က်စ္လ်စ္မႈရွိတယ္လို႔ ဆိုႏိုင္ေပမယ့္ က်ဥ္းေျမာင္းစြာေနရာယူတတ္တဲ့ လီဗာ

ပူးလ္ တိုက္စစ္နဲ႔ တစ္ဦးခ်င္း ထိပ္တိုက္ရင္ဆိုင္ရဖို႔ရွိေနပါတယ္။ အက္စပီလီကြီတာက လ်င္ျမန္တဲ့

လူးဝစ္ ဒီယာ့စ္နဲ႔ရင္ဆိုင္ရဖို႔ ရွိၿပီး ဒါက ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ စိုးရိမ္စရာ အေျခအေနျဖစ္ပါတယ္။