အာဆင်နယ်ဟာအက်ဒီနကီတာကိုနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုက်ကြောင်းကို
မတော်တဆအတည်ပြုမိသွားပါတယ်။အသက်၂၃နှစ်ရှိအာဆင်နယ်တိုက်စစ်မှူး
ဟာယခုလအကုန်တွင်အာဆင်နယ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပါ
တယ်။ဒါပေမဲ့အာဆင်နယ်ဟာဇူလိုင်လ၈ရက်နေ့တွင်နုယင်ဘတ်နှင့်ကစားမယ့်
ရာသီကြိုခြေစမ်းပွဲအတွက်ပရိုမိုးရှင်းပိုစတာတွင်အက်ဒီနကီတာကိုထည့်သွင်း
လာပါတယ်။ဒါကြောင့်လည်းအာဆင်နယ်ဟာအက်ဒီနကီတာကိုစာချုပ်သစ်ချုပ်
ဆိုပြီးဖြစ်တယ်လို့ယုံကြည်ရပါတယ်။အစောပိုင်းသတင်းများအရအာဆင်နယ်
ဟာအက်ဒီနကီတာကိုတစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀တန်ငါးနှစ်စာချုပ်ချုပ်ဆို
လိုက်ကြောင်းသိရပါတယ်။