အကောင်းဆုံးဖန်တီးမှု အယောက် (၄၀) စာရင်းမှာ ရော်နယ်ဒိုကိုကျော်ဖြတ်ပြီး မက်ဆီထိပ်ဆုံးမှရပ်တည်

ဘောလုံးမီဒီယာတစ်ခုဖြစ်တဲ့ PopFoot က ၂၁ ရာစုအတွင်းဂိုးဖန်တီးမှုအကြိမ်အများဆုံးပြုလုပ်

ခဲ့တဲ့ ကစားသမားအယောက်(၄၀)စာရင်းကို သူတို့ Twitter မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ထိပ်ဆုံး

(၂)နေရာမှာတော့ ထုံးစံအတိုင်း နာမည်ကျော်ဘောလုံးသမားနှစ်ဦးဖြစ်တဲ့မက်ဆီနဲ့စီရော်နယ်လ်

ဒိုတို့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ အခုနှစ်

အစောပိုင်းက စပါးအသင်းကို(၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့

ပြီးတဲ့နောက်ဘောလုံးသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားဘစ်စကန်(၈၀၅ ဂိုး)

ကိုကျော်ဖြတ်ပြီး စံချိန်သစ်တင်ခဲ့ပေမယ့် သူဟာအသင်းဖော်တွေကို ဂိုးဖန်တီးပေးဖို့ထက် ကိုယ်

တိုင်ဂိုးသွင်းဖို့သာပိုအားသန်တဲ့ကစားသမားလို့ ဝေဖန်ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့လည်းစီရော်နယ်

လ်ဒိုရဲ့ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း(၁၁၂၄)ပွဲကစား၊ဂိုးဖန်တီးမှု(၂၇၃)ကြိမ်အထိပြု

လုပ်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုဟာအများထင်ကြသလို ကိုယ်တစ်ယောက်တည်းဂိုးရဖို့ အာ

ရုံစိုက်တဲ့သူမဟုတ်ဘဲ အသင်းဖော်တွေကိုလည်း ဂိုးသွင်းနိုင်အောင် ဖန်တီးပေးလေ့ရှိတာကို

တွေ့ရမှာပါ။ စီရော်နယ်လ်ဒိုဟာ ဂိုးဖန်တီးမှု(၂၀၀)ကျော်ပြုလုပ်ခဲ့ပေမယ့် အခုစာရင်းမှာတော့

ဒုတိယနေရာသာရရှိခဲ့ပြီး သူ့ရဲ့အဓိကပြိုင်ဘက် မက်ဆီက (၃၃၁)ကြိမ်နဲ့ ထိပ်ဆုံးမှာရပ်တည်

နိုင်ခဲ့ပါတယ်။မက်ဆီဟာ သွင်းဂိုးအရေအတွက်မှာ စီရော်နယ်လ်ဒိုကို မမီခဲ့ပေမယ့်လည်းပွဲ

ပေါင်း(၉၇၄)ပွဲကစား၊ ဂိုးဖန်တီးမှု(၃၃၁)ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်စီရော်နယ်လ်ဒိုထက်

ပွဲပိုနည်းသလို ဂိုးဖန်တီးမှုအပိုင်းမှာပိုသာလွန်နေတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်နောက်

မှာတော့မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှစ်ဦးစလုံးနဲ့တွဲဖက်ကစားခဲ့ဖူးတဲ့အာဂျင်တီးနားဝါရင့်က

စားသမားဒီမာရီယာက (၂၅၂)ကြိမ်နဲ့အဆင့်(၃)နေရာမှာ ရပ်တည်နေပြီး အာဆင်နယ်နာမည်

ကျော်ကစားသမားဟောင်းအိုဇေးလ်က ဂိုးဖန်တီးမှုအကြိမ်(၂၄၀)နဲ့အဆင့်(၄)နေရာရခဲ့ပါ

တယ်။ ဒါ့အပြင် ဒီဘရိုင်းနား၊ နေမာ၊ မူလာ၊ဆွာရက်ဇ်၊ ဖာဘရီဂတ်စ်တို့လည်း အခုစာရင်းမှာ

ပါဝင်ခဲ့ပြီးအံ့အားသင့်စရာကောင်းတာက အေဂျက်စ်အသင်းမှာခြေစွမ်းပြကစားနေတဲ့ ဆောက်

သမ်တန်ကစားသမားဟောင်း တာဒစ်ကဂိုးဖန်တီးမှု(၂၃၆)ကြိမ်နဲ့ နေမာ၊ ဒီဘရိုင်းနားတို့ရဲ့

အထက်အဆင့်(၅)နေရာမှာရပ်တည်နေတာပဲဖြစ်ပါတယ်။

ေဘာလုံးမီဒီယာတစ္ခုျဖစ္တဲ့ PopFoot က ၂၁ ရာစုအတြင္းဂိုးဖန္တီးမႈအႀကိမ္အမ်ားဆုံးျပဳလုပ္

ခဲ့တဲ့ ကစားသမားအေယာက္(၄၀)စာရင္းကို သူတို႔ Twitter မွာ ထုတ္ျပန္ေၾကညာခဲ့ၿပီး ထိပ္ဆုံး

(၂)ေနရာမွာေတာ့ ထုံးစံအတိုင္း နာမည္ေက်ာ္ေဘာလုံးသမားႏွစ္ဦးျဖစ္တဲ့မက္ဆီနဲ႔စီေရာ္နယ္လ္

ဒိုတို႔က သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ အခုႏွစ္

အေစာပိုင္းက စပါးအသင္းကို(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ဟက္ထရစ္သြင္းယူခဲ့

ၿပီးတဲ့ေနာက္ေဘာလုံးသမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံးကစားသမားဘစ္စကန္(၈၀၅ ဂိုး)

ကိုေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္တင္ခဲ့ေပမယ့္ သူဟာအသင္းေဖာ္ေတြကို ဂိုးဖန္တီးေပးဖို႔ထက္ ကိုယ္

တိုင္ဂိုးသြင္းဖို႔သာပိုအားသန္တဲ့ကစားသမားလို႔ ေဝဖန္ခံခဲ့ရဖူးပါတယ္။ ဒါေပမဲ့လည္းစီေရာ္နယ္

လ္ဒိုရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ ပြဲေပါင္း(၁၁၂၄)ပြဲကစား၊ဂိုးဖန္တီးမႈ(၂၇၃)ႀကိမ္အထိျပဳ

လုပ္ခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုဟာအမ်ားထင္ၾကသလို ကိုယ္တစ္ေယာက္တည္းဂိုးရဖို႔ အာ

႐ုံစိုက္တဲ့သူမဟုတ္ဘဲ အသင္းေဖာ္ေတြကိုလည္း ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးေလ့ရွိတာကို

ေတြ႕ရမွာပါ။ စီေရာ္နယ္လ္ဒိုဟာ ဂိုးဖန္တီးမႈ(၂၀၀)ေက်ာ္ျပဳလုပ္ခဲ့ေပမယ့္ အခုစာရင္းမွာေတာ့

ဒုတိယေနရာသာရရွိခဲ့ၿပီး သူ႔ရဲ႕အဓိကၿပိဳင္ဘက္ မက္ဆီက (၃၃၁)ႀကိမ္နဲ႔ ထိပ္ဆုံးမွာရပ္တည္

ႏိုင္ခဲ့ပါတယ္။မက္ဆီဟာ သြင္းဂိုးအေရအတြက္မွာ စီေရာ္နယ္လ္ဒိုကို မမီခဲ့ေပမယ့္လည္းပြဲ

ေပါင္း(၉၇၄)ပြဲကစား၊ ဂိုးဖန္တီးမႈ(၃၃၁)ႀကိမ္အထိျပဳလုပ္ခဲ့တာေၾကာင့္စီေရာ္နယ္လ္ဒိုထက္

ပြဲပိုနည္းသလို ဂိုးဖန္တီးမႈအပိုင္းမွာပိုသာလြန္ေနတာျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ေနာက္

မွာေတာ့မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ႏွစ္ဦးစလုံးနဲ႔တြဲဖက္ကစားခဲ့ဖူးတဲ့အာဂ်င္တီးနားဝါရင့္က

စားသမားဒီမာရီယာက (၂၅၂)ႀကိမ္နဲ႔အဆင့္(၃)ေနရာမွာ ရပ္တည္ေနၿပီး အာဆင္နယ္နာမည္

ေက်ာ္ကစားသမားေဟာင္းအိုေဇးလ္က ဂိုးဖန္တီးမႈအႀကိမ္(၂၄၀)နဲ႔အဆင့္(၄)ေနရာရခဲ့ပါ

တယ္။ ဒါ့အျပင္ ဒီဘ႐ိုင္းနား၊ ေနမာ၊ မူလာ၊ဆြာရက္ဇ္၊ ဖာဘရီဂတ္စ္တို႔လည္း အခုစာရင္းမွာ

ပါဝင္ခဲ့ၿပီးအံ့အားသင့္စရာေကာင္းတာက ေအဂ်က္စ္အသင္းမွာေျခစြမ္းျပကစားေနတဲ့ ေဆာက္

သမ္တန္ကစားသမားေဟာင္း တာဒစ္ကဂိုးဖန္တီးမႈ(၂၃၆)ႀကိမ္နဲ႔ ေနမာ၊ ဒီဘ႐ိုင္းနားတို႔ရဲ႕

အထက္အဆင့္(၅)ေနရာမွာရပ္တည္ေနတာပဲျဖစ္ပါတယ္။