
အင်ဒီရောဘတ်ဆင်က၎င်းတို့မှာ၂၀၂၃ခုနှစ်ကိုအကောင်းဆုံးပြန်လည်စတင်လိုနေပေမဲ့လည်းအခြေအနေ
မှာဆိုးရွားသထက်ဆိုးရွားလာကြောင်းဝန်ခံပြောကြားလာပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆုဖ
လားလေးလုံးအိပ်မက်မက်ခဲ့တဲ့လီဗာပူးဟာယခုရာသီတွင် အကြီးအကျယ်ရုန်းကန်နေရပါတယ်။၎င်းတို့
ဟာမနေ့ညတုန်းကဘရိုက်တန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာအက်ဖ်အေဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက်
ပြည်တွင်းဖလားပြိုင်ပွဲနှစ်ရပ်လုံးမှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။၎င်းတို့ဟာပရီးမီးယားလိဂ်အမှတ်ပေး
ဇယားတွင်လည်းအဆင့်၉နေရာတွင်ရပ်တည်နေပြီးထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၂၁မှတ်၊အဆင့်၄နေ
ရာမှယူနိုက်တက်နှင့်ရမှတ်၁၀မှတ်ကွာဟလာပါတယ်။လီဗာပူးဟာမနေ့ညတုန်းကဘရိုက်တန်ကိုအချိန်ပို
တွင်မီနာမိုတိုသွင်းယူတဲ့ဂိုးကြောင့်၂-၁ဖြင့်ရှုံးနိမ့်ပြီးနောက်၁၅ရက်အတွင်းတွင်ဒုတိယအကြိမ်မြောက်အ
ဖြစ်ဘရိုက်တန်ကိုရှုံးနိမ့်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းအင်ဒီရောဘတ်ဆင်က “ဒီနေရာက
လုံးဝစုတ်ပြတ်သတ်နေပါတယ်။နှစ်အစတုန်းကကျွန်တော်တို့အကောင်းဆုံးပြန်လည်တာထွက်လိုခဲ့ကြ
တယ်။မဖြစ်လာပါဘူး။ပိုတောင်ဆိုးရွားလာပါသေးတယ်။ လိဂ်မှာလည်းမကောင်းပါဘူး။အခုဖလားပြိုင်ပွဲ
နှစ်ခုကလည်းထွက်ခွာလိုက်ရပြီဖြစ်ပါတယ်”လို့ပြောကြားလာပါတယ်။လီဗာပူးဟာဆုဖလားမျှော်လင့်
ချက်အဖြစ်ချန်ပီယံလိဂ်တစ်ခုတည်းသာရှိပါတော့တယ်။၎င်းတို့ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ယမန်နှစ်
ဗိုလ်လုပွဲတုန်းက၎င်းတို့ကိုအနိုင်ယူသွားခဲ့တဲ့လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ကစားရပါမယ်။
အင္ဒီေရာဘတ္ဆင္က၎တို႔မွာ၂၀၂၃ခုႏွစ္ကိုအေကာင္းဆုံးျပန္လည္စတင္လိုေနေပမဲ့လည္းအေျခအေန
မွာဆိုး႐ြားသထက္ဆိုး႐ြားလာေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဆုဖ
လားေလးလုံးအိပ္မက္မက္ခဲ့တဲ့လီဗာပူးဟာယခုရာသီတြင္ အႀကီးအက်ယ္႐ုန္းကန္ေနရပါတယ္။၎တို႔
ဟာမေန႔ညတုန္းကဘ႐ိုက္တန္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ကာအက္ဖ္ေအဖလားၿပိဳင္ပြဲမွထြက္ခြာခဲ့ရၿပီးေနာက္
ျပည္တြင္းဖလားၿပိဳင္ပြဲႏွစ္ရပ္လုံးမွထြက္ခြာလိုက္ရၿပီျဖစ္ပါတယ္။၎တို႔ဟာပရီးမီးယားလိဂ္အမွတ္ေပး
ဇယားတြင္လည္းအဆင့္၉ေနရာတြင္ရပ္တည္ေနၿပီးထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၂၁မွတ္၊အဆင့္၄ေန
ရာမွယူႏိုက္တက္ႏွင့္ရမွတ္၁၀မွတ္ကြာဟလာပါတယ္။လီဗာပူးဟာမေန႔ညတုန္းကဘ႐ိုက္တန္ကိုအခ်ိန္ပို
တြင္မီနာမိုတိုသြင္းယူတဲ့ဂိုးေၾကာင့္၂-၁ျဖင့္ရႈံးနိမ့္ၿပီးေနာက္၁၅ရက္အတြင္းတြင္ဒုတိယအႀကိမ္ေျမာက္အ
ျဖစ္ဘ႐ိုက္တန္ကိုရႈံးနိမ့္လာခဲ့တာလည္းျဖစ္ပါတယ္။ဒါေၾကာင့္လည္းအင္ဒီေရာဘတ္ဆင္က “ဒီေနရာက
လုံးဝစုတ္ျပတ္သတ္ေနပါတယ္။ႏွစ္အစတုန္းကကြၽန္ေတာ္တို႔အေကာင္းဆုံးျပန္လည္တာထြက္လိုခဲ့ၾက
တယ္။မျဖစ္လာပါဘူး။ပိုေတာင္ဆိုး႐ြားလာပါေသးတယ္။ လိဂ္မွာလည္းမေကာင္းပါဘူး။အခုဖလားၿပိဳင္ပြဲ
ႏွစ္ခုကလည္းထြက္ခြာလိုက္ရၿပီျဖစ္ပါတယ္”လို႔ေျပာၾကားလာပါတယ္။လီဗာပူးဟာဆုဖလားေမွ်ာ္လင့္
ခ်က္အျဖစ္ခ်န္ပီယံလိဂ္တစ္ခုတည္းသာရွိပါေတာ့တယ္။၎တို႔ဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ယမန္ႏွစ္
ဗိုလ္လုပြဲတုန္းက၎တို႔ကိုအႏိုင္ယူသြားခဲ့တဲ့လက္ရွိခ်န္ပီယံရီးရဲလ္မက္ဒရစ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။