
ဘာစီလိုနာဟာသူတို့ရဲ့နံပါတ်တစ်ပစ်မှတ်ရောဘတ်လီဝန်ဒေါ့စကီးအားခေါ်
ယူရေးအတွက်သူတို့ရဲ့အကောင်းဆုံးနှင့်နောက်ဆုံးကမ်းလှမ်းမှုအနေဖြင့်ယူရို
သန်း၄၀(ပေါင်၃၅သန်း)ဖြင့်ကမ်းလှမ်းမှုပြုလုပ်သွားရန်စီစဉ်နေကြောင်းသိရပါ
တယ်။စပိန်ထိပ်သီးကလပ်ဟာဘိုင်ယန်မြူးနစ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာ
ကျန်တော့တဲ့အသက်၃၃နှစ်ရှိတိုက်စစ်မှူးအားခေါ်ယူလိုနေသလို ကစားသမား
ကိုယ်တိုင်ကလည်းဘိုင်ယန်မြူးနစ်မှထွက်ခွာကာဘာစီလိုနာသို့ထွက်ခွာလို
ကြောင်းလူသိရှင်ကြားပြောထားပါတယ်။ဘိုင်ယန်မြူးနစ်ဟာရောဘတ်လီဝန်ဒေါ့
စကီးထွက်ခွာမယ့်အရေးကြောင့် လီဗာပူးမှဆာဒေယိုမာနေးကိုပေါင်၃၅သန်းဖြင့်
ခေါ်ယူကာပြင်ဆင်ထားပြီးဖြစ်ပါတယ်။ယနေ့တွင် စပိန်သတင်းစာ Sport ကဘာ
စီလိုနာဟာရောဘတ်လီဝန်ဒေါ့စကီးအားခေါ်ယူရေးအတွက်နောက်ဆုံးအကြိမ်
ကမ်းလှမ်းမှုအနေဖြင့်ပေါင်၃၄.၅သန်းအပြင်အောင်မြင်မှုအပေါ်မူတည်ကာအပို
ဆုကြေးပေးမယ့်အချက်ဖြင့်ကမ်းလှမ်းလာမှာဖြစ်ကြောင်းသိရပါတယ်။အဆိုပါ
ပမာဏမှာတစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့အပြင်အသက်၃၃နှစ်အ
ရွယ်ရှိလီဝန်ဒေါ့စကီးအတွက်ဘာစီလိုနာရဲ့အမြင့်မားဆုံးကမ်းလှမ်းမှုလည်းဖြစ်
ပါတယ်။ဘာစီလိုနာဥက္ကဌဂျိုအန်လာပေါ်တာဟာပြီးခဲ့တဲ့အပတ်တုန်းက ရော
ဘတ်လီဝန်ဒေါ့စကီးနှင့်ဖုန်းဆက်သွယ်ပြောခဲ့သလိုအေးဂျင့်ပီနီဇဟာဗီနှင့်လည်း
ဆွေးနွေးခဲ့ကာအပြောင်းအရွှေ့ဖြစ်မြောက်လာမယ်လို့ရာနှုန်းပြည့်ယုံကြည်နေပါ
တယ်။
ဘိုင္ယန္ျမဴးနစ္ဟာသူတို႔ရဲ႕နံပါတ္တစ္ပစ္မွတ္ေရာဘတ္လီဝန္ေဒါ့စကီးအားေခၚ
ယူေရးအတြက္သူတို႔ရဲ႕အေကာင္းဆုံးႏွင့္ေနာက္ဆုံးကမ္းလွမ္းမႈအေနျဖင့္ယူ႐ို
သန္း၄၀(ေပါင္၃၅သန္း)ျဖင့္ကမ္းလွမ္းမႈျပဳလုပ္သြားရန္စီစဥ္ေနေၾကာင္းသိရပါ
တယ္။စပိန္ထိပ္သီးကလပ္ဟာဘိုင္ယန္ျမဴးနစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာ
က်န္ေတာ့တဲ့အသက္၃၃ႏွစ္ရွိတိုက္စစ္မႉးအားေခၚယူလိုေနသလို ကစားသမား
ကိုယ္တိုင္ကလည္းဘိုင္ယန္ျမဴးနစ္မွထြက္ခြာကာဘာစီလိုနာသို႔ထြက္ခြာလို
ေၾကာင္းလူသိရွင္ၾကားေျပာထားပါတယ္။ဘိုင္ယန္ျမဴးနစ္ဟာေရာဘတ္လီဝန္ေဒါ့
စကီးထြက္ခြာမယ့္အေရးေၾကာင့္ လီဗာပူးမွဆာေဒယိုမာေနးကိုေပါင္၃၅သန္းျဖင့္
ေခၚယူကာျပင္ဆင္ထားၿပီးျဖစ္ပါတယ္။ယေန႔တြင္ စပိန္သတင္းစာ Sport ကဘာ
စီလိုနာဟာေရာဘတ္လီဝန္ေဒါ့စကီးအားေခၚယူေရးအတြက္ေနာက္ဆုံးအႀကိမ္
ကမ္းလွမ္းမႈအေနျဖင့္ေပါင္၃၄.၅သန္းအျပင္ေအာင္ျမင္မႈအေပၚမူတည္ကာအပို
ဆုေၾကးေပးမယ့္အခ်က္ျဖင့္ကမ္းလွမ္းလာမွာျဖစ္ေၾကာင္းသိရပါတယ္။အဆိုပါ
ပမာဏမွာတစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့အျပင္အသက္၃၃ႏွစ္အ
႐ြယ္ရွိလီဝန္ေဒါ့စကီးအတြက္ဘာစီလိုနာရဲ႕အျမင့္မားဆုံးကမ္းလွမ္းမႈလည္းျဖစ္
ပါတယ္။ဘာစီလိုနာဥကၠဌဂ်ိဳအန္လာေပၚတာဟာၿပီးခဲ့တဲ့အပတ္တုန္းက ေရာ
ဘတ္လီဝန္ေဒါ့စကီးႏွင့္ဖုန္းဆက္သြယ္ေျပာခဲ့သလိုေအးဂ်င့္ပီနီဇဟာဗီႏွင့္လည္း
ေဆြးေႏြးခဲ့ကာအေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာမယ္လို႔ရာႏႈန္းျပည့္ယုံၾကည္ေနပါ
တယ္။