ဒေးဗစ်မိုယက်စ်ကရီချာလီဆင်အနေဖြင့်ယနေ့ညဝက်စ်ဟမ်းနှင့်ပွဲစဉ်တွင်လည်းပြိုင်ဘက်ကို
မလေးမစားပြုမူတဲ့အနေဖြင့်ဘောလုံးတော့နေလျှင်ကြမ်းတမ်းစွာကစားခြင်းခံရမည်ဖြစ်ကြောင်း
သတိပေးလာပါတယ်။ရီချာလီဆင်ဟာတနင်္ဂနွေနေ့တုန်းကနော်တင်ဟမ်ဖောရက်စ်အား၂-၀ဂိုး
ဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဘောလုံးရရှိလာချိန်တွင် ဘောလုံးကိုတော့ပြနေခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်
ကစားသမားဘရန်နန်ဂျွန်ဆင်ကကြမ်းတမ်းစွာဖျက်ထုတ်မှုခံခဲ့ရပါတယ်။စပါးစ်ရဲ့ပေါင်သန်း၆၀တန်
တိုက်စစ်သမားဟာယင်းလုပ်ရပ်အတွက် အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ဂျွန်ဆင်
ရဲ့အဖေကိုယ်တိုင်က “City Ground မှာဘယ်သူမှဒီလိုလုပ်မနဲ့။ဒါပဲရမယ်”လို့ ဝေဖန်သွားပါတယ်။
ယခုအခါဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ကရီချာလီဆင်အနေဖြင့် ယနေ့ညဝက်စ်ဟမ်းနှင့်ပွဲတွင်
ပြိုင်ဘက်ကိုမလေးစားတဲ့အပြုအမူထပ်ပြုလုပ်လျှင် အကန်ခံရမည်ဖြစ်ကြောင်းသတိပေးလာပါတယ်။
မိုယက်စ်က “မထင်ဘူး။လုပ်သင့်တယ်လို့မထင်ဘူး။နိုင်ငံတိုင်းကဘောလုံးပွဲမှာလည်းရှိမယ်မထင်
ဘူး။ဘောလုံးတော့နေတယ်ဆိုတာမရှိဘူး။အပျော်တမ်းလိဂ်ကနေ ပရီးမီးယားလိဂ်အထိဘယ်မှာမှ
ရှိမှာမဟုတ်ဘူး။တကယ်လို့ ဒီလိုလုပ်ဖို့ပါရမီအပြည့်ပါတယ်ဆိုရင်လည်းအကန်တွေခံဖို့သန်မာနေဖို့
လိုပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။