ဟိုတယ်တွင် တကိုယ်တည်း နေထိုင်ရမှုကြောင့် ပဲရစ်တွင် မပျော်တော့တဲ့ ပိုချက်တီကိုခန့်အပ်ရန် ပေါင် ၁၀ သန်းလျော်ကြေးပေးရမယ့် ယူနိုက်တက်

မော်ရီစီယိုပိုချက်တီနိုဟာပဲရစ်ရှိဟိုတယ်တစ်ခုတွင်တကိုယ်တည်းနေထိုင်နေရမှုကြောင့်မပျော်မရွှင်ဖြစ်နေပြီးအင်္ဂလန်သို့အမြန်ဆုံးပြန်လာရန်ဆန္ဒရှိနေပါတယ်။

ပီအက်စ်ဂျီနည်းပြဟာဆိုးလ်ရှားကိုထုတ်ပယ်လိုက်ပြီးနောက်နည်းပြသစ်ရှာနေတဲ့မန်ယူရဲ့အဓိကပစ်မှတ်စာရင်းတွင်ပါဝင်နေသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်မန်ယူအနေဖြင့်ပီအက်စ်ဂျီနည်းပြကိုခန့်အပ်လိုက်ပါက ပီအက်စ်ဂျီအသင်းကိုနစ်နာကြေးပေါင်၁၀သန်းအထိပေးရကိန်းဆိုက်နေပါတယ်။

ပိုချက်တီနိုဟာပီအက်စ်ဂျီတွင်မပျော်မရွှင်ဖြစ်နေမှုကြောင့် ပီအက်စ်ဂျီနည်းပြရာထူးကိုစွန့်ခွာရန်အသင့်ရှိနေကာပရီးမီးယားလိဂ်သို့ပြန်လာလိုနေပါတယ်။

ပိုချက်တီနိုဟာပြီးခဲ့တဲ့ဇန်နဝါရီကတည်းကပီအက်စ်ဂျီကိုကိုင်တွယ်ခဲ့ပေမယ့်ဟိုတယ်တွင်သာနေထိုင်နေပြီးအထိုင်မကျဖြစ်နေပါတယ်။

သူ့မိသားစုမှာလန်ဒန်တွင်နေထိုင်နေဆဲဖြစ်ပြီးဟိုတယ်တွင်တကိုယ်တည်းအထီးကျန်နေထိုင်နေရပါတယ်။

မန်ယူနည်းပြရာထူးအတွက်ရေပန်းစားနေသူများထဲမှာဇီဒန်းလည်းပါဝင်ပါတယ်။ဒါပေမယ့်ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာပိုချက်တီနိုသာရာထူးမှနုတ်ထွက်ပြီးမန်ယူကိုကိုင်တွယ်ပါကပီအက်စ်ဂျီကိုကိုင်တွယ်လာမယ်လို့လည်းသတင်းထွက်နေပါတယ်။

လက်ရှိအချိန်တွင်မန်ယူဟာယာယီနည်းပြမိုက်ကယ်ကာရစ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ပြီးနည်းပြသစ်ရှာဖွေနေပါတယ်။

ZawGyi

ဟိုတယ္တြင္ တကိုယ္တည္း ေနထိုင္ရမႈေၾကာင့္ ပဲရစ္တြင္ မေပ်ာ္ေတာ့တဲ့ ပိုခ်က္တီကိုခန႔္အပ္ရန္ ေပါင္ ၁၀ သန္းေလ်ာ္ေၾကးေပးရမယ့္ ယူႏိုက္တက္

ေမာ္ရီစီယိုပိုခ်က္တီႏိုဟာပဲရစ္ရွိဟိုတယ္တစ္ခုတြင္တကိုယ္တည္းေနထိုင္ေနရမႈေၾကာင့္မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီးအဂၤလန္သို႔အျမန္ဆုံးျပန္လာရန္ဆႏၵရွိေနပါတယ္။

ပီအက္စ္ဂ်ီနည္းျပဟာဆိုးလ္ရွားကိုထုတ္ပယ္လိုက္ၿပီးေနာက္နည္းျပသစ္ရွာေနတဲ့မန္ယူရဲ႕အဓိကပစ္မွတ္စာရင္းတြင္ပါဝင္ေနသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္မန္ယူအေနျဖင့္ပီအက္စ္ဂ်ီနည္းျပကိုခန႔္အပ္လိုက္ပါက ပီအက္စ္ဂ်ီအသင္းကိုနစ္နာေၾကးေပါင္၁၀သန္းအထိေပးရကိန္းဆိုက္ေနပါတယ္။

ပိုခ်က္တီႏိုဟာပီအက္စ္ဂ်ီတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနမႈေၾကာင့္ ပီအက္စ္ဂ်ီနည္းျပရာထူးကိုစြန႔္ခြာရန္အသင့္ရွိေနကာပရီးမီးယားလိဂ္သို႔ျပန္လာလိုေနပါတယ္။

ပိုခ်က္တီႏိုဟာၿပီးခဲ့တဲ့ဇန္နဝါရီကတည္းကပီအက္စ္ဂ်ီကိုကိုင္တြယ္ခဲ့ေပမယ့္ဟိုတယ္တြင္သာေနထိုင္ေနၿပီးအထိုင္မက်ျဖစ္ေနပါတယ္။

သူ႔မိသားစုမွာလန္ဒန္တြင္ေနထိုင္ေနဆဲျဖစ္ၿပီးဟိုတယ္တြင္တကိုယ္တည္းအထီးက်န္ေနထိုင္ေနရပါတယ္။

မန္ယူနည္းျပရာထူးအတြက္ေရပန္းစားေနသူမ်ားထဲမွာဇီဒန္းလည္းပါဝင္ပါတယ္။ဒါေပမယ့္ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဟာပိုခ်က္တီႏိုသာရာထူးမွႏုတ္ထြက္ၿပီးမန္ယူကိုကိုင္တြယ္ပါကပီအက္စ္ဂ်ီကိုကိုင္တြယ္လာမယ္လို႔လည္းသတင္းထြက္ေနပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူဟာယာယီနည္းျပမိုက္ကယ္ကာရစ္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္ၿပီးနည္းျပသစ္ရွာေဖြေနပါတယ္။