သွင်းဂိုးမှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ဖို့နီးစပ်ခဲ့ပေမယ့် VAR ကြောင့် စိတ်မကောင်းစွာနဲ့ပဲ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ရပ်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာအိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့ ရက်ဒင်းနဲ့

FA ဖလားပွဲမှာကလပ်စံချိန်တင် သွင်းဂိုးမှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ဖို့နီးစပ်ခဲ့ပေမယ့် VAR ကြောင့်

စိတ်မကောင်းစွာနဲ့ပဲ လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲအောက်တိုဘာလတုန်းက

ရှရစ်ဖ်ကို (၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲကစပြီး ဝက်စ်ဟမ်း၊အက်စတွန်ဗီလာ၊ ဘန်လေ၊ နော်တင်

ဟမ်ဖော်ရက်စ်၊ ဘုန်းမောက်၊အဲဗာတန်၊ ချာလ်တန်၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ အိမ်ကွင်း(၉)ပွဲဆက်တိုက်

ဂိုးသွင်းနိုင်တာကြောင့် ယူနိုက်တက်နာမည်ကျော်တိုက်စစ်မှူးဟောင်း ဒင်းနစ်ဗိုင်အိုလက်ရဲ့ သွင်းဂိုး

မှတ်တမ်းကိုအမီလိုက်နိုင်ခဲ့ပါတယ်။ အခု ရက်ဒင်းနဲ့ပွဲမှာလည်း ရပ်ရှ်ဖို့ဒ်ကပုံစံကောင်းပြသပြီး ပွဲချိန်

(၃၇)မိနစ်မှာ ဝက်ဟော့တ်ခေါင်းတိုက်ချပေးတာကနေ အသင်းအတွက် အဖွင့်ဂိုးကိုခေါင်းတိုက်သွင်းယူ

ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းတာကဝက်ဟော့တ်ဟာ လူကျွံအနေအထားဖြစ်နေတာကြောင့်VAR က

ဂိုးမပေးခဲ့တဲ့အတွက် ရပ်ရှ်ဖို့ဒ်ဟာ အသင်းသမိုင်းတစ်လျှောက်အိမ်ကွင်း(၁၀)ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့

ပထမဆုံးကစားသမားဂုဏ်ပုဒ်ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာအိုးလ္ထရက္ဖို႔ဒ္မွာကစားခဲ့တဲ့ ရက္ဒင္းနဲ႔

FA ဖလားပြဲမွာကလပ္စံခ်ိန္တင္ သြင္းဂိုးမွတ္တမ္းေကာင္းတစ္ခု ပိုင္ဆိုင္ဖို႔နီးစပ္ခဲ့ေပမယ့္ VAR ေၾကာင့္

စိတ္မေကာင္းစြာနဲ႔ပဲ လက္လႊတ္ဆုံးရႈံးလိုက္ရပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲေအာက္တိုဘာလတုန္းက

ရွရစ္ဖ္ကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ ယူ႐ိုပါလိဂ္ပြဲကစၿပီး ဝက္စ္ဟမ္း၊အက္စတြန္ဗီလာ၊ ဘန္ေလ၊ ေနာ္တင္

ဟမ္ေဖာ္ရက္စ္၊ ဘုန္းေမာက္၊အဲဗာတန္၊ ခ်ာလ္တန္၊ မန္စီးတီးတို႔နဲ႔ပြဲေတြမွာ အိမ္ကြင္း(၉)ပြဲဆက္တိုက္

ဂိုးသြင္းႏိုင္တာေၾကာင့္ ယူႏိုက္တက္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဒင္းနစ္ဗိုင္အိုလက္ရဲ႕ သြင္းဂိုး

မွတ္တမ္းကိုအမီလိုက္ႏိုင္ခဲ့ပါတယ္။ အခု ရက္ဒင္းနဲ႔ပြဲမွာလည္း ရပ္ရွ္ဖို႔ဒ္ကပုံစံေကာင္းျပသၿပီး ပြဲခ်ိန္

(၃၇)မိနစ္မွာ ဝက္ေဟာ့တ္ေခါင္းတိုက္ခ်ေပးတာကေန အသင္းအတြက္ အဖြင့္ဂိုးကိုေခါင္းတိုက္သြင္းယူ

ခဲ့ပါတယ္။ ဒါေပမဲ့ ကံမေကာင္းတာကဝက္ေဟာ့တ္ဟာ လူကြၽံအေနအထားျဖစ္ေနတာေၾကာင့္VAR က

ဂိုးမေပးခဲ့တဲ့အတြက္ ရပ္ရွ္ဖို႔ဒ္ဟာ အသင္းသမိုင္းတစ္ေလွ်ာက္အိမ္ကြင္း(၁၀)ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္တဲ့

ပထမဆုံးကစားသမားဂုဏ္ပုဒ္ကို လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။