သြစတြီးယားနည်းပြအလုပ်ကိုသာအာရုံပိုစိုက်ဖို့ ယူနိုက်တက်ကအပြီးထွက်လိုက်တဲ့ ရပ်ဖ်ရန်းနစ်ခ်

ယာယီနည်းပြဟောင်းရက်ဖ်ရန်းနစ်က မန်ယူမှာ အကြံပေးအနေနဲ့၂ နှစ်ကြာဆက်

ရှိမယ့် သူ့အလုပ်ကို တာဝန်ယူတော့မှာ မဟုတ်ကြောင်းကြေညာလိုက်ပါတယ်။

၆၃ နှစ်အရွယ် အဲဒီဂျာမန်သားနည်းပြဟာအဲဒီအစား သူ့ရဲ့အလုပ်သစ်ဖြစ်တဲ့ သြ

စတြီးယားနည်းပြအလုပ်ကိုသာအာရုံစိုက်တော့မှာပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ယာယီ

နည်းပြအနေနဲ့ရောက်လာကတည်းက ရာသီကုန်ရင် အကြံပေးအနေနဲ့ ၂ နှစ်ဆက်

လုပ်မယ်လို့ ကလပ်နဲ့ သဘောတူညီထားတာပါ။ဒီအပတ်ထဲမှာ ရန်းနစ်ဘက်က

တာဝန်ယူမယ့်အကြောင်းကို မေးမြန်းတော့အဲဒါဟာ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်

သာဖြစ်ကြောင်း တန်ဟက်ကပြောကြားခဲ့ပါတယ်။ ရန်းနစ်ကတော့ သြစတြီးယား

နည်းပြသစ်အဖြစ်မိတ်ဆက်ပွဲမှာ မန်ယူက အပြီးထွက်ခွာမယ့်သတင်းကို အတည်

ပြုခဲ့တာပါ။မန်ယူအသင်းကလည်း ရန်းနစ်နဲ့နှစ်ဦးနှစ်ဖက်သဘောတူလမ်းခွဲခဲ့တာ

ဖြစ်ကြောင်းကြေညာချက် ထုတ်ပြန်ပါတယ်။ ရန်းနစ်ဟာ မန်ယူက မထွက်ခွာခင်

မှာတန်ဟက်နဲ့ ရှည်ကြာတဲ့ဆွေးနွေးမှုတစ်ခုလုပ်ခဲ့တယ်လို့လည်း သတင်းထွက်ခဲ့

တာပါ။ရန်းနစ်ဟာ အရေးပေါ်အနေနဲ့ ဆိုးလ်ရှားနေရာမှာ ယာယီတာဝန်ယူခဲ့ပေ

မယ့်သူ့လက်ထက်မှာ အသင်းရဲ့အခြေအနေဟာ ပိုမိုဆိုသွားခဲ့ပါတယ်။သူ့လက်

ထက် မန်ယူရဲ့အနိုင်ရာခိုင်နှုန်းက ၃၈ သာ ရှိခဲ့တာပါ။သူ့ရဲ့ဖိအားပေးတိုက်စစ်က

ယူနိုက်တက်မှာ အလုပ်မဖြစ်တော့လို့နောက်ဆုံးတော့ ရန်းနစ်လည်း အပြီးလစ်

လိုက်ရပါတယ်။

ယာယီနည္းျပေဟာင္းရက္ဖ္ရန္းနစ္က မန္ယူမွာ အႀကံေပးအေနနဲ႔၂ ႏွစ္ၾကာဆက္

ရွိမယ့္ သူ႔အလုပ္ကို တာဝန္ယူေတာ့မွာ မဟုတ္ေၾကာင္းေၾကညာလိုက္ပါတယ္။

၆၃ ႏွစ္အ႐ြယ္ အဲဒီဂ်ာမန္သားနည္းျပဟာအဲဒီအစား သူ႔ရဲ႕အလုပ္သစ္ျဖစ္တဲ့ ၾသ

စႀတီးယားနည္းျပအလုပ္ကိုသာအာ႐ုံစိုက္ေတာ့မွာပါ။ ၿပီးခဲ့တဲ့ဒီဇင္ဘာမွာ ယာယီ

နည္းျပအေနနဲ႔ေရာက္လာကတည္းက ရာသီကုန္ရင္ အႀကံေပးအေနနဲ႔ ၂ ႏွစ္ဆက္

လုပ္မယ္လို႔ ကလပ္နဲ႔ သေဘာတူညီထားတာပါ။ဒီအပတ္ထဲမွာ ရန္းနစ္ဘက္က

တာဝန္ယူမယ့္အေၾကာင္းကို ေမးျမန္းေတာ့အဲဒါဟာ ယူႏိုက္တက္ရဲ႕ဆုံးျဖတ္ခ်က္

သာျဖစ္ေၾကာင္း တန္ဟက္ကေျပာၾကားခဲ့ပါတယ္။ ရန္းနစ္ကေတာ့ ၾသစႀတီးယား

နည္းျပသစ္အျဖစ္မိတ္ဆက္ပြဲမွာ မန္ယူက အၿပီးထြက္ခြာမယ့္သတင္းကို အတည္

ျပဳခဲ့တာပါ။မန္ယူအသင္းကလည္း ရန္းနစ္နဲ႔ႏွစ္ဦးႏွစ္ဖက္သေဘာတူလမ္းခြဲခဲ့တာ

ျဖစ္ေၾကာင္းေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ရန္းနစ္ဟာ မန္ယူက မထြက္ခြာခင္

မွာတန္ဟက္နဲ႔ ရွည္ၾကာတဲ့ေဆြးေႏြးမႈတစ္ခုလုပ္ခဲ့တယ္လို႔လည္း သတင္းထြက္ခဲ့

တာပါ။ရန္းနစ္ဟာ အေရးေပၚအေနနဲ႔ ဆိုးလ္ရွားေနရာမွာ ယာယီတာဝန္ယူခဲ့ေပ

မယ့္သူ႔လက္ထက္မွာ အသင္းရဲ႕အေျခအေနဟာ ပိုမိုဆိုသြားခဲ့ပါတယ္။သူ႔လက္

ထက္ မန္ယူရဲ႕အႏိုင္ရာခိုင္ႏႈန္းက ၃၈ သာ ရွိခဲ့တာပါ။သူ႔ရဲ႕ဖိအားေပးတိုက္စစ္က

ယူႏိုက္တက္မွာ အလုပ္မျဖစ္ေတာ့လို႔ေနာက္ဆုံးေတာ့ ရန္းနစ္လည္း အၿပီးလစ္

လိုက္ရပါတယ္။