သေဒဏ်နဲ့ခြိမ်းခြောက်ခံလာရပြီးနောက် အသင်းပွဲစဉ်များတွင်နိုင်ငံတော်သီချင်းကို သီဆိုလာရတဲ့ အီရန်အသင်း

အီရန်အသင်းကစားသမားများဟာအင်္ဂလန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင်နိုင်ငံတော်သီချင်းသီဆိုခဲ့ခြင်းမ

ရှိပေမဲ့လည်းမနေ့ညတုန်းကဝေးလ်ကိုအနိုင်ရဲ့ပွဲမှာတော့နိုင်ငံတော်သီချင်းသီဆိုလာခဲ့ကြပါတယ်။အီရန်

ကစားသမားတို့ဟာတနင်္လာနေ့တုန်းက Khalifa International Stadium တွင်ကစားတဲ့ပွဲစဉ်တွင်အီရန်

နိုင်ငံအတွင်းလှုပ်ရှားနေတဲ့ဆန္ဒပြသပိတ်မှောက်များကိုထောက်ခံတဲ့အနေဖြင့်နိုင်ငံတော်သီချင်းမသီဆို

ခဲ့ကြပါဘူး။ဒါပေမဲ့သောကြာနေ့တုန်းကဝေးလ်ကိုအနိုင်ရတဲ့ပွဲမှာတော့အီရန်ကစားသမားများဟာနိုင်ငံ

တော်သီချင်းကိုသီဆိုလာခဲ့ကြပါတယ်။ဒါပေမဲ့အီရန်ပရိသတ်များဟာအီရန်ကစားသမားများကနိုင်ငံ

တော်သီချင်းသီဆိုလာချိန်မှာလှောင်ပြောင်အော်ဟစ်မှုပြုလုပ်ခဲ့ကြပါတယ်။အီရန်ကစားသမားများဟာ

အင်္ဂလန်နှင့်အဖွင့်ပွဲတွင်နိုင်ငံတော်သီချင်းမသီဆိုပြီးနောက်ပြန်ရောက်လာချိန်တွင်သေဒဏ်အထိအပြစ်

ပေးခံရနိုင်ကြောင်းတရားစီရင်ရေးဌာနရဲ့သတိပေးခြင်းခံရပြီးနောက်ဝေးလ်နှင့်ပွဲတွင်နိုင်ငံတော်သီချင်း

သီဆိုလာတာလည်းဖြစ်ပါတယ်။ဒါ့အပြင်မနေ့တုန်းကဝေးလ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်အီရန်ပရိ

သတ်များဟာလည်းအီရန်နိုင်ငံအတွင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီးထောက်ခံ

တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။အမျိုးသမီးတစ်ဦးဟာမျက်လုံးမှ အနက်ရောင်မျက်ရည်ကျနေတဲ့ဒီဇိုင်း

ပုံဖော်ထားသလို နံပါတ်၂၂ ပါ Mahsa Amini အမည်ရေးသားထားတဲ့အင်္ကျီကိုင်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့

ကွင်းအတွင်းရှိလုံခြုံရေးများဟာယင်းအမျိုးသမီးရဲ့မျက်နှာတွင်ချည်ထားမှုကိုဆေးကြောစေခဲ့တဲ့အပြင်အ

ခြားဆန္ဒပြသူများထံမှဆိုင်းဘုတ်များကိုလည်းဖယ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။၊

အီရန္အသင္းကစားသမားမ်ားဟာအဂၤလန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲတြင္ႏိုင္ငံေတာ္သီခ်င္းသီဆိုခဲ့ျခင္းမ

ရွိေပမဲ့လည္းမေန႔ညတုန္းကေဝးလ္ကိုအႏိုင္ရဲ႕ပြဲမွာေတာ့ႏိုင္ငံေတာ္သီခ်င္းသီဆိုလာခဲ့ၾကပါတယ္။အီရန္

ကစားသမားတို႔ဟာတနလၤာေန႔တုန္းက Khalifa International Stadium တြင္ကစားတဲ့ပြဲစဥ္တြင္အီရန္

ႏိုင္ငံအတြင္းလႈပ္ရွားေနတဲ့ဆႏၵျပသပိတ္ေမွာက္မ်ားကိုေထာက္ခံတဲ့အေနျဖင့္ႏိုင္ငံေတာ္သီခ်င္းမသီဆို

ခဲ့ၾကပါဘူး။ဒါေပမဲ့ေသာၾကာေန႔တုန္းကေဝးလ္ကိုအႏိုင္ရတဲ့ပြဲမွာေတာ့အီရန္ကစားသမားမ်ားဟာႏိုင္ငံ

ေတာ္သီခ်င္းကိုသီဆိုလာခဲ့ၾကပါတယ္။ဒါေပမဲ့အီရန္ပရိသတ္မ်ားဟာအီရန္ကစားသမားမ်ားကႏိုင္ငံ

ေတာ္သီခ်င္းသီဆိုလာခ်ိန္မွာေလွာင္ေျပာင္ေအာ္ဟစ္မႈျပဳလုပ္ခဲ့ၾကပါတယ္။အီရန္ကစားသမားမ်ားဟာ

အဂၤလန္ႏွင့္အဖြင့္ပြဲတြင္ႏိုင္ငံေတာ္သီခ်င္းမသီဆိုၿပီးေနာက္ျပန္ေရာက္လာခ်ိန္တြင္ေသဒဏ္အထိအျပစ္

ေပးခံရႏိုင္ေၾကာင္းတရားစီရင္ေရးဌာနရဲ႕သတိေပးျခင္းခံရၿပီးေနာက္ေဝးလ္ႏွင့္ပြဲတြင္ႏိုင္ငံေတာ္သီခ်င္း

သီဆိုလာတာလည္းျဖစ္ပါတယ္။ဒါ့အျပင္မေန႔တုန္းကေဝးလ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္တြင္အီရန္ပရိ

သတ္မ်ားဟာလည္းအီရန္ႏိုင္ငံအတြင္းအမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားမႈမ်ားႏွင့္ပတ္သက္ၿပီးေထာက္ခံ

တဲ့လႈပ္ရွားမႈျပဳလုပ္ခဲ့ၾကပါတယ္။အမ်ိဳးသမီးတစ္ဦးဟာမ်က္လုံးမွ အနက္ေရာင္မ်က္ရည္က်ေနတဲ့ဒီဇိုင္း

ပုံေဖာ္ထားသလို နံပါတ္၂၂ ပါ Mahsa Amini အမည္ေရးသားထားတဲ့အက်ႌကိုင္ေဆာင္ခဲ့ပါတယ္။ဒါေပမဲ့

ကြင္းအတြင္းရွိလုံၿခဳံေရးမ်ားဟာယင္းအမ်ိဳးသမီးရဲ႕မ်က္ႏွာတြင္ခ်ည္ထားမႈကိုေဆးေၾကာေစခဲ့တဲ့အျပင္အ

ျခားဆႏၵျပသူမ်ားထံမွဆိုင္းဘုတ္မ်ားကိုလည္းဖယ္ရွားမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။၊