သူ့သားပြောင်းရွှေ့မယ့် အသင်းစာရင်းထဲမှာ ယူနိုက်တက်ဘယ်တုန်းတော့မှမရှိစေရဘူးလို့ ပြောလိုက်တဲ့ အယ်လ်ဖီဟာလန်း

မန်ချက်စတာယူနိုက်တက်အသင်းက သူ့သားပြောင်းရွှေ့မယ့် အသင်းစာရင်းထဲမှာ ဘယ်တုန်းကမှမရှိခဲ့

ဘူးလို့ မန်စီးတီးတိုက်စစ်မှူးဟာလန်းရဲ့ ဖခင် အယ်လ်ဖီဟာလန်းက ပြောဆိုလိုက်ပါတယ်။ ဟာလန်းရဲ့

Documentary အသစ်တခုမှာ အယ်လ်ဖီက ပြောဆိုခဲ့တာကို The Sun က ပြန်လည်ဖော်ပြခဲ့တာဖြစ်ပြိး

ဟာလန်း အပြောင်းရွှေ့ချင်ဆုံးအသင်းတွေထဲမှာ မန်စီးတီးက အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတဲ့

ပြောဆိုမှုလည်း ပါဝင်ခဲ့ပါတယ်။ ဟာလန်းပြောင်းရွှေ့နိုင်တဲ့ အသင်းစာရင်းမှာ စုစုပေါင်း ၇ သင်းရှိပြီး မန်

ချက်စတာယူနိုက်တက်ကတော့ မပါဝင်ခဲ့ပါဘူး။ ယူနိုက်တက်ကို နည်းပြဆိုးလ်ရှားကိုင်တွယ်ချိန်မှာ ဟာ

လန်းကို ခေါ်ယူချင်နေခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ကမဖြစ်မြောက်ခဲ့ပါဘူး။ ဟာလန်းက ဒီရာသီမှာ ဒေါ့

မွန်ကနေ မန်စီးတီးကို ယူရိုသန်း ၆၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာ လိဂ်ဂိုး ၁၁ ဂိုးအထိသွင်းကာ ခြေစွမ်းပြ

နေပြီဖြစ်ပါတယ်။ အယ်လ်ဖီက “ကျနော်တို့စာရင်းထဲမှာတော့ မန်စီးတီးက အကောင်းဆုံးအသင်းပဲ၊ နံ

ပါတ် ၂ မှာ ဘိုင်ယန်မြူးနစ်၊ ၃ မှာ ရီးရဲလ်မက်ဒရစ်၊ ၄ မှာ ပီအက်စ်ဂျီတို့ရှိနေပြီး လီဗာပူးလ်၊ ချယ်လ်ဆီး

နဲ့ ဘာစီလိုနာတို့က အစဉ်လိုက်ရှိနေခဲ့ပါတယ်” လို့ ပြောဆိုခဲ့တာပါတယ်။ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ နာမည်

ကျော်အေးဂျင့်ရွိုင်အိုလာကလည်း ဟာလန်းပြောင်းရွှေ့မယ့် အသင်းတွေထဲမှာ ယူနိုက်တက်မပါဝင်ဘူး

လို့ ပြောဆိုခဲ့ဖူးပါတယ်။ အဆိုပါ Documentary ထဲမှာ ဟာလန်းက ဂွာဒီယိုလာကို ကမ္ဘာ့အကောင်းဆုံး

နည်းပြဖြစ်တယ်လို့ ချီးကျူးထားပြီး သူ့ကြောင့်သာ မန်စီးတီးကို ရွေးချယ်ခဲ့တယ်လို့ ယူဆရတဲ့ ပြောဆို

မှုတွေ လုပ်ခဲ့ပါတယ်။ ဟာလန်းရဲ့ ဆုံးဖြတ်ချက်ကတော့ မှန်ကန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ဂွာဒီယိုလာ

လက်အောက်မှာ အကောင်းဆုံးခြေစွမ်းတွေပြသနေပါတယ်။

မန္ခ်က္စတာယူႏိုက္တက္အသင္းက သူ႔သားေျပာင္းေ႐ႊ႕မယ့္ အသင္းစာရင္းထဲမွာ ဘယ္တုန္းကမွမရွိခဲ့

ဘူးလို႔ မန္စီးတီးတိုက္စစ္မႉးဟာလန္းရဲ႕ ဖခင္ အယ္လ္ဖီဟာလန္းက ေျပာဆိုလိုက္ပါတယ္။ ဟာလန္းရဲ႕

Documentary အသစ္တခုမွာ အယ္လ္ဖီက ေျပာဆိုခဲ့တာကို The Sun က ျပန္လည္ေဖာ္ျပခဲ့တာျဖစ္ၿပိး

ဟာလန္း အေျပာင္းေ႐ႊ႕ခ်င္ဆုံးအသင္းေတြထဲမွာ မန္စီးတီးက အေကာင္းဆုံးအသင္းျဖစ္တယ္ဆိုတဲ့

ေျပာဆိုမႈလည္း ပါဝင္ခဲ့ပါတယ္။ ဟာလန္းေျပာင္းေ႐ႊ႕ႏိုင္တဲ့ အသင္းစာရင္းမွာ စုစုေပါင္း ၇ သင္းရွိၿပီး မန္

ခ်က္စတာယူႏိုက္တက္ကေတာ့ မပါဝင္ခဲ့ပါဘူး။ ယူႏိုက္တက္ကို နည္းျပဆိုးလ္ရွားကိုင္တြယ္ခ်ိန္မွာ ဟာ

လန္းကို ေခၚယူခ်င္ေနခဲ့တာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ကမျဖစ္ေျမာက္ခဲ့ပါဘူး။ ဟာလန္းက ဒီရာသီမွာ ေဒါ့

မြန္ကေန မန္စီးတီးကို ယူ႐ိုသန္း ၆၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး လက္ရွိမွာ လိဂ္ဂိုး ၁၁ ဂိုးအထိသြင္းကာ ေျခစြမ္းျပ

ေနၿပီျဖစ္ပါတယ္။ အယ္လ္ဖီက “က်ေနာ္တို႔စာရင္းထဲမွာေတာ့ မန္စီးတီးက အေကာင္းဆုံးအသင္းပဲ၊ နံ

ပါတ္ ၂ မွာ ဘိုင္ယန္ျမဴးနစ္၊ ၃ မွာ ရီးရဲလ္မက္ဒရစ္၊ ၄ မွာ ပီအက္စ္ဂ်ီတို႔ရွိေနၿပီး လီဗာပူးလ္၊ ခ်ယ္လ္ဆီး

နဲ႔ ဘာစီလိုနာတို႔က အစဥ္လိုက္ရွိေနခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့တာပါတယ္။ ကြယ္လြန္ခဲ့ၿပီျဖစ္တဲ့ နာမည္

ေက်ာ္ေအးဂ်င့္႐ြိဳင္အိုလာကလည္း ဟာလန္းေျပာင္းေ႐ႊ႕မယ့္ အသင္းေတြထဲမွာ ယူႏိုက္တက္မပါဝင္ဘူး

လို႔ ေျပာဆိုခဲ့ဖူးပါတယ္။ အဆိုပါ Documentary ထဲမွာ ဟာလန္းက ဂြာဒီယိုလာကို ကမာၻ႔အေကာင္းဆုံး

နည္းျပျဖစ္တယ္လို႔ ခ်ီးက်ဴးထားၿပီး သူ႔ေၾကာင့္သာ မန္စီးတီးကို ေ႐ြးခ်ယ္ခဲ့တယ္လို႔ ယူဆရတဲ့ ေျပာဆို

မႈေတြ လုပ္ခဲ့ပါတယ္။ ဟာလန္းရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ မွန္ကန္ခဲ့တယ္လို႔ဆိုရမွာျဖစ္ၿပီး ဂြာဒီယိုလာ

လက္ေအာက္မွာ အေကာင္းဆုံးေျခစြမ္းေတြျပသေနပါတယ္။