
စပိန်အသင်းတိုက်စစ်က ဖာရန်တောရက်စ်ဟာ လက်ရွေးစင်အသင်းနည်းပြလူးဝစ်အင်းနရစ်ရဲ့သမီးဖြစ်သူ
နဲ့ ချစ်ကြိုက်နေတာပါ။ဖာရန်တောရက်စ်အနေနဲ့ ဒီကမ္ဘာ့ဖလားမှာ ဂိုးသွင်းပြီး လက်မစုပ်အောင်ပွဲခံတာမျိုး
လုပ်မယ်ဆိုရင် ချက်ချင်းလူစားလဲပစ်မှာလို့အင်းနရစ်က သတိပေးလိုက်တာ ဖြစ်ပါတယ်။ ကစားသမား
တွေဟာဂိုးသွင်းပြီး လက်မစုပ်အောင်ပွဲခံတာမျိုးလုပ်ပြီဆိုရင် သူ့ဇနီး ဒါမှမဟုတ်ချစ်သူဆီမှာ ကိုယ်ဝန်ရှိ
နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ဖာရန်တောရက်စ်နဲ့အင်းနရစ်ရဲ့သမီးဖြစ်တဲ့ဆီရာမာတီနက်ဇ်တို့ဟာ ပြီးခဲ့တဲ့ဇန်
နဝါရီကတည်းကသူတို့တွဲနေပြီဆိုတာကို ကြေညာအသိပေးခဲ့ပါတယ်။ဖာရန်ကလည်း အုပ်စုအဖွင့်ပွဲမှာ
သွင်းခဲ့တဲ့ ၂ ဂိုးကို ကွင်းထဲမှာရှိတဲ့သူ့ချစ်သူထံ ရည်စူးခဲ့တာပါ။ လက်ရှိမှာလည်း ဖာရန်တောရက်စ်နဲ့အင်းန
ရစ်တို့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပေမယ့်နည်းပြကြီးကတော့ အဖိုးမဖြစ်ချင်သေးပါဘူး။တကယ်
လို့ ဖာရန်တောရက်စ်သာ ဂိုးသွင်းပြီး လက်မစုပ်အောင်ပွဲခံတာမျိုးလုပ်မယ်ဆို သူဘယ်လိုတုံ့ပြန်မလဲလို့
အမေးခံရတော့ အင်းနရစ်ကသူ့သမက်လောင်းကို အခုလို သတိပေးလိုက်ပါတယ်။”ကျွန်တော် သူ့ကို ချက်
ချင်းပဲ လူစားလဲလိုက်မှာပါ။ဘောလုံးကွင်းထဲကို သူနောက်တစ်ကြိမ်ချေချလို့ရအောင်ကျွန်တာ်လုပ်ပစ်မှာ
ပါ”လို့ အင်းနရစ်က ပြန်ဖြေခဲ့တာပါ။ကော်စတာရီကာနဲ့အဖွင့်ပွဲမတိုင်ခင်ကလည်း လက်ရှိစပိန်အသင်း
သားတွေထဲမှာ သူနဲ့တူညီမှုအများဆုံး ဘယ်သူဖြစ်မလဲလို့အမေးခံရတော့ အင်းနရစ်က”ဒါက အရမ်းလွယ်
တာပေါ့။အဲဒါက ဖာရန်တောရက်စ်လေ။ ဒီလိုမှမဟုတ်ရင် ကျွန်တော့်သမီးကလာရန်တွေ့မှာပါ”လို့ ဖြေခဲ့
ပါတယ်။
စပိန္အသင္းတိုက္စစ္က ဖာရန္ေတာရက္စ္ဟာ လက္ေ႐ြးစင္အသင္းနည္းျပလူးဝစ္အင္းနရစ္ရဲ႕သမီးျဖစ္သူ
နဲ႔ ခ်စ္ႀကိဳက္ေနတာပါ။ဖာရန္ေတာရက္စ္အေနနဲ႔ ဒီကမာၻ႔ဖလားမွာ ဂိုးသြင္းၿပီး လက္မစုပ္ေအာင္ပြဲခံတာမ်ိဳး
လုပ္မယ္ဆိုရင္ ခ်က္ခ်င္းလူစားလဲပစ္မွာလို႔အင္းနရစ္က သတိေပးလိုက္တာ ျဖစ္ပါတယ္။ ကစားသမား
ေတြဟာဂိုးသြင္းၿပီး လက္မစုပ္ေအာင္ပြဲခံတာမ်ိဳးလုပ္ၿပီဆိုရင္ သူ႔ဇနီး ဒါမွမဟုတ္ခ်စ္သူဆီမွာ ကိုယ္ဝန္ရွိ
ေနၿပီဆိုတဲ့ အဓိပၸါယ္ပါ။ ဖာရန္ေတာရက္စ္နဲ႔အင္းနရစ္ရဲ႕သမီးျဖစ္တဲ့ဆီရာမာတီနက္ဇ္တို႔ဟာ ၿပီးခဲ့တဲ့ဇန္
နဝါရီကတည္းကသူတို႔တြဲေနၿပီဆိုတာကို ေၾကညာအသိေပးခဲ့ပါတယ္။ဖာရန္ကလည္း အုပ္စုအဖြင့္ပြဲမွာ
သြင္းခဲ့တဲ့ ၂ ဂိုးကို ကြင္းထဲမွာရွိတဲ့သူ႔ခ်စ္သူထံ ရည္စူးခဲ့တာပါ။ လက္ရွိမွာလည္း ဖာရန္ေတာရက္စ္နဲ႔အင္းန
ရစ္တို႔ၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိေပမယ့္နည္းျပႀကီးကေတာ့ အဖိုးမျဖစ္ခ်င္ေသးပါဘူး။တကယ္
လို႔ ဖာရန္ေတာရက္စ္သာ ဂိုးသြင္းၿပီး လက္မစုပ္ေအာင္ပြဲခံတာမ်ိဳးလုပ္မယ္ဆို သူဘယ္လိုတုံ႔ျပန္မလဲလို႔
အေမးခံရေတာ့ အင္းနရစ္ကသူ႔သမက္ေလာင္းကို အခုလို သတိေပးလိုက္ပါတယ္။”ကြၽန္ေတာ္ သူ႔ကို ခ်က္
ခ်င္းပဲ လူစားလဲလိုက္မွာပါ။ေဘာလုံးကြင္းထဲကို သူေနာက္တစ္ႀကိမ္ေခ်ခ်လို႔ရေအာင္ကြၽန္တာ္လုပ္ပစ္မွာ
ပါ”လို႔ အင္းနရစ္က ျပန္ေျဖခဲ့တာပါ။ေကာ္စတာရီကာနဲ႔အဖြင့္ပြဲမတိုင္ခင္ကလည္း လက္ရွိစပိန္အသင္း
သားေတြထဲမွာ သူနဲ႔တူညီမႈအမ်ားဆုံး ဘယ္သူျဖစ္မလဲလို႔အေမးခံရေတာ့ အင္းနရစ္က”ဒါက အရမ္းလြယ္
တာေပါ့။အဲဒါက ဖာရန္ေတာရက္စ္ေလ။ ဒီလိုမွမဟုတ္ရင္ ကြၽန္ေတာ့္သမီးကလာရန္ေတြ႕မွာပါ”လို႔ ေျဖခဲ့
ပါတယ္။