
အင်တာဗျူးတွေမှာ စကားကြီးစကားကျယ်တွေပြောပြီး ဂျာနယ်လစ်တွေကို အချက်ကျကျ ပြန်ဖြေ
လေ့ရှိတဲ့ အေစီမီလန်ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ ဘောလုံးသမားဘဝကနေ အနား
ယူတော့မှာလားဆိုတဲ့ မေးခွန်းကို သူ့ ထုံးစံအတိုင်း ကြီးကြီးကျယ်ကျယ် ပြန်ဖြေခဲ့ပါတယ်။ အသက်
(၄၀)အရွယ်ရှိနေပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့မေလတုန်းက အရွတ်ဒဏ်ရာခွဲစိတ်ကုသမှုခံ
ယူခဲ့တာကြောင့် အခုလောလောဆယ် အနားယူနေရတာဖြစ်ပါတယ်။အီဘရာဟီမိုဗစ်အနေနဲ့ နောက်
နှစ်အစပိုင်းလောက်မှ ဘောလုံးပြန်ကစားနိုင်ဖို့ရှိပေမယ့် သူကတော့ ဘောလုံးသမားဘဝက အနား
ယူဖို့ကိစ္စကို စိတ်ကူးထဲမှာတောင် မထည့်ထားသေးပါဘူး။ ဒါ့အပြင် အီဘရာဟီမိုဗစ်က ဘောလုံးပြန်
ကစားနိုင်တဲ့အချိန်ကျရင် အရင်ကထက်တောင် ပိုကြမ်းပြဦးမယ်လို့ ကြိမ်းဝါးနေပါသေးတယ်။
အီတလီနာမည်ကျော်သတင်းစာ Gazzetta dello Sport နဲ့အင်တာဗျူးမှာ အီဘရာဟီမိုဗစ်က
“ကျွန်တော်ဆိုတာက ဘာကိုမှ အကြောက်အလန့်မရှိဘဲ ခေါင်းကြောမာတဲ့လူတစ်ယောက်ပါ။
အခုအချိန်မှာ ကျွန်တော့်ဒဏ်ရာက တိုးတက်မှုရှိလာပြီး ဘောလုံးပြန်ကစားနိုင်အောင် နေ့တိုင်း
အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်။ ခင်ဗျားတို့(ဂျာနယ်လစ်များ) ကျွန်တော့်ကို ဘောလုံး
ကွင်းထဲမှာ ပြန်မြင်တွေ့ရဦးမှာပါ။ ဘောလုံးပြန်ကစားနိုင်ရင် မီးကုန်ယမ်းကုန်ကစားပြမယ်ဆို
တာ အသေအချာပါပဲ။ အခုအချိန်မှာတော့ ဒဏ်ရာ သက်သာလာအောင် စိတ်ရှည်ရှည်ထားပြီး
စောင့်ရမှာဖြစ်ပါတယ်။ ဘောလုံးသမားဘဝက အနားယူမှာမဟုတ်သေးဘဲ ကျွန်တော် အမြန်ဆုံး
ပြန်လာမှာဖြစ်ပြီး အဲဒီအတွက် ဘယ်တော့မှ လက်လျှော့သွားမှာမဟုတ်ပါဘူး”လို့ဖြေကြားခဲ့ပါတယ်။
အဲဒီမှာ သတင်းထောက်က ဘောလုံးသမားဘဝကနေ ဘယ်တော့လောက်မှ အနားယူဖြစ်မလဲဆို
ပြီး အထွန့်တက်ခဲ့ချိန်မှာ အီဘရာဟီမိုဗစ်က “အနားယူဖို့ကိစ္စလား . . .အင်း . .တကယ်လို့ ကျွန်
တော့်ထက် ပိုကောင်းတဲ့ကစားသမားတစ်ယောက် ပေါ်လာမယ်ဆိုရင်တော့ ဘောလုံးသမားဘဝ
က အနားယူဖို့ စဉ်းစားမယ်လေ။ ဒါပေမဲ့ အခုအချိန်အထိတော့ ကျွန်တော့်ထက် ပိုကောင်းတဲ့သူဆို
လို့ တစ်ယောက်မှ မတွေ့မိသေးပါဘူး”ဆိုပြီး ထိထိမိမိဖြေခဲ့တာဖြစ်ပါတယ်။
အင္တာဗ်ဴးေတြမွာ စကားႀကီးစကားက်ယ္ေတြေျပာၿပီး ဂ်ာနယ္လစ္ေတြကို အခ်က္က်က် ျပန္ေျဖ
ေလ့ရွိတဲ့ ေအစီမီလန္ဝါရင့္တိုက္စစ္မႉးႀကီး အီဘရာဟီမိုဗစ္ဟာ ေဘာလုံးသမားဘဝကေန အနား
ယူေတာ့မွာလားဆိုတဲ့ ေမးခြန္းကို သူ႔ ထုံးစံအတိုင္း ႀကီးႀကီးက်ယ္က်ယ္ ျပန္ေျဖခဲ့ပါတယ္။ အသက္
(၄၀)အ႐ြယ္ရွိေနၿပီျဖစ္တဲ့ အီဘရာဟီမိုဗစ္ဟာ ၿပီးခဲ့တဲ့ေမလတုန္းက အ႐ြတ္ဒဏ္ရာခြဲစိတ္ကုသမႈခံ
ယူခဲ့တာေၾကာင့္ အခုေလာေလာဆယ္ အနားယူေနရတာျဖစ္ပါတယ္။အီဘရာဟီမိုဗစ္အေနနဲ႔ ေနာက္
ႏွစ္အစပိုင္းေလာက္မွ ေဘာလုံးျပန္ကစားႏိုင္ဖို႔ရွိေပမယ့္ သူကေတာ့ ေဘာလုံးသမားဘဝက အနား
ယူဖို႔ကိစၥကို စိတ္ကူးထဲမွာေတာင္ မထည့္ထားေသးပါဘူး။ ဒါ့အျပင္ အီဘရာဟီမိုဗစ္က ေဘာလုံးျပန္
ကစားႏိုင္တဲ့အခ်ိန္က်ရင္ အရင္ကထက္ေတာင္ ပိုၾကမ္းျပဦးမယ္လို႔ ႀကိမ္းဝါးေနပါေသးတယ္။
အီတလီနာမည္ေက်ာ္သတင္းစာ Gazzetta dello Sport နဲ႔အင္တာဗ်ဴးမွာ အီဘရာဟီမိုဗစ္က
“ကြၽန္ေတာ္ဆိုတာက ဘာကိုမွ အေၾကာက္အလန႔္မရွိဘဲ ေခါင္းေၾကာမာတဲ့လူတစ္ေယာက္ပါ။
အခုအခ်ိန္မွာ ကြၽန္ေတာ့္ဒဏ္ရာက တိုးတက္မႈရွိလာၿပီး ေဘာလုံးျပန္ကစားႏိုင္ေအာင္ ေန႔တိုင္း
အစြမ္းကုန္ႀကိဳးစားေဆာင္႐ြက္ေနပါတယ္။ ခင္ဗ်ားတို႔(ဂ်ာနယ္လစ္မ်ား) ကြၽန္ေတာ့္ကို ေဘာလုံး
ကြင္းထဲမွာ ျပန္ျမင္ေတြ႕ရဦးမွာပါ။ ေဘာလုံးျပန္ကစားႏိုင္ရင္ မီးကုန္ယမ္းကုန္ကစားျပမယ္ဆို
တာ အေသအခ်ာပါပဲ။ အခုအခ်ိန္မွာေတာ့ ဒဏ္ရာ သက္သာလာေအာင္ စိတ္ရွည္ရွည္ထားၿပီး
ေစာင့္ရမွာျဖစ္ပါတယ္။ ေဘာလုံးသမားဘဝက အနားယူမွာမဟုတ္ေသးဘဲ ကြၽန္ေတာ္ အျမန္ဆုံး
ျပန္လာမွာျဖစ္ၿပီး အဲဒီအတြက္ ဘယ္ေတာ့မွ လက္ေလွ်ာ့သြားမွာမဟုတ္ပါဘူး”လို႔ေျဖၾကားခဲ့ပါတယ္။
အဲဒီမွာ သတင္းေထာက္က ေဘာလုံးသမားဘဝကေန ဘယ္ေတာ့ေလာက္မွ အနားယူျဖစ္မလဲဆို
ၿပီး အထြန႔္တက္ခဲ့ခ်ိန္မွာ အီဘရာဟီမိုဗစ္က “အနားယူဖို႔ကိစၥလား . . .အင္း . .တကယ္လို႔ ကြၽန္
ေတာ့္ထက္ ပိုေကာင္းတဲ့ကစားသမားတစ္ေယာက္ ေပၚလာမယ္ဆိုရင္ေတာ့ ေဘာလုံးသမားဘဝ
က အနားယူဖို႔ စဥ္းစားမယ္ေလ။ ဒါေပမဲ့ အခုအခ်ိန္အထိေတာ့ ကြၽန္ေတာ့္ထက္ ပိုေကာင္းတဲ့သူဆို
လို႔ တစ္ေယာက္မွ မေတြ႕မိေသးပါဘူး”ဆိုၿပီး ထိထိမိမိေျဖခဲ့တာျဖစ္ပါတယ္။