သူ့ရဲ့အရည်အချင်းတွေကိုပြဖို့ တန်ဟက်ပွဲထွက်ခွင့်ပေးချိန်ကို စိတ်ရှည်ရှည်စောင့်ဆိုင်းနေကြောင်းအသိပေးလိုက်တဲ့ မက်ဂွိုင်းယား
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် နောက်ခံလူမက်ဂွိုင်းယားက သူဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှု
ပြည့်ဝနေပြီဖြစ်တာကြောင့် နည်းပြအဲရစ်တန်ဟက်သာ ပွဲထွက်ခွင့်ပေးမယ်ဆိုရင် ပါဝင်ကစားဖို့ အသင့်ပဲ
လို့ကြုံးဝါးလိုက်ပါတယ်။အဲရစ်တန်ဟက်ဟာ ရာသီအစ(၂)ပွဲဖြစ်တဲ့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ပွဲတွေမှာ
မက်ဂွိုင်းယားကို ပွဲထွက်အသုံးပြုခဲ့ပေမယ့်ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် လီဗာပူးလ်နဲ့ပွဲကစလို့ မက်ဂွိုင်း
ယားကို အရန်ခုံပို့ခဲ့ပြီး ခံစစ်မှာလီဆန်ဒရိုမာတီနက်ဇ်နဲ့ဗာရန်းတို့ကို တွဲဖက်အသုံးပြုခဲ့ပါတယ်။လီဆန်
ဒရိုမာတီနက်ဇ်နဲ့ဗာရန်းတို့ဟာ အသင်းခံစစ်အတွက်ခြေစွမ်းပြနေတာကြောင့် မက်ဂွိုင်းယားတစ်ယောက်
ပွဲထွက်ကစားခွင့်မရတော့သလို သူပွဲထွက်ကစားတဲ့ပွဲတွေမှာ ယူနိုက်တက်တို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပွဲ
တိုင်းရှုံးခဲ့ပါတယ်။မက်ဂွိုင်းယားပွဲထွက်ကစားခဲ့တဲ့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်ပွဲတွေအပြင် ယူရိုပါလိဂ်ပွဲဖြစ်
တဲ့ ဆိုစီဒက်နဲ့ပွဲမှာလည်းရှုံးနိမ့်ခဲ့ပြီး ထူးဆန်းတာက အင်္ဂလန်အသင်းမှာပါ မက်ဂွိုင်းယား ပွဲထွက်ပြီဆို
ရင် ရှုံးပွဲကြုံရတာဖြစ်ပါတယ်။ဒါပေမဲ့လည်း မက်ဂွိုင်းယားကတော့ နည်းပြအဲရစ်တန်ဟက် အခွင့်အရေး
ပေမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းနေတယ်လို့ ဆိုခဲ့ပါတယ်။မက်ဂွိုင်းယားက “ကျွန်တော် ကြံ့
ခိုင်မှုအပြည့်နဲ့ လန်းလန်းဆန်းဆန်းရှိနေပြီး ပွဲကစားခွင့်ရဖို့ အသင့်ရှိနေပါတယ်။ကျွန်တော့်ခြေစွမ်းနဲ့
ပတ်သက်ပြီး မီဒီယာတွေက ဘာတွေရေးနေလဲဆိုတာတော့ ကျွန်တော်လည်း မသိဘဲတစ်ခါမှလည်းမ
ဖတ်ပါဘူး။နည်းပြအဲရစ်တန်ဟက်ဟာ ပြီးခဲ့တဲ့ပွဲတွေတုန်းက ကျွန်တော့်ကို ပွဲထွက်အသုံးမပြုခဲ့ဘဲ အ
သင်းကလည်းနိုင်ပွဲဆက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ လေ့ကျင့်ခန်းအစီအစဉ်မှာ ကြိုးစားလေ့ကျင့်ပြီး
အခွင့်အရေးရလာရင်အသင့်ရှိနေအောင် ပြင်ဆင်သွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။