
ဘာစီလိုနာနောက်ခံလူအာရူဂျိုက ဥရုဂွေးလက်ရွေးစင်အသင်းမှာရွေးချယ်ခံထားရတဲ့ ပယ်လစ်စထ
ရီရဲ့ခြေစွမ်းကို အံ့အားသင့်ရကြောင်းဝန်ခံလိုက်ပါတယ်။ ပယ်လစ်စထရီဟာ ဒီရာသီမန်ယူမှာ လက်
ရှိအချိန်ထိကစားခွင့်မရသေးပေမယ့် ဥရုဂွေးနည်းပြကတော့ အခုလနိုင်ငံတာကာပွဲတွေအတွက် သူ့
ကို ခေါ်ယူထားတာပါ။ ရာသီကြိုတုန်းက လီဗာပူးဘက်ကိုဂိုးသွင်းနိုင်ခဲ့တဲ့ အသက် ၂၀ အရွယ် က
စားသမားဟာ တန်ဟက်လက်ထက်ဒီရာသီမှာ ကစားခွင့်မရသေးပါဘူး။ ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ဇူ
လိုင်လကုန်ကအက်သက်တီကိုနဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ပြန်လေ့ကျင့်နိုင်တာဘာမှမကြာသေး
ပါဘူး။ ယူနိုက်တက်က နံပါတ် ၂၈ ဟာ လက်ရွေးစင်အသင်းနဲ့မပူးပေါင်းခင် ပြီးခဲ့တဲ့သောကြာ ကာ
ရင်တန်လေ့ကျင့်ရေးကွင်းမှာလေ့ကျင့်နေတာ မြင်ခဲ့ရပါတယ်။ ပယ်လစ်စထရီဟာ ပြီးခဲ့တဲ့ဇန်နဝါ
ရီကမှလက်ရွေးစင်အသင်းကြိးပွဲဦးထွက်ခွင့်ရခဲ့တာဖြစ်ပြီး ဥရုဂွေးအတွက်၆ ပွဲကစားပေးထားတာ
ပါ။ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အလာဗက်စ်ကိုအငှားသွားခဲ့ပါသေးတယ်။ ပယ်လစ်စထရီဟာ မန်
ယူမှာသာ အခွင့်အရေးပေးမခံရပေမယ့် ဥရုဂွေးမှာတော့ ခြေစွမ်းပြကစားနိုင်နေတာပါ။ဥရုဂွေးမှာ
သူဟာ ဘာစီလိုနာက အာရူဂျိုနဲ့ တစ်ခြမ်းတည်းအတူကန်နေတာဖြစ်ပြီး ပယ်လစ်စထရီက ညာ
တောင်ပံဖြစ်ကာအာရူဂျိုက သူ့နောက်ဖြစ်တဲ့ ညာနောက်ခံမှာပါ။ လက်ရှိဥရုဂွေးအသင်းမှာခြေစွမ်း
အရ သူအထင်ကြီးဆုံးကစားသမားက ဘယ်သူလဲလို့ မကြာခင်ကအင်တာဗျူးတစ်ခုမှာ အမေးခံ
ရတော့ အာရူဂျိုက ယူနိုက်တက်အတွက်စီနီယာပွဲဦးထွက်ခွင့်မရသေးတဲ့ လူငယ်တစ်ယောက်ကို
ဖြေကြားခဲ့ပါတယ်။”ပယ်လစ်စထရီက အံ့အားသင့်စရာကောင်းတယ်လို့ ထင်ပါတယ်။ကျွန်တော်
တို့မှာ ရီးရဲလ်က ဗယ်ဗာဒီ၊ ဘန်တန်ကာနဲ့ ဒါဝင်နူနက်ဇ်တို့ရှိပါတယ်။ဒါပေမဲ့ ပယ်လစ်စထရီက
ကျွန်တော့်ကို အံ့အားသင့်စေသူပါ”လို့ အာရူဂျိုက ဖြေခဲ့တာပါ။
ဘာစီလိုနာေနာက္ခံလူအာ႐ူဂ်ိဳက ဥ႐ုေဂြးလက္ေ႐ြးစင္အသင္းမွာေ႐ြးခ်ယ္ခံထားရတဲ့ ပယ္လစ္စထ
ရီရဲ႕ေျခစြမ္းကို အံ့အားသင့္ရေၾကာင္းဝန္ခံလိုက္ပါတယ္။ ပယ္လစ္စထရီဟာ ဒီရာသီမန္ယူမွာ လက္
ရွိအခ်ိန္ထိကစားခြင့္မရေသးေပမယ့္ ဥ႐ုေဂြးနည္းျပကေတာ့ အခုလႏိုင္ငံတာကာပြဲေတြအတြက္ သူ႔
ကို ေခၚယူထားတာပါ။ ရာသီႀကိဳတုန္းက လီဗာပူးဘက္ကိုဂိုးသြင္းႏိုင္ခဲ့တဲ့ အသက္ ၂၀ အ႐ြယ္ က
စားသမားဟာ တန္ဟက္လက္ထက္ဒီရာသီမွာ ကစားခြင့္မရေသးပါဘူး။ ဒါေပမဲ့ သူဟာ ၿပီးခဲ့တဲ့ဇူ
လိုင္လကုန္ကအက္သက္တီကိုနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တာေၾကာင့္ ျပန္ေလ့က်င့္ႏိုင္တာဘာမွမၾကာေသး
ပါဘူး။ ယူႏိုက္တက္က နံပါတ္ ၂၈ ဟာ လက္ေ႐ြးစင္အသင္းနဲ႔မပူးေပါင္းခင္ ၿပီးခဲ့တဲ့ေသာၾကာ ကာ
ရင္တန္ေလ့က်င့္ေရးကြင္းမွာေလ့က်င့္ေနတာ ျမင္ခဲ့ရပါတယ္။ ပယ္လစ္စထရီဟာ ၿပီးခဲ့တဲ့ဇန္နဝါ
ရီကမွလက္ေ႐ြးစင္အသင္းႀကိးပြဲဦးထြက္ခြင့္ရခဲ့တာျဖစ္ၿပီး ဥ႐ုေဂြးအတြက္၆ ပြဲကစားေပးထားတာ
ပါ။ သူဟာ ၿပီးခဲ့တဲ့ရာသီတုန္းက အလာဗက္စ္ကိုအငွားသြားခဲ့ပါေသးတယ္။ ပယ္လစ္စထရီဟာ မန္
ယူမွာသာ အခြင့္အေရးေပးမခံရေပမယ့္ ဥ႐ုေဂြးမွာေတာ့ ေျခစြမ္းျပကစားႏိုင္ေနတာပါ။ဥ႐ုေဂြးမွာ
သူဟာ ဘာစီလိုနာက အာ႐ူဂ်ိဳနဲ႔ တစ္ျခမ္းတည္းအတူကန္ေနတာျဖစ္ၿပီး ပယ္လစ္စထရီက ညာ
ေတာင္ပံျဖစ္ကာအာ႐ူဂ်ိဳက သူ႔ေနာက္ျဖစ္တဲ့ ညာေနာက္ခံမွာပါ။ လက္ရွိဥ႐ုေဂြးအသင္းမွာေျခစြမ္း
အရ သူအထင္ႀကီးဆုံးကစားသမားက ဘယ္သူလဲလို႔ မၾကာခင္ကအင္တာဗ်ဴးတစ္ခုမွာ အေမးခံ
ရေတာ့ အာ႐ူဂ်ိဳက ယူႏိုက္တက္အတြက္စီနီယာပြဲဦးထြက္ခြင့္မရေသးတဲ့ လူငယ္တစ္ေယာက္ကို
ေျဖၾကားခဲ့ပါတယ္။”ပယ္လစ္စထရီက အံ့အားသင့္စရာေကာင္းတယ္လို႔ ထင္ပါတယ္။ကြၽန္ေတာ္
တို႔မွာ ရီးရဲလ္က ဗယ္ဗာဒီ၊ ဘန္တန္ကာနဲ႔ ဒါဝင္ႏူနက္ဇ္တို႔ရွိပါတယ္။ဒါေပမဲ့ ပယ္လစ္စထရီက
ကြၽန္ေတာ့္ကို အံ့အားသင့္ေစသူပါ”လို႔ အာ႐ူဂ်ိဳက ေျဖခဲ့တာပါ။