သူမရှိတော့တဲ့ ပြင်သစ်လီဂူးဟာ အရာအားလုံးပြိုလဲခဲ့ပြီဖြစ်ကြောင်း ပြောလာတဲ့ လေနတ်ဘုရားကြီး

အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြင်သစ်လီဂူးရဲ့ အနေအထားကလက်ရှိအချိန်မှာ ပျင်းစရာ

ကောင်းနေကြောင်း၊ ဒါဟာသူမရှိတော့လို့ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ “ကျွန်တော် ပြင်သစ်ကို စွန့်ခွာ

ပြီးကတည်းကအရာအားလုံး လဲပြိုနေခဲ့တာပါ။ ဘာမှလည်း စိတ်ဝင်စားစရာအကြောင်းအရာလည်း မ

ရှိတော့ပါဘူး။ ပြင်သစ်က ကျွန်တော့်ကိုလိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပြင်သစ်ကို မ

လိုအပ်ပါဘူး။ခင်ဗျားမှာ အမ်ဘာပေ၊ နေမာ၊ မက်ဆီတို့ရှိနေရင်တောင်မှ အဲဒါကမလုံလောက်ပါဘူး။

ဘာလို့လဲဆိုတော့ ခင်ဗျားမှာ ကျွန်တော့်လိုနတ်ဘုရားကြီး မရှိလို့ပါ”လို့အီဘရာဟီမိုဗစ်က ပြောကြား

သွားခဲ့တာ ဖြစ်ပါတယ်။အီဘရာဟီမိုဗစ်ဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းပီအက်စ်ဂျီအသင်း

နဲ့အတူ ဆုဖလားများစွာ ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ၄ နှစ်ဆက်တိုက် လိဂန်းဖလားအ

ပါအဝင်ပြည်တွင်းဆုဖလား ၁၂ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဆွီဒင်တိုက်စစ်မှူးဟာ ပီ

အက်စ်ဂျီအသင်းအတွက် ၁၅၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းသမိုင်းမှာ အီဘရာဟီမိုဗစ်ထက်

ဂိုးပိုမို သွင်းယူနိုင်တဲ့ ကစားသမားဆိုလို့ ကာဗာနီ(၂၀၀)၊အမ်ဘာပေ(၁၈၈)တို့သာ ရှိနေတာဖြစ်ပါတယ်။

လက်ရှိအသင်းမှာလည်း မက်ဆီ၊ နေမာ၊ အမ်ဘာပေ၊ ရာမို့စ်တို့လိုနာမည်ကျော် ကစားသမားတွေရှိနေ

ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဟာလက်ရှိအချိန်ထိ သူတို့လိုလားတောင့်တနေတဲ့ ချန်ပီယံလိဂ်ဖလားနဲ့

ဝေးကွာနေဆဲဖြစ်ပါတယ်။

ေအစီမီလန္တိုက္စစ္မႉး အီဘရာဟီမိုဗစ္က ျပင္သစ္လီဂူးရဲ႕ အေနအထားကလက္ရွိအခ်ိန္မွာ ပ်င္းစရာ

ေကာင္းေနေၾကာင္း၊ ဒါဟာသူမရွိေတာ့လို႔ျဖစ္ေၾကာင္းေျပာဆိုခဲ့ပါတယ္။ “ကြၽန္ေတာ္ ျပင္သစ္ကို စြန႔္ခြာ

ၿပီးကတည္းကအရာအားလုံး လဲၿပိဳေနခဲ့တာပါ။ ဘာမွလည္း စိတ္ဝင္စားစရာအေၾကာင္းအရာလည္း မ

ရွိေတာ့ပါဘူး။ ျပင္သစ္က ကြၽန္ေတာ့္ကိုလိုအပ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ျပင္သစ္ကို မ

လိုအပ္ပါဘူး။ခင္ဗ်ားမွာ အမ္ဘာေပ၊ ေနမာ၊ မက္ဆီတို႔ရွိေနရင္ေတာင္မွ အဲဒါကမလုံေလာက္ပါဘူး။

ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားမွာ ကြၽန္ေတာ့္လိုနတ္ဘုရားႀကီး မရွိလို႔ပါ”လို႔အီဘရာဟီမိုဗစ္က ေျပာၾကား

သြားခဲ့တာ ျဖစ္ပါတယ္။အီဘရာဟီမိုဗစ္ဟာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အတြင္းပီအက္စ္ဂ်ီအသင္း

နဲ႔အတူ ဆုဖလားမ်ားစြာ ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ကစားသမားျဖစ္ၿပီး ၄ ႏွစ္ဆက္တိုက္ လိဂန္းဖလားအ

ပါအဝင္ျပည္တြင္းဆုဖလား ၁၂ လုံးအထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ဆြီဒင္တိုက္စစ္မႉးဟာ ပီ

အက္စ္ဂ်ီအသင္းအတြက္ ၁၅၆ ဂိုးအထိသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အသင္းသမိုင္းမွာ အီဘရာဟီမိုဗစ္ထက္

ဂိုးပိုမို သြင္းယူႏိုင္တဲ့ ကစားသမားဆိုလို႔ ကာဗာနီ(၂၀၀)၊အမ္ဘာေပ(၁၈၈)တို႔သာ ရွိေနတာျဖစ္ပါတယ္။

လက္ရွိအသင္းမွာလည္း မက္ဆီ၊ ေနမာ၊ အမ္ဘာေပ၊ ရာမို႔စ္တို႔လိုနာမည္ေက်ာ္ ကစားသမားေတြရွိေန

ပါတယ္။ ဒါေပမယ့္ ပီအက္စ္ဂ်ီဟာလက္ရွိအခ်ိန္ထိ သူတို႔လိုလားေတာင့္တေနတဲ့ ခ်န္ပီယံလိဂ္ဖလားနဲ႔

ေဝးကြာေနဆဲျဖစ္ပါတယ္။