
တော့တင်ဟန်ဟော့စပါးအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူ ဆွန်ဟောင်မင်ရဲ့ ဖခင်ဖြစ်
သူ ဆွန်ဝူဂျွန်က သူ့ရဲ့ သားဖြစ်သူအနေနဲ့ ကမ္ဘာ့အဆင့်မှီ ကစားသမားတစ်ဦးဖြစ်လာဖို့အ
တွက် အလုပ်ပိုကြိုးစားပြီး ၁၀ ရာခိုင်နှုန်း ပိုကောင်းလာအောင် လုပ်ရမယ်လို့ ပြောဆိုလိုက်
ပါတယ်။ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပင်နယ်တီမပါဝင်ပဲ သွင်းဂိုး ၂၃ ဂိုး
အထိ သွင်းယူနိုင်ခဲ့ပြီးတဲ့နောက်ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။ ဆွန်ဟာ အဆိုပါဆုကို ရယူ
နိုင်ခဲ့တဲ့ ပထမဆုံးအာရှကစားသမားလည်း ဖြစ်လာခဲ့ပြီး၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်
မှာ အဆိုပါဆုကို ရယူနိုင်ခဲ့တဲ့ စပါးအသင်းရဲ့ တတိယမြောက်ကစားသမားလည်း ဖြစ်လာ
ခဲ့ပါတယ်၊ ဒါပေမယ့် ဆွန်ရဲ့ ဖခင်ဖြစ်သူကတော့ သူ့သားအနေနဲ့ ပိုကြိုးစားဖို့ တိုက်တွန်း
ပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဝူဂျွန်က သူ့ရဲ့ သားအနေနဲ့ ကမ္ဘာ့အဆင့်မှီဆိုတဲ့ ခေါင်းစဉ်နဲ့
ဖော်ပြခံရဖို့အတွက် မသင့်တော်သေးဘူးလို့ ယုံကြည်နေပြီး၊ အသက် ၂၉ နှစ်သား တိုက်
စစ်မှူးအနေနဲ့ ကမ္ဘာ့ထိပ်တန်းကလပ်တွေထဲက တစ်ခုမှာ အဓိကနေရာကနေ အရင်ဆုံး
ကစားပေးနိုင်ဖို့ လိုကြောင်း ဆိုခဲ့ပါတယ်။ “ ဆွန်အနေနဲ့ အလုပ်ပိုကြိုးစားပြီးတော့ တိုး
တက်မှု ပိုရှိလာအောင် လုပ်ရပါမယ်။ အကယ်၍ သူသာ အခုရရှိထားတဲ့ အောင်မြင်မှုတွေ
နဲ့ပဲ ကျေနပ်နေမယ်ဆိုရင် ”“ အကျိုးရလဒ်က ကောင်းနိုင်မာ မဟုတ်ပါဘူး။ အကောင်း
ဆုံးပုံစံမှာ ဆက်ရှိနိုင်ဖို့အတွက် သူ့အနေနဲ့ အမြဲတမ်း ပိုကောင်းလာအောင် ကြိုးစားနေ
ရပါမယ်။ သူ အခုရောက်နေတဲ့ နေရာမှာ ပျော်ရွှင်နေမယ့်အစား၊ ကျွန်တော်ကတော့ သူ့
ကို အမြဲတမ်း ၁၀ ရာခိုင်နှုန်း ပိုကောင်းလာစေချင်ပါတယ်။ ကမ္ဘာပေါ်က ထိပ်တန်းက
လပ်တွေထဲက တစ်ခုမှာ သူ့အနေနဲ့ အဓိကနေရာကနေ ကစားနိုင်နေရပါမယ် ”“ အဲ့ဒါမှ
သာ သူ့အနေနဲ့ ကမ္ဘာ့အဆင့်မှီကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် အရင်
က ပြောခဲ့သလိုပါပဲ၊ သူ့အနေနဲ့ အဲ့ဒီပန်းတိုင်ကို ရောက်ဖို့ ရှေ့ကို တစ်လှမ်းလှမ်းတိုင်းမှာ
၁၀ ရာခိုင်နှုန်းပိုကောင်းအောင် လုပ်ရပါမယ်။ ဒီနှစ်မှာ သူ ဂိုးတွေအများကြီး သွင်းခဲ့ပါ
တယ်၊ ဒါပေမယ့် နောက်နှစ်မှာ သူ ဒီလိုမျိုးလုပ်ပြနိုင်လိမ့်မယ်လို့ ပြောလို့မရပါဘူး။ အ
သင့်ပြင်ထားတဲ့လူတွေသာလျှင် အခက်အခဲတွေကနေ ရှင်သန်နိုင်တာဖြစ်ပါတယ်။ သူ့
အနေနဲ့ အရာရာတိုင်းကို သတိကြီးကြီးနဲ့ ရင်ဆိုင်ပြီး၊ မာနမကြီးအောင် နေရပါမယ် ”
လို့ ပြောဆိုခဲ့ပါတယ်။
ေတာ့တင္ဟန္ေဟာ့စပါးအသင္းရဲ႕ ၾကယ္ပြင့္ကစားသမားျဖစ္သူ ဆြန္ေဟာင္မင္ရဲ႕ ဖခင္ျဖစ္
သူ ဆြန္ဝူဂြၽန္က သူ႔ရဲ႕ သားျဖစ္သူအေနနဲ႔ ကမာၻ႔အဆင့္မွီ ကစားသမားတစ္ဦးျဖစ္လာဖို႔အ
တြက္ အလုပ္ပိုႀကိဳးစားၿပီး ၁၀ ရာခိုင္ႏႈန္း ပိုေကာင္းလာေအာင္ လုပ္ရမယ္လို႔ ေျပာဆိုလိုက္
ပါတယ္။ ဆြန္ေဟာင္မင္ဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ပင္နယ္တီမပါဝင္ပဲ သြင္းဂိုး ၂၃ ဂိုး
အထိ သြင္းယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ေ႐ႊဖိနပ္ဆုကို ရရွိခဲ့ပါတယ္။ ဆြန္ဟာ အဆိုပါဆုကို ရယူ
ႏိုင္ခဲ့တဲ့ ပထမဆုံးအာရွကစားသမားလည္း ျဖစ္လာခဲ့ၿပီး၊ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္
မွာ အဆိုပါဆုကို ရယူႏိုင္ခဲ့တဲ့ စပါးအသင္းရဲ႕ တတိယေျမာက္ကစားသမားလည္း ျဖစ္လာ
ခဲ့ပါတယ္၊ ဒါေပမယ့္ ဆြန္ရဲ႕ ဖခင္ျဖစ္သူကေတာ့ သူ႔သားအေနနဲ႔ ပိုႀကိဳးစားဖို႔ တိုက္တြန္း
ေျပာဆိုသြားခဲ့ပါတယ္။ ဆြန္ဝူဂြၽန္က သူ႔ရဲ႕ သားအေနနဲ႔ ကမာၻ႔အဆင့္မွီဆိုတဲ့ ေခါင္းစဥ္နဲ႔
ေဖာ္ျပခံရဖို႔အတြက္ မသင့္ေတာ္ေသးဘူးလို႔ ယုံၾကည္ေနၿပီး၊ အသက္ ၂၉ ႏွစ္သား တိုက္
စစ္မႉးအေနနဲ႔ ကမာၻ႔ထိပ္တန္းကလပ္ေတြထဲက တစ္ခုမွာ အဓိကေနရာကေန အရင္ဆုံး
ကစားေပးႏိုင္ဖို႔ လိုေၾကာင္း ဆိုခဲ့ပါတယ္။ “ ဆြန္အေနနဲ႔ အလုပ္ပိုႀကိဳးစားၿပီးေတာ့ တိုး
တက္မႈ ပိုရွိလာေအာင္ လုပ္ရပါမယ္။ အကယ္၍ သူသာ အခုရရွိထားတဲ့ ေအာင္ျမင္မႈေတြ
နဲ႔ပဲ ေက်နပ္ေနမယ္ဆိုရင္ ”“ အက်ိဳးရလဒ္က ေကာင္းႏိုင္မာ မဟုတ္ပါဘူး။ အေကာင္း
ဆုံးပုံစံမွာ ဆက္ရွိႏိုင္ဖို႔အတြက္ သူ႔အေနနဲ႔ အၿမဲတမ္း ပိုေကာင္းလာေအာင္ ႀကိဳးစားေန
ရပါမယ္။ သူ အခုေရာက္ေနတဲ့ ေနရာမွာ ေပ်ာ္႐ႊင္ေနမယ့္အစား၊ ကြၽန္ေတာ္ကေတာ့ သူ႔
ကို အၿမဲတမ္း ၁၀ ရာခိုင္ႏႈန္း ပိုေကာင္းလာေစခ်င္ပါတယ္။ ကမာၻေပၚက ထိပ္တန္းက
လပ္ေတြထဲက တစ္ခုမွာ သူ႔အေနနဲ႔ အဓိကေနရာကေန ကစားႏိုင္ေနရပါမယ္ ”“ အဲ့ဒါမွ
သာ သူ႔အေနနဲ႔ ကမာၻ႔အဆင့္မွီကစားသမားတစ္ဦး ျဖစ္လာပါလိမ့္မယ္။ ကြၽန္ေတာ္ အရင္
က ေျပာခဲ့သလိုပါပဲ၊ သူ႔အေနနဲ႔ အဲ့ဒီပန္းတိုင္ကို ေရာက္ဖို႔ ေရွ႕ကို တစ္လွမ္းလွမ္းတိုင္းမွာ
၁၀ ရာခိုင္ႏႈန္းပိုေကာင္းေအာင္ လုပ္ရပါမယ္။ ဒီႏွစ္မွာ သူ ဂိုးေတြအမ်ားႀကီး သြင္းခဲ့ပါ
တယ္၊ ဒါေပမယ့္ ေနာက္ႏွစ္မွာ သူ ဒီလိုမ်ိဳးလုပ္ျပႏိုင္လိမ့္မယ္လို႔ ေျပာလို႔မရပါဘူး။ အ
သင့္ျပင္ထားတဲ့လူေတြသာလွ်င္ အခက္အခဲေတြကေန ရွင္သန္ႏိုင္တာျဖစ္ပါတယ္။ သူ႔
အေနနဲ႔ အရာရာတိုင္းကို သတိႀကီးႀကီးနဲ႔ ရင္ဆိုင္ၿပီး၊ မာနမႀကီးေအာင္ ေနရပါမယ္ ”
လို႔ ေျပာဆိုခဲ့ပါတယ္။