သတင်းစာရှင်းလင်းပွဲမှာ ထောင်နေတဲ့အမြောက်ကြီးကို ဖျက်ဆီးပြမယ်လို့ ကြုံးဝါးလိုက်တဲ့ ပဲလေ့အသင်းနည်းပြ

ခရစ္စတယ်ပဲလေ့အသင်းနည်းပြဗီယာရာကတော့ ရာသီအဖွင့်ပွဲအဖြစ် ဒီနေ့မှာကစားရမယ့် အာ

ဆင်နယ်နဲ့ပွဲကို အနိုင်ကစားမယ်လို့ကြုံးဝါးပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ကတော့ ဗီယာရာ

ရဲ့ ကစားသမားဘ၀က အသင်းဟောင်းဖြစ်ပြီး အသင်းခေါင်းဆောင်အဖြစ်နဲ့ အာဆင်နယ်ရဲ့အောင်

မြင်မှုတွေမှာ ဦးဆောင်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ပဲလေ့စ်ကတော့ နောက်ဆုံး ၈ ကြိမ်အဖြစ်

အာဆင်နယ်နဲ့တွေ့ဆုံခဲ့ရာမှာ ၁ ပွဲတည်းသာ အရေးနိမ့်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဗီယာရာ

လက်ထက်မှာလည်း အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ယူထားခဲ့ပြီး အာတီတာအတွက် ခက်ခဲ

တဲ့ပြိုင်ဘက်အဖြစ် ရှိနေခဲ့တာပါ။ ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ပဲလေ့က ခြေစွမ်းပြခဲ့ပြီး ရာ

သီသစ်အတွက် အသင့်ဖြစ်နေတဲ့ပုံစံကို ပြသခဲ့ပါတယ်။တဖက်မှာလည်း အာဆင်နယ်က ရာသီ

ကြိုခြေစမ်းပွဲတ​ွေမှာ သွင်းဂိုး ၁၉ ဂိုးအထိရရှိခဲ့ကာ ပြိုင်ဘက်တွေကို ခြေပြတ်ဂိုးပြတ်အနိုင်ယူ

ထားပြီး ပရိသတ်တွေကြား တော်တော်လေးရေပန်းစားနေတာပါ။ ဒီအရည်အသွေးတွေကို ဗီယာ

ရာက အသိအမှတ်ပြုပြောဆိုခဲ့ပေမယ့် အဖွင့်ပွဲမှာ အာဆင်နယ်ကို အနိင်ရအောင် သူတို့ကစား

သွားမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ “ကွဲပြားခြားနားတဲ့ ပွဲတပွဲဖြစ်လာမှာပါ၊ ကစားသမား

သစ်တွေက သူတို့လူစာရင်းထဲမှာရှိနေပြီးတော့ ပိုပြီးကောင်းတဲ့အသင်းသစ်တသင်းလို့ ကျနော်

ထင်ပါတယ်၊ ရာသီကြိုပွဲတွေမှာလည်း သူတို့အရမ်းကောင်းတဲ့ပွဲတွေကို ကစားနိုင်ခဲ့ပါတယ်၊ ပြီး

ခဲ့တဲ့နှစ်ကထက် ပိုပြိးတော့ကောင်းတဲ့နေရာကို ရောက်နေတယ်လို့ ကျနော်ထင်တယ်၊ ကစားသ

မားသစ်တွေကြောင့် ပိုပြီးတော့လည်း သန်မာလာတယ်၊ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ အာ

ဆင်နယ်က နီးစပ်တဲ့အဆင့်ဖြစ်နေပါတယ်””ဒါက စိန်ခေါ်မှုဖြစ်မယ်ဆိုတာ ကျနော်တို့သိပြီးသား

ပါ၊ ဒါပေမယ့် ကျနော်တို့မှာရှိတဲ့အင်အားကလည်း သူတို့ကို ပြသနာတွေဖြစ်စေပါလိမ့်မယ်၊ ပြီးခဲ့

တဲ့ရာသီက ကျနော်တို့အိမ်ကွင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဒီတကြိမ်တော့ ပိုပြီးပြင်းထန်

တဲ့ပြိုင်ဆိုင်မှု ဖြစ်လာမယ်ထင်တယ်၊ မနက်ဖြန်ပွဲကအရေးကြီးပြိး အနိုင်ရဖို့ကိုပဲ ကျနော်တို့ ဦး

တည်သွားမှာပါ” လို့ ဗီယာရာက သတင်းစာရှင်းလင်းပွဲမှာ​ ပြောဆိုခဲ့ပါတယ်။

ခရစၥတယ္ပဲေလ့အသင္းနည္းျပဗီယာရာကေတာ့ ရာသီအဖြင့္ပြဲအျဖစ္ ဒီေန႔မွာကစားရမယ့္ အာ

ဆင္နယ္နဲ႔ပြဲကို အႏိုင္ကစားမယ္လို႔ႀကဳံးဝါးေျပာဆိုလိုက္ပါတယ္။ အာဆင္နယ္ကေတာ့ ဗီယာရာ

ရဲ႕ ကစားသမားဘ၀က အသင္းေဟာင္းျဖစ္ၿပီး အသင္းေခါင္းေဆာင္အျဖစ္နဲ႔ အာဆင္နယ္ရဲ႕ေအာင္

ျမင္မႈေတြမွာ ဦးေဆာင္ႏိုင္ခဲ့တဲ့သူလည္းျဖစ္ပါတယ္။ ပဲေလ့စ္ကေတာ့ ေနာက္ဆုံး ၈ ႀကိမ္အျဖစ္

အာဆင္နယ္နဲ႔ေတြ႕ဆုံခဲ့ရာမွာ ၁ ပြဲတည္းသာ အေရးနိမ့္ထားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီ ဗီယာရာ

လက္ထက္မွာလည္း အိမ္ကြင္းမွာ အာဆင္နယ္ကို အႏိုင္ယူထားခဲ့ၿပီး အာတီတာအတြက္ ခက္ခဲ

တဲ့ၿပိဳင္ဘက္အျဖစ္ ရွိေနခဲ့တာပါ။ ရာသီႀကိဳေျခစမ္းပြဲေတြမွာလည္း ပဲေလ့က ေျခစြမ္းျပခဲ့ၿပီး ရာ

သီသစ္အတြက္ အသင့္ျဖစ္ေနတဲ့ပုံစံကို ျပသခဲ့ပါတယ္။တဖက္မွာလည္း အာဆင္နယ္က ရာသီ

ႀကိဳေျခစမ္းပြဲတ​ြေမွာ သြင္းဂိုး ၁၉ ဂိုးအထိရရွိခဲ့ကာ ၿပိဳင္ဘက္ေတြကို ေျချပတ္ဂိုးျပတ္အႏိုင္ယူ

ထားၿပီး ပရိသတ္ေတြၾကား ေတာ္ေတာ္ေလးေရပန္းစားေနတာပါ။ ဒီအရည္အေသြးေတြကို ဗီယာ

ရာက အသိအမွတ္ျပဳေျပာဆိုခဲ့ေပမယ့္ အဖြင့္ပြဲမွာ အာဆင္နယ္ကို အနိင္ရေအာင္ သူတို႔ကစား

သြားမွာျဖစ္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။ “ကြဲျပားျခားနားတဲ့ ပြဲတပြဲျဖစ္လာမွာပါ၊ ကစားသမား

သစ္ေတြက သူတို႔လူစာရင္းထဲမွာရွိေနၿပီးေတာ့ ပိုၿပီးေကာင္းတဲ့အသင္းသစ္တသင္းလို႔ က်ေနာ္

ထင္ပါတယ္၊ ရာသီႀကိဳပြဲေတြမွာလည္း သူတို႔အရမ္းေကာင္းတဲ့ပြဲေတြကို ကစားႏိုင္ခဲ့ပါတယ္၊ ၿပီး

ခဲ့တဲ့ႏွစ္ကထက္ ပိုၿပိးေတာ့ေကာင္းတဲ့ေနရာကို ေရာက္ေနတယ္လို႔ က်ေနာ္ထင္တယ္၊ ကစားသ

မားသစ္ေတြေၾကာင့္ ပိုၿပီးေတာ့လည္း သန္မာလာတယ္၊ အမွတ္ေပးဖလားကို စိန္ေခၚႏိုင္ဖို႔ အာ

ဆင္နယ္က နီးစပ္တဲ့အဆင့္ျဖစ္ေနပါတယ္””ဒါက စိန္ေခၚမႈျဖစ္မယ္ဆိုတာ က်ေနာ္တို႔သိၿပီးသား

ပါ၊ ဒါေပမယ့္ က်ေနာ္တို႔မွာရွိတဲ့အင္အားကလည္း သူတို႔ကို ျပသနာေတြျဖစ္ေစပါလိမ့္မယ္၊ ၿပီးခဲ့

တဲ့ရာသီက က်ေနာ္တို႔အိမ္ကြင္းမွာ ေကာင္းေကာင္းကစားႏိုင္ခဲ့ၿပီး ဒီတႀကိမ္ေတာ့ ပိုၿပီးျပင္းထန္

တဲ့ၿပိဳင္ဆိုင္မႈ ျဖစ္လာမယ္ထင္တယ္၊ မနက္ျဖန္ပြဲကအေရးႀကီးၿပိး အႏိုင္ရဖို႔ကိုပဲ က်ေနာ္တို႔ ဦး

တည္သြားမွာပါ” လို႔ ဗီယာရာက သတင္းစာရွင္းလင္းပြဲမွာ​ ေျပာဆိုခဲ့ပါတယ္။