
ဝေးလ်အသင်းခေါင်းဆောင်ဂါရတ်ဘေးလ်ကအီရန်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ဝေးလ်မှာကမ္ဘာ့ဖလား
၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ရန်အလွန်ခက်ခဲသွားပြီဖြစ်ကြောင်းဝန်ခံပြောကြားလာပါတယ်။
ရောဘတ်ပေ့ချ်ရဲ့ဝေးလ်ဟာကမ္ဘာ့ဖလားအုပ်စုပွဲနှစ်ပွဲတွင်ရမှတ်တစ်မှတ်တည်းသာရရှိထားပြီးနောက်
တစ်ဆင့်သို့တက်ရောက်ရေးအတွက်အုပ်စုနောက်ဆုံးပွဲတွင်အင်္ဂလန်ကိုအနိုင်ရရှိရန်လိုအပ်နေပါတယ်။
မနေ့ညတုန်းကအီရန်နှင့်ပွဲတွင်ဝေးလ်ဂိုးသမားဝိန်းဟန်နက်စ်ဆေအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးအ
ချိန်ပိုတွင်ချက်စ်မီနှင့်ရီဇာရီယန်တို့သွင်းယူတဲ့ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။မနေ့ညတုန်းကပွဲတွင်ဂါရတ်ဘေးလ်
ဟာအကောင်းဆုံးပုံစံမရရှိခဲ့ပဲ ဘောလုံး၃၆ကြိမ်တည်းသာထိခဲ့ကာဘောလုံးထိမှုအနည်းဆုံးကစားသမား
အဖြစ်ရပ်တည်ခဲ့ပါတယ်။
ရောဘတ်ပေ့ခ်ျရဲ့ဝေးလ်ဟာကမ္ဘာ့ဖလားအုပ်စုပွဲနှစ်ပွဲတွင်ရမှတ်တစ်မှတ်တည်းသာရရှိထားပြီးနောက်
အဖြစ်ရပ်တည်ခဲ့ပါတယ်။