ဝေးလ်တောင်ပိုင်းဒေသမှာ ခြေစွမ်းပြနေတဲ့ အသက် ( ၁၆ ) နှစ်အရွယ်လူငယ်လေးကို သရဲနီဇာတ်သွင်းတော့မည့် ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာဒစ် ကြယ်ပွင့်Gabriele Biancheri ကို ခေါ်ယူဖို့ သဘောတူညီ
မှု ရရှိခဲ့ပြီဖြစ်ကြောင်းယနေ့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။ဝေးလ်တောင်ပိုင်း ဒေသမှာ
လူပြောများနေတဲ့ အသက် ( ၁၆ ) နှစ်အရွယ်ကြယ်ပွင့်ဟာ ဒီရာသီ ကာဒစ် ယူ – ၂၁ အသင်းနဲ့ ခြေစွမ်းပြ
နိုင်ခဲ့ပြီးနောက်ယခုလို သရဲနီတို့ထံ ပြောင်းရွေ့ခွင့်ရလာတာဖြစ်ပါတယ်။Biancheri ဟာ ပြီးခဲ့တဲ့ စနေ ၊
တနင်္ဂနွေ အားလပ်ရက်တုန်းကဆေးစစ်ချက် အောင်မြင်ခဲ့ပြီး မကြာခင် ပညာသင်ဆု စာချုပ်ချုပ်ဆိုတော့
မှာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် စာချုပ်ကိုတော့ အသက် ( ၁၇ ) နှစ်အရွယ်ဖြစ်လာမယ့် စက်တင်
ဘာလရောက်မှသာ ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။Biancheri ကို အင်္ဂါနေ့ အပြောင်းအရွေ့ မတိုင်ခင် အပြီး
သတ်စာချုပ်ချုပ်ဖို့ မလိုအပ်ပေမယ့် ချဲလ်ဆီးနဲ့ သတင်းထွက်နေတာကြောင့်တိုက်စစ်မှူးကို ယခုလို အ
လျင်အမြန် ခေါ်ယူလိုက်တာဖြစ်ပါတယ်။Biancheri ဟာ ဒီရာသီ ( ၁၁ ) ပွဲမှာ ( ၁၇ ) ဂိုးထိသွင်းယူထား
ပြီးပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဝုဗ်နဲ့ ပွဲစဉ်မှာ ယူ – ၂၁ အသင်းအတွက်ပထမဆုံးအကြိမ် ကစားခွင့်ရလာ
ခဲ့ပါတယ်။ အတွေ့အကြုံမရှိသေးပေမယ့်Biancheri ဟာ အဆိုပါ ပွဲစဉ်မှာပဲ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Biancheri ဟာ လျင်မြန်ပြီး အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးအဖြစ်သတ်မှတ်ခံထားရပြီး တိုက်စစ်ပိုင်း
ရဲ့ မည့်သည့်နေရာတွင်မဆိုကစားနိုင်သူဖြစ်ပါတယ်။ နံပါတ် ( ၁၀ ) နေရာမှာလည်း ကစားနိုင်တဲ့ကြယ်ပွင့်
တိုက်စစ်မှူးဟာ ယူနိုက်တက် ယူ – ၁၈ အသင်းနဲ့စတင်ကစားခွင့်ရဖို့ ရှိပြီး ခြေစွမ်းပြနိုင်ပါက ယူ – ၂၃ နှင့်
စီနီယာအသင်းတွေမှာပါ အချိန်တိုအတွင်း အခွင့်အရေး ရလာနိုင်ပါတယ်။