ဝေးလ်နဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းကိုပြသခဲ့တဲ့ဖရန်ကီဒီဂျောင်

မန်ချက်စတာယူနိုက်တက်ပစ်မှတ်ဖရန်ကီဒီဂျောင်ဟာမနေ့ညတုန်းကနယ်သာ

လန်ကဝေးလ်ကိုအနိုင်ရရှိတဲ့နေးရှင်းလိဂ်ပွဲစဉ်တွင်အမိုက်စားဖန်တီးမှုပြုလုပ်ခဲ့ပါ

တယ်။လူစားဝင်ရောက်ကစားတဲ့ဖရန်ကီဒီဂျောင်ဟာကာဒစ်ဖ်မှာဝေးလ်ကို၂-၁ဂိုး

ဖြင့်အနိုင်ရရှိတဲ့ပွဲရဲ့ပွဲချိန်၉၄မိနစ်မှာဘန်လေတိုက်စစ်မှူးဝေါက်ဝက်ဟော့စ်အနိုင်

ဂိုးသွင်းနိုင်အောင်ဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။တစ်ဂိုးစီသရေကျနေတဲ့ပွဲရဲ့ပွဲ

ပြီးရန်စက္ကန့်ပိုင်းသာလိုတော့တဲ့အချိန်တွင်ဒီဂျောင်ဟာနယ်သာလန်ကွင်းလယ်

တစ်ဝက်တွင်ဘောလုံးရရှိပြီးနောက်ကိုက်၅၀အကွာအထိဘောလုံးသယ်ပြေးခဲ့ပြီး

တိုင်ရဲလ်မာလာစီယာထံဘောလုံးပေးပို့ခဲ့ပါတယ်။မာလာစီယာရဲ့ဖြတ်တင်ဘော

ကနေဝက်ဟော့စ်ကခေါင်းတိုက်ကာနယ်သာလန်အတွက်အနိုင်ဂိုးသွင်းယူခဲ့ပါ

တယ်။ယူနိုက်တက်နည်းပြသစ်အဲရစ်တန်ဟက်ဟာအေဂျက်စ်တွင်လက်တွဲခဲ့ဖူး

တဲ့ဖရန်ကီဒီဂျောင်နှင့်အိုးထရက်ဖို့ဒ်တွင်ပြန်လည်လက်တွဲလိုနေပါတယ်။ယူနိုက်

တက်ဟာဒတ်ချ်ကွင်းလယ်ကစားသမားအတွက်ပေါင်သန်း၇၀အထိအသုံးပြုရန်

အသင့်ရှိနေပေမဲ့ဘာစီလိုနာဘက်ကရောင်းချရေးမဆုံးဖြတ်ရသေးမှုကြောင့်

ကြန့်ကြာနေပါတယ်။

မန္ခ်က္စတာယူႏိုက္တက္ပစ္မွတ္ဖရန္ကီဒီေဂ်ာင္ဟာမေန႔ညတုန္းကနယ္သာ

လန္ကေဝးလ္ကိုအႏိုင္ရရွိတဲ့ေနးရွင္းလိဂ္ပြဲစဥ္တြင္အမိုက္စားဖန္တီးမႈျပဳလုပ္ခဲ့ပါ

တယ္။လူစားဝင္ေရာက္ကစားတဲ့ဖရန္ကီဒီေဂ်ာင္ဟာကာဒစ္ဖ္မွာေဝးလ္ကို၂-၁ဂိုး

ျဖင့္အႏိုင္ရရွိတဲ့ပြဲရဲ႕ပြဲခ်ိန္၉၄မိနစ္မွာဘန္ေလတိုက္စစ္မႉးေဝါက္ဝက္ေဟာ့စ္အႏိုင္

ဂိုးသြင္းႏိုင္ေအာင္ဖန္တီးခဲ့တာလည္းျဖစ္ပါတယ္။တစ္ဂိုးစီသေရက်ေနတဲ့ပြဲရဲ႕ပြဲ

ၿပီးရန္စကၠန႔္ပိုင္းသာလိုေတာ့တဲ့အခ်ိန္တြင္ဒီေဂ်ာင္ဟာနယ္သာလန္ကြင္းလယ္

တစ္ဝက္တြင္ေဘာလုံးရရွိၿပီးေနာက္ကိုက္၅၀အကြာအထိေဘာလုံးသယ္ေျပးခဲ့ၿပီး

တိုင္ရဲလ္မာလာစီယာထံေဘာလုံးေပးပို႔ခဲ့ပါတယ္။မာလာစီယာရဲ႕ျဖတ္တင္ေဘာ

ကေနဝက္ေဟာ့စ္ကေခါင္းတိုက္ကာနယ္သာလန္အတြက္အႏိုင္ဂိုးသြင္းယူခဲ့ပါ

တယ္။ယူႏိုက္တက္နည္းျပသစ္အဲရစ္တန္ဟက္ဟာေအဂ်က္စ္တြင္လက္တြဲခဲ့ဖူး

တဲ့ဖရန္ကီဒီေဂ်ာင္ႏွင့္အိုးထရက္ဖို႔ဒ္တြင္ျပန္လည္လက္တြဲလိုေနပါတယ္။ယူႏိုက္

တက္ဟာဒတ္ခ်္ကြင္းလယ္ကစားသမားအတြက္ေပါင္သန္း၇၀အထိအသုံးျပဳရန္

အသင့္ရွိေနေပမဲ့ဘာစီလိုနာဘက္ကေရာင္းခ်ေရးမဆုံးျဖတ္ရေသးမႈေၾကာင့္

ၾကန႔္ၾကာေနပါတယ္။