ဝိန်းရွန်းနီရဲ့ အများမသိသေးတဲ့ အဖြစ်အပျက်တွေပါဝင်တဲ့ မဖြစ်မနေ စောင့်ကြည့်ရမယ့် Amazon Prime မှတ်တမ်းရုပ်ရှင်

Amazon Prime ကဝိန်းရွန်းနီရဲ့မှတ်တမ်းရုပ်ရှင်ကားကို Trailer ကိုတင်ဆက်လာပြီဖြစ်ပါတယ်။အဲဗာ

တန်၊မန်ယူနှင့်အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာမန်ယူကစားသမားဘဝအား ဖီနာဘာချီနှင့်ချန်ပီယံလိဂ်

ပွဲစဉ်မှာဟက်ထရစ်သွင်းယူပြီးလှပစွာကန့်လန့်ကာဖွင့်လှစ်နိုင်ခဲ့သလိုအိုးထရက်ဖို့ဒ်တွင်ကစားစဉ်အ

တွင်းပရီးမီးယားလိဂ်ဖလားငါးကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာမန်ယူအ

တွက်ဂိုးပေါင်း၂၅၀သွင်းယူကာကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်သမိုင်းမှတ်တမ်းရေး

ထိုးခဲ့ပါတယ်။ဒါ့အပြင်သူဟာပရီးမီးယားလိဂ်ဂိုး၁၈၃ဂိုးသွင်းခဲ့ကာကလပ်တစ်ခုတည်းအတွက်ပရီးမီး

ယားလိဂ်ဂိုးအများဆုံးသွင်းယူသူအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။သူဟာပရီးမီးယား

လိဂ်သမိုင်းမှာဂိုး၂၀၀အထက်နှင့်ဖန်တီးမှု၁၀၀အထက်ပြုလုပ်နိုင်ခဲ့တဲ့တစ်ဦးတည်းသောကစားသမား

လည်းဖြစ်သလိုပရီးမီးယားလိဂ်သမိုင်းမှာအလန်ရှီးယားပြီးရင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်

နေသူပါ။သူဟာကစားသမားဘဝတစ်လျှောက် အနိုင်လိုစိတ်ပြင်းထန်တဲ့ကစားဟန်ကြောင့်ဖြင့်နာမည်

ကြီးခဲ့သလိုအောင်မြင်မှုများစွာရရှိခဲ့ပေမယ့်ကွင်းတွင်း/ကွင်းပြင်မှတ်မိချင်စရာမကောင်းတဲ့ဖြစ်ရပ်တွေ

လည်းကြုံခဲ့ရသူပါ။အထက်ပါအဖြစ်အပျက်များကို ဝိန်းရွန်းနီအကြောင်းကို Amazon Prime မှတ်တမ်း

ရုပ်ရှင်မှာမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ရွန်းနီရဲ့Amazon Prime မှတ်တမ်းရုပ်ရှင်မှာ မည်သူမှမမြင်

ဖူးသေးတဲ့ဝိန်းရွန်းနီရဲ့ငယ်စဉ်တုန်းကဗီဒီယိုမှတ်တမ်းအချို့လည်းပါဝင်ပါတယ်။သူ့ငယ်စဉ်ဘဝနဲ့ပတ်

သက်ပြီးရွန်းနီက “ကျုပ်ကခရောက်စ်တက်မှာကြီးလာတာ။ခင်ဗျားသာအဲဒီကလူတစ်ယောက်ဆိုရင်အဲ

ဒီနေရာကိုပြဿနာဖြစ်လေ့ဖြစ်ထရှိတဲ့နေရာလို့ထင်မှာမဟုတ်ပါဘူး။ဒါပေမယ့်ကျုပ်ကတော့အဖေနဲ့

ပြဿနာတွေအများကြီးတက်ခဲ့တယ်။သူဟာကျုပ်ကိုပါးရိုက်ခဲ့တယ်။ကျုပ်ကလည်းယဉ်ကျေးလိမ္မာတဲ့

ကလေးတစ်ယောက်မဟုတ်ခဲ့ပါဘူး။ငယ်ငယ်တုန်းကရန်အများကြီးဖြစ်ခဲ့ဖူးတယ်”လို့ပြောကြားခဲ့ပါ

တယ်။ဒါ့အပြင် ရွန်းနီဟာ Amazon Prime မှတ်တမ်းရုပ်ရှင်တွင်ကစားသမားဘဝတုန်းကမန်ယူနှင့်

အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်တာနဲ့အညီအောင်မြင်မှုရရှိရေးအတွက်ဖိအားများစွာမြင့်မားမှုကြောင့်

စိတ်ကျန်းမာရေးပြဿနာနှင့်ကြုံခဲ့ရပြီးကုသမှုခံယူခဲ့ရကြောင်းလည်းဖွင့်ဟသွားပါတယ်။ရွန်းနီရဲ့

Amazon Prime မှတ်တမ်းရုပ်ရှင်ကိုလာမယ့်၂၀၂၂ခုနှစ်မှာထုတ်လွှင့်ပြသသွားပါမယ်။

Amazon Prime ကဝိန်းရွန်းနီရဲ့မှတ်တမ်းရုပ်ရှင်ကားကို Trailer ကိုတင်ဆက်လာပြီဖြစ်ပါတယ်။အဲဗာတန်၊မန်ယူနှင့်အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာမန်ယူကစားသမားဘဝအား ဖီနာဘာချီနှင့်ချန်ပီယံလိဂ်ပွဲစဉ်မှာဟက်ထရစ်သွင်းယူပြီးလှပစွာကန့်လန့်ကာဖွင့်လှစ်နိုင်ခဲ့သလိုအိုးထရက်ဖို့ဒ်တွင်ကစားစဉ်အတွင်းပရီးမီးယားလိဂ်ဖလားငါးကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာမန်ယူအတွက်ဂိုးပေါင်း၂၅၀သွင်းယူကာကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးခဲ့ပါတယ်။ဒါ့အပြင်သူဟာပရီးမီးယားလိဂ်ဂိုး၁၈၃ဂိုးသွင်းခဲ့ကာကလပ်တစ်ခုတည်းအတွက်ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူသူအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။သူဟာပရီးမီးယားလိဂ်သမိုင်းမှာဂိုး၂၀၀အထက်နှင့်ဖန်တီးမှု၁၀၀အထက်ပြုလုပ်နိုင်ခဲ့တဲ့တစ်ဦးတည်းသောကစားသမားလည်းဖြစ်သလိုပရီးမီးယားလိဂ်သမိုင်းမှာအလန်ရှီးယားပြီးရင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူပါ။သူဟာကစားသမားဘဝတစ်လျှောက် အနိုင်လိုစိတ်ပြင်းထန်တဲ့ကစားဟန်ကြောင့်ဖြင့်နာမည်ကြီးခဲ့သလိုအောင်မြင်မှုများစွာရရှိခဲ့ပေမယ့်ကွင်းတွင်း/ကွင်းပြင်မှတ်မိချင်စရာမကောင်းတဲ့ဖြစ်ရပ်တွေလည်းကြုံခဲ့ရသူပါ။အထက်ပါအဖြစ်အပျက်များကို ဝိန်းရွန်းနီအကြောင်းကို Amazon Prime မှတ်တမ်းရုပ်ရှင်မှာမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ရွန်းနီရဲ့Amazon Prime မှတ်တမ်းရုပ်ရှင်မှာ မည်သူမှမမြင်ဖူးသေးတဲ့ဝိန်းရွန်းနီရဲ့ငယ်စဉ်တုန်းကဗီဒီယိုမှတ်တမ်းအချို့လည်းပါဝင်ပါတယ်။သူ့ငယ်စဉ်ဘဝနဲ့ပတ်သက်ပြီးရွန်းနီက “ကျုပ်ကခရောက်စ်တက်မှာကြီးလာတာ။ခင်ဗျားသာအဲဒီကလူတစ်ယောက်ဆိုရင်အဲဒီနေရာကိုပြဿနာဖြစ်လေ့ဖြစ်ထရှိတဲ့နေရာလို့ထင်မှာမဟုတ်ပါဘူး။ဒါပေမယ့်ကျုပ်ကတော့အဖေနဲ့ပြဿနာတွေအများကြီးတက်ခဲ့တယ်။သူဟာကျုပ်ကိုပါးရိုက်ခဲ့တယ်။ကျုပ်ကလည်းယဉ်ကျေးလိမ္မာတဲ့ကလေးတစ်ယောက်မဟုတ်ခဲ့ပါဘူး။ငယ်ငယ်တုန်းကရန်အများကြီးဖြစ်ခဲ့ဖူးတယ်”လို့ပြောကြားခဲ့ပါတယ်။ဒါ့အပြင် ရွန်းနီဟာ Amazon Prime မှတ်တမ်းရုပ်ရှင်တွင်ကစားသမားဘဝတုန်းကမန်ယူနှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်တာနဲ့အညီအောင်မြင်မှုရရှိရေးအတွက်ဖိအားများစွာမြင့်မားမှုကြောင့်စိတ်ကျန်းမာရေးပြဿနာနှင့်ကြုံခဲ့ရပြီးကုသမှုခံယူခဲ့ရကြောင်းလည်းဖွင့်ဟသွားပါတယ်။ရွန်းနီရဲ့Amazon Prime မှတ်တမ်းရုပ်ရှင်ကိုလာမယ့်၂၀၂၂ခုနှစ်မှာထုတ်လွှင့်ပြသသွားပါမယ်။ newz24hrnews newz24hrnews