ဝင်ဘာလေကွင်းမှာ ဂျာမနီရဲ့၂၀၀၉ကအကြွေးကို အကြေချေပြီး ၂၀၂၂ချန်ပီယံမှန်ကန်ကြောင်းပြလာတဲ့ အင်္ဂလန်
အင်္ဂလန်အသင်းဟာမနေ့ညတုန်းကဝင်ဘာလေကွင်းတွင်ဂျာမနီကိုအချိန်ပိုဂိုးဖြင့်၂-၁ဂိုးဖြင့်အနိုင်
ရရှိကာယူရို၂၀၂၂ချန်ပီယံဖြစ်လာပါတယ်။အင်္ဂလန်ဟာသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အ
ဖြစ်နိုင်ငံတကာဆုဖလားဆွတ်ခူးလာနိုင်ခဲ့တာဖြစ်ပါတယ်။၎င်းတို့ဟာယူရို၂၀၀၉ပြိုင်ပွဲတုန်းကဗိုလ်
လုပွဲသို့တက်ရောက်နိုင်ခဲ့ပေမဲ့ဂျာမနီကိုရှုံးနိမ့်ခဲ့ပါတယ်။ယခုအခါမှာတော့၎င်းတို့ဟာယူရို၂၀၀၉
ဗိုလ်လုပွဲရှုံးကြွေးကိုပြန်ဆပ်လိုက်နိုင်ပြီဖြစ်ပါတယ်။ဝင်ဘာလေကွင်းတွင်ကစားတဲ့အင်္ဂလန်နှင့်ဂျာ
မနီတို့ရဲ့ယူရို၂၀၂၂ဗိုလ်လုပွဲကို ပရိသတ်စံချိန်တင် ၈၇၁၉၂ဦးအထိလာကြည့်ခဲ့ကြတာလည်းတွေ့
ရပါတယ်။အင်္ဂလန်အသင်းဟာတူးနီရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့လည်းမက်ဂူးလ်ကဂျာမနီအတွက်
ပြန်လည်ချေပခဲ့လို့ပွဲချိန်အတွင်းတစ်ဂိုးစီသရေကျကာအချိန်ပိုကစားခဲ့ရပါတယ်။အချိန်ပိုတွင်ကယ်
လီကအင်္ဂလန်အတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။အင်္ဂလန်ဟာ၅၆နှစ်အတွင်းပထ
မဆုံးနိုင်ငံတကာဆုဖလားဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။၎င်းတို့ဟာ၁၉၆၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်
အနောက်ဂျာမနီကိုအနိုင်ရကာကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ပထမဆုံးနိုင်ငံတကာဖလားဆွတ်
ခူးလာတာဖြစ်ပါတယ်။ဒါ့အပြင်အင်္ဂလန်အမျိုးသမီးအသင်းဟာလည်းပထမဆုံးအကြိမ်အဖြစ်နိုင်ငံ
တကာဆုဖလားဆွတ်ခူးလာနိုင်ပြီဖြစ်ပါတယ်။