ဝက်စ်ဟမ်းနဲ့အပြိုင် လင်ဂတ်ကိုခေါ်ယူဖို့ကြိုးစာလာတဲ့ ပရီးမီးယားလိဂ်တန်းတက်ကလပ်

‌ဒီရာသီ ပရီးမီးယားလိဂ်တန်းတက်အသင်းဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ မန်ချက်

စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်း ဂျီစီ လင်းဂတ်ကို ခေါ်ယူသွားနိုင်ဖို့

ရာအတွက် ဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်တိုက်

စစ်ကစားသမားဟာ ဂျွန်လအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကနေ

ထွက်ခွာပြီး လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီတုန်းက လင်းဂတ်

ဟာ ရာသီဝက်မှာ ဝက်စ်ဟန်းအသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ခြေစမ်းပြနိုင်ခဲ့တာ

ကြောင့် ဝက်စ်ဟန်းအသင်းကလည်း လင်းဂတ်ကို အပြီးသတ်ပြန်လည် ခေါ်ယူသွားဖို့ စိတ်ဝင်စား

လျက်ရှိနေပါတယ်။လက်ရှိမှာတော့ လင်းဂတ်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ပြေးနေတဲ့အသင်းဟာ

ဝက်စ်ဟန်းဖြစ်နေပြီး၊ လင်းဂတ်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၈၀,၀၀၀ တောင်းဆိုမှုဟာ အပြောင်း

အရွှေ့မှာ အရှုပ်အထွေးဖြစ်လာနိုင်ပေမယ့်၊ ကစားသမားဖြစ်သူအနေနဲ့ လန်ဒန်ကိုပဲ ပြန်သွားဖို့

သတင်းတွေကြီးထွားနေပါတယ်။ ဒါပေမယ့်လည်း ဖောရက်စ်အသင်းဟာ လင်းဂတ်ကိုအလွန်

အကျိုးမြတ်ရှိမယ့် ကမ်းလှမ်းမှုတစ်ခု လုပ်ထားပြီး၊ ကစားသမားဖြစ်သူကို အသင်းဆီ ခေါ်ဆောင်

သွားဖို့ တွေ့ဆုံဆွေးနွေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ The Guardian သတင်းဌာ

နက ဖော်ပြလာပါတယ်။ နည်းပြ စတိဗ် ကူးပါးရဲ့ အသင်းဟာ လင်းဂတ်ကို ခေါ်ယူနိုင်ဖို့အတွက်

အသင်းရဲ့ လစာဖွဲ့စည်းပုံကိုပါ ဖျက်သိမ်းဖို့ အဆင်သင့်ဖြစ်နေတာကြောင့်ဝက်စ်ဟန်းအသင်းရဲ့

မျှော်လင့်ချက်ဟာ အန္တရာယ်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဖောရက်စ်အသင်းဟာ ရာသီသစ်အတွက်

ကစားသမားအသစ်တွေကို ခေါ်ယူအားဖြည့်ထားပြီး မကြာသေးမီတုန်းကလည်း မန်ယူအသင်း

ဆီကနေ အရန်ဂိုးသမား ဒင်းဟန်ဒါဆန်ကို အငှားနဲ့ ခေါ်ယူထားခဲ့ပါတယ်။ လက်ရှိမှာလည်း လင်

းဂတ်ဟာ အလွတ်နဲ့ ခေါ်လို့ရနိုင်မာဖြစ်တာကြောင့် မျက်စိကျနေတာဖြစ်ပါတယ်။

‌ဒီရာသီ ပရီးမီးယားလိဂ္တန္းတက္အသင္းျဖစ္တဲ့ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းဟာ မန္ခ်က္

စတာယူႏိုက္တက္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားေဟာင္း ဂ်ီစီ လင္းဂတ္ကို ေခၚယူသြားႏိုင္ဖို႔

ရာအတြက္ ေဆြးေႏြးလ်က္ရွိေၾကာင္း သိရပါတယ္။ အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ ကြင္းလယ္တိုက္

စစ္ကစားသမားဟာ ဂြၽန္လအကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္ကေန

ထြက္ခြာၿပီး လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီတုန္းက လင္းဂတ္

ဟာ ရာသီဝက္မွာ ဝက္စ္ဟန္းအသင္းဆီ အငွားနဲ႔ သြားေရာက္ကစားခဲ့ၿပီး ေျခစမ္းျပႏိုင္ခဲ့တာ

ေၾကာင့္ ဝက္စ္ဟန္းအသင္းကလည္း လင္းဂတ္ကို အၿပီးသတ္ျပန္လည္ ေခၚယူသြားဖို႔ စိတ္ဝင္စား

လ်က္ရွိေနပါတယ္။လက္ရွိမွာေတာ့ လင္းဂတ္ကို ေခၚယူဖို႔ ထိပ္ဆုံးက ေျပးေနတဲ့အသင္းဟာ

ဝက္စ္ဟန္းျဖစ္ေနၿပီး၊ လင္းဂတ္ရဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၁၈၀,၀၀၀ ေတာင္းဆိုမႈဟာ အေျပာင္း

အေ႐ႊ႕မွာ အရႈပ္အေထြးျဖစ္လာႏိုင္ေပမယ့္၊ ကစားသမားျဖစ္သူအေနနဲ႔ လန္ဒန္ကိုပဲ ျပန္သြားဖို႔

သတင္းေတြႀကီးထြားေနပါတယ္။ ဒါေပမယ့္လည္း ေဖာရက္စ္အသင္းဟာ လင္းဂတ္ကိုအလြန္

အက်ိဳးျမတ္ရွိမယ့္ ကမ္းလွမ္းမႈတစ္ခု လုပ္ထားၿပီး၊ ကစားသမားျဖစ္သူကို အသင္းဆီ ေခၚေဆာင္

သြားဖို႔ ေတြ႕ဆုံေဆြးေႏြးမႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ The Guardian သတင္းဌာ

နက ေဖာ္ျပလာပါတယ္။ နည္းျပ စတိဗ္ ကူးပါးရဲ႕ အသင္းဟာ လင္းဂတ္ကို ေခၚယူႏိုင္ဖို႔အတြက္

အသင္းရဲ႕ လစာဖြဲ႕စည္းပုံကိုပါ ဖ်က္သိမ္းဖို႔ အဆင္သင့္ျဖစ္ေနတာေၾကာင့္ဝက္စ္ဟန္းအသင္းရဲ႕

ေမွ်ာ္လင့္ခ်က္ဟာ အႏၲရာယ္ရွိေနၿပီလို႔ ဆိုႏိုင္ပါတယ္။ ေဖာရက္စ္အသင္းဟာ ရာသီသစ္အတြက္

ကစားသမားအသစ္ေတြကို ေခၚယူအားျဖည့္ထားၿပီး မၾကာေသးမီတုန္းကလည္း မန္ယူအသင္း

ဆီကေန အရန္ဂိုးသမား ဒင္းဟန္ဒါဆန္ကို အငွားနဲ႔ ေခၚယူထားခဲ့ပါတယ္။ လက္ရွိမွာလည္း လင္

းဂတ္ဟာ အလြတ္နဲ႔ ေခၚလို႔ရႏိုင္မာျဖစ္တာေၾကာင့္ မ်က္စိက်ေနတာျဖစ္ပါတယ္။