ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်မဟုတ်တော့ပဲ ကွင်းလယ်အတွက်ပစ်မှတ်ပြောင်းလာနိုင်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းက ဝက်စ်ဟမ်း

ကွင်းလယ်လူဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက သူတို့ကစားသမား

အတွက်ပေါင်သန်း(၁၀၀)အထိဈေးသတ်မှတ်ခဲ့လို့ အဆင်မပြေဖြစ်ခဲ့ရပါတယ်။နည်းပြဆိုးလ်ရှားဟာ ဒီ

ကလန်ရိုက်စ်ရဲ့ခြေစွမ်းအပေါ် ကြိုက်နှစ်သက်နေပြီးလာမယ့်နှစ်၊နွေရာသီကျရင် ဆက်လက်ကြိုးပမ်းသွား

လိုပေမယ့် ဝက်စ်ဟမ်းအသင်းက ဒီကလန်ရိုက်စ်အတွက် သတ်မှတ်ထားတဲ့ဈေးနှုန်းကို လျှော့ချမယ့်အ

နေအထားမရှိတာကြောင့် ဒီကလန်ရိုက်စ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့လက်လျှော့ရမယ့်အနေအ

ထားဖြစ်နေပါပြီ။ အဲဒါကြောင့် ယူနိုက်တက်အသင်းဟာဒီကလန်ရိုက်စ်အစား လိဒ်စ်အသင်းနဲ့အတူခြေ

စွမ်းပြကစားနေတဲ့ကယ်လ်ဗင်ဖိလစ်ကို ခေါ်ယူဖို့ပြောင်းလဲကြိုးပမ်းသွားဖို့ရှိနေပြီး ကယ်လ်ဗင်ဖိလစ်ရဲ့

စွမ်းဆောင်ရည်အပေါ် ယူနိုက်တက်အသင်း နှစ်သက်သဘောကျနေသလိုလာမယ့်နှစ်၊နွေရာသီကျရင်

ကမ်းလှမ်းမှုပြုလုပ်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းမှာ Holding Midfield နေရာအတွက်

အကောင်းဆုံးကစားနိုင်မယ့်သူမရှိဖြစ်နေတာက ပြဿနာဖြစ်နေပြီး ကယ်လ်ဗင်ဖိလစ်ကအဲဒီပြဿနာ

အတွက်အဖြေဖြစ်လာနိုင်သလို သူရောက်လာမယ်ဆိုရင်တိုက်စစ်ကစားသမားတွေ ခံစစ်ကို ကူစရာမလို

ဘဲ လွတ်လွတ်လပ်လပ်ကစားနိုင်ဖို့ရှိနေပါတယ်။ ကယ်လ်ဗင်ဖိလစ်ဟာ လိဒ်စ်အသင်းနဲ့၂၀၂၄ ခုနှစ်အထိ

စာချုပ်သက်တမ်းကျန်ရှိနေပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးကပေါင်သန်း(၆၀)ပမာဏအထိရှိနိုင်ပေမယ့် ဒီက

လန်ရိုက်စ်ထက်စာရင်နည်းပါးနေတာကြောင့် ယူနိုက်တက်အသင်းက ကယ်လ်ဗင်ဖိလစ်ကိုကြိုးပမ်းဖို့

စိတ်ဝင်စားနေတာဖြစ်ပါတယ်။