လေ့ကျင့်ရေးကွင်းက ဗီဒီယိုဖိုင်ကြောင့် လီဗာပူးပရိသတ်ကြား နူးနက်ဇ်နဲ့အဖော်ရသွားတဲ့ ဟာလန်း

လီဗာပူးလ်ပရိသတ်တွေဟာ ၃ ကိုက်အကွာကနေ ပိတ်သွင်းယူခဲ့တဲ့ ဂိုးကို လွဲချော်ခဲ့တဲ့ မန်စီး

တီးတိုက်စစ်မှူးဟာလန်းရဲ့ လေ့ကျင့်ရေးကွင်းက ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေမှုတွေပြုလုပ်

ကာ လှောင်ပြောင်နေကြတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ တွစ်တာမှာ ဖော်ပြနေ

ကြတာဖြစ်ပြီး တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဟာလန်းက ပိတ်သွင်းယူရာမှာ ဂိုးသ

မားက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ “၃ ကိုက်အကွာက ဘောလုံးကို ဘယ်လိုများလွဲချော်

တာပါလိမ့်” လို့ ဆိုကာ သီယာဂိုအယ်လ်ကာတန်ရာရဲ့ပုံကို Profile အဖြစ်တင်ထားတဲ့ တွစ်

တာအကောင့်က မျှဝေခဲ့ပါတယ်။ ဒါဟာ လီဗာပူးလ်တိုက်စစ်မှူးသစ်ဒါဝင်နူနက်ဇ်ကို ဝေဖန်

မှုတွေ အများအပြားပြုလုပ်ခံရပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာလည်းဖြစ်တယ်လို့ Sportbible

က ရေးသားထားတာကို တွေ့ရပါတယ်။ နူနက်ဇ်ကတော့ လီဗာပူးလ်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေ

မှာ တော်တော်လေးဆိုးရွားတဲ့ လွဲချော်မှုကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်၊

ပဲလေ့စ်တို့နဲ့ပွဲတွေမှာ အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့လို့ ယူရိုသန်း ၁၀၀ တန်တိုက်စစ်မှူး

ဟာ ဝေဖန်မှု၊ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး အသင်းဖော်တွေ၊ နည်းပြယာဂင်ကလော့ပ်

နဲ့ လီဗာပူးလ်ဂန္ထဝင်ကစားသမားတွေကိုယ်တိုင်က ကာကွယ်ပေးနေရတာလည်းဖြစ်ပါတယ်။

ဟာလန်းကလည်း နူနက်ဇ်နည်းတူ ဒီရာသီမှာမှ အသင်းသစ်ကို ရောက်ရှိလာခဲ့သူဖြစ်ကာ မန်စီး

တီးနဲ့အတူ ခြေစွမ်းပြနိုင်မယ့် တိုက်စစ်မှူးအဖြစ် ယူဆခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်

ရေးကွင်းမှာ သူ့ရဲ့ လွဲချော်မှုတွေရှိလာခဲ့တဲ့နောက် လီဗာပူးလ်ပရိသတ်တွေက ပြန်လည်လှောင်

ပြောင်မှုတွေပြုလုပ်ခဲ့ကြပြီး ဒါဝင်နူနက်ဇ်မှမဟုတ်ဘဲ ဟာလန်းလိုကစားသမားတောင်မှ လွဲ

ချော်နေတယ်လို့ အားလုံးကို သိစေချင်ဟန်ရှိတယ်လို့လည်း ယူဆရပါတယ်။

လီဗာပူးလ္ပရိသတ္ေတြဟာ ၃ ကိုက္အကြာကေန ပိတ္သြင္းယူခဲ့တဲ့ ဂိုးကို လြဲေခ်ာ္ခဲ့တဲ့ မန္စီး

တီးတိုက္စစ္မႉးဟာလန္းရဲ႕ ေလ့က်င့္ေရးကြင္းက ဗီဒီယိုဖိုင္ကို ျပန္လည္မွ်ေဝမႈေတြျပဳလုပ္

ကာ ေလွာင္ေျပာင္ေနၾကတယ္လို႔ Sportbible က ေဖာ္ျပခဲ့ပါတယ္။ တြစ္တာမွာ ေဖာ္ျပေန

ၾကတာျဖစ္ၿပီး တိုင္ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ဟာလန္းက ပိတ္သြင္းယူရာမွာ ဂိုးသ

မားက ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ “၃ ကိုက္အကြာက ေဘာလုံးကို ဘယ္လိုမ်ားလြဲေခ်ာ္

တာပါလိမ့္” လို႔ ဆိုကာ သီယာဂိုအယ္လ္ကာတန္ရာရဲ႕ပုံကို Profile အျဖစ္တင္ထားတဲ့ တြစ္

တာအေကာင့္က မွ်ေဝခဲ့ပါတယ္။ ဒါဟာ လီဗာပူးလ္တိုက္စစ္မႉးသစ္ဒါဝင္ႏူနက္ဇ္ကို ေဝဖန္

မႈေတြ အမ်ားအျပားျပဳလုပ္ခံရၿပီးေနာက္မွာ ထြက္ေပၚလာခဲ့တာလည္းျဖစ္တယ္လို႔ Sportbible

က ေရးသားထားတာကို ေတြ႕ရပါတယ္။ ႏူနက္ဇ္ကေတာ့ လီဗာပူးလ္ရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတြ

မွာ ေတာ္ေတာ္ေလးဆိုး႐ြားတဲ့ လြဲေခ်ာ္မႈကို ရင္ဆိုင္ခဲ့ရသူျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္၊

ပဲေလ့စ္တို႔နဲ႔ပြဲေတြမွာ အပိုင္အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့လို႔ ယူ႐ိုသန္း ၁၀၀ တန္တိုက္စစ္မႉး

ဟာ ေဝဖန္မႈ၊ ေလွာင္ေျပာင္မႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရၿပီး အသင္းေဖာ္ေတြ၊ နည္းျပယာဂင္ကေလာ့ပ္

နဲ႔ လီဗာပူးလ္ဂႏၴဝင္ကစားသမားေတြကိုယ္တိုင္က ကာကြယ္ေပးေနရတာလည္းျဖစ္ပါတယ္။

ဟာလန္းကလည္း ႏူနက္ဇ္နည္းတူ ဒီရာသီမွာမွ အသင္းသစ္ကို ေရာက္ရွိလာခဲ့သူျဖစ္ကာ မန္စီး

တီးနဲ႔အတူ ေျခစြမ္းျပႏိုင္မယ့္ တိုက္စစ္မႉးအျဖစ္ ယူဆခံေနရတာျဖစ္ပါတယ္။ ဒါေပမယ့္ ေလ့က်င့္

ေရးကြင္းမွာ သူ႔ရဲ႕ လြဲေခ်ာ္မႈေတြရွိလာခဲ့တဲ့ေနာက္ လီဗာပူးလ္ပရိသတ္ေတြက ျပန္လည္ေလွာင္

ေျပာင္မႈေတြျပဳလုပ္ခဲ့ၾကၿပီး ဒါဝင္ႏူနက္ဇ္မွမဟုတ္ဘဲ ဟာလန္းလိုကစားသမားေတာင္မွ လြဲ

ေခ်ာ္ေနတယ္လို႔ အားလုံးကို သိေစခ်င္ဟန္ရွိတယ္လို႔လည္း ယူဆရပါတယ္။