လော့စ်အိန်ဂျယ်လိစ်အက်ဖ်စီသို့ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်းအံ့ဩသင့်ဖွယ်အတည်ပြုလာတဲ့ ဂါရတ်ဘေးလ်

ဂါရတ်ဘေးလ်ကလော့စ်အိန်ဂျယ်လိစ်အက်ဖ်စီသို့ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်းအံ့ဩသင့်

ဖွယ်အတည်ပြုလာပါတယ်။အသက်၃၂နှစ်ရှိဝေးလ်အသင်းခေါင်းဆောင်ဟာစာချုပ်သက်တမ်း

ကုန်ဆုံးပြီးနောက်ရီးရဲလ်မက်ဒရစ်မှထွက်ခွာလာခဲ့သူဖြစ်ပါတယ်။ဂါရတ်ဘေးလ်ဟာမွေးရပ်မြေ

ကလပ်ကာဒစ်ဖ်သို့ပြောင်းမယ်လို့အားလုံးရဲ့ယူဆခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမဲ့တကယ်

တမ်းမှာတော့ဘေးလ်ဟာ LAFC သို့ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်းအတည်ပြုလာပါတယ်။လက်

ရှိအချိန်တွင်ဘေးလ်နှင့်LAFC တို့ကစာချုပ်သက်တမ်းဘယ်လောက်ချုပ်ဆိုလိုက်သလဲဆိုတာ

ကြေညာသွားခြင်းမရှိပါဘူး။၎င်းတို့ဟာဇူလိုင်လ၇ရက်နေ့အပြောင်းအရွှေ့ပြန်ဖွင့်ချိန်မှကြေညာ

လာဖို့ရှိပါတယ်။လာမယ့်လတွင်အသက်၃၃နှစ်ပြည့်မယ့်ဘေးလ်ဟာဝေးလ်နှင့်အတူကမ္ဘာ့ဖလား

ပြိုင်ပွဲကစားရန်ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်နေစေရန် မေဂျာလိဂ်သို့ပြောင်းရွှေ့ကစားမှာဖြစ်

ပြီးကာလတိုစာချုပ်သာချုပ်ဆိုသွားဖို့ရှိပါတယ်။LAFA ဟာဂါရတ်ဘေးလ်မတိုင်မီယခုလအစော

ပိုင်းတုန်းကအီတလီဝါရင့်ဗဟိုနောက်ခံလူချီရယ်လီနီကိုလည်းခေါ်ယူခဲ့ပါတယ်။

ဂါရတ္ေဘးလ္ကေလာ့စ္အိန္ဂ်ယ္လိစ္အက္ဖ္စီသို႔ေျပာင္းေ႐ႊ႕ကစားမည္ျဖစ္ေၾကာင္းအံ့ဩသင့္

ဖြယ္အတည္ျပဳလာပါတယ္။အသက္၃၂ႏွစ္ရွိေဝးလ္အသင္းေခါင္းေဆာင္ဟာစာခ်ဳပ္သက္တမ္း

ကုန္ဆုံးၿပီးေနာက္ရီးရဲလ္မက္ဒရစ္မွထြက္ခြာလာခဲ့သူျဖစ္ပါတယ္။ဂါရတ္ေဘးလ္ဟာေမြးရပ္ေျမ

ကလပ္ကာဒစ္ဖ္သို႔ေျပာင္းမယ္လို႔အားလုံးရဲ႕ယူဆျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။ဒါေပမဲ့တကယ္

တမ္းမွာေတာ့ေဘးလ္ဟာ LAFC သို႔ေျပာင္းေ႐ႊ႕လိုက္ၿပီျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။လက္

ရွိအခ်ိန္တြင္ေဘးလ္ႏွင့္LAFC တို႔ကစာခ်ဳပ္သက္တမ္းဘယ္ေလာက္ခ်ဳပ္ဆိုလိုက္သလဲဆိုတာ

ေၾကညာသြားျခင္းမရွိပါဘူး။၎တို႔ဟာဇူလိုင္လ၇ရက္ေန႔အေျပာင္းအေ႐ႊ႕ျပန္ဖြင့္ခ်ိန္မွေၾကညာ

လာဖို႔ရွိပါတယ္။လာမယ့္လတြင္အသက္၃၃ႏွစ္ျပည့္မယ့္ေဘးလ္ဟာေဝးလ္ႏွင့္အတူကမာၻ႔ဖလား

ၿပိဳင္ပြဲကစားရန္ႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးျဖစ္ေနေစရန္ ေမဂ်ာလိဂ္သို႔ေျပာင္းေ႐ႊ႕ကစားမွာျဖစ္

ၿပီးကာလတိုစာခ်ဳပ္သာခ်ဳပ္ဆိုသြားဖို႔ရွိပါတယ္။LAFA ဟာဂါရတ္ေဘးလ္မတိုင္မီယခုလအေစာ

ပိုင္းတုန္းကအီတလီဝါရင့္ဗဟိုေနာက္ခံလူခ်ီရယ္လီနီကိုလည္းေခၚယူခဲ့ပါတယ္။