မန်ချက်စတာယူနိုက်တက်ဟာလူငယ်ပါရမီရှင်ဇီဒန်းအစ်ခ်ဘောကိုနှစ်ရှည်စာချုပ်သစ်ချုပ်
ဆိုလိုက်ပြီဖြစ်ပါတယ်။အသက်၁၉နှစ်ရှိအလယ်တန်းတိုက်စစ်သမားဟာယူနိုက်တက်နှင့်သုံး
နှစ်စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်
ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။အစ်ခ်ဘောဟာအသက်၉နှစ်အရွယ်ကတည်းကယူနိုက်
တက်အကယ်ဒမီသို့ရောက်လာသူဖြစ်ပြီးယူနိုက်တက်ရဲ့အကောင်းဆုံးလူငယ်များထဲမှတစ်
ဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကယူနိုက်တက်ရဲ့
အရေးမပါတဲ့ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲတွင်ယူနိုက်တက်အတွက်ပထမဆုံးပွဲကစားခွင့်
ရခဲ့ပြီးနောက်ယူနိုက်တက်အတွက်ကစားခွင့်ရရှိတဲ့ပထမဆုံးဗြိတိန်တောင်အာရှကစားသ
မားဖြစ်လာပါတယ်။သူဟာဗြိတိန်တွင်မွေးဖွားသူဖြစ်ပြီးမိခင်မှာအီရတ်သူဖြစ်ကာဖခင်မှာ
ာပါကစ္စတန်ဖြစ်ပါတယ်။သူဟာလက်ရွေးစင်အသင်းအဆင့်တွင်အီရတ်အတွက်ကစားရန်
ရွေးချယ်ထားပြီးနှစ်ပွဲကစားထားပြီးဖြစ်ပါတယ်။သူဟာတနင်္လာနေ့တုန်းကယူနိုက်တက်
နည်းပြအဲရစ်တန်ဟက်လက်အောက်သစ်တွင်လေ့ကျင့်ခန်းဆင်းမှုပြုလုပ်ခဲ့ပါတယ်။သူဟာ
ပြီးခဲ့တဲ့ရာသီတုန်းကယူနိုက်တက်ယူ-၂၃အသင်းတွင်ပုံမှန်ကစားခွင့်ရရှိခဲ့ပြီး၁၇ပွဲကစားခဲ့
ရာမှာ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။