လူငယ်ကြယ်ပွင့်ကစားသမားလေး ဇီဒန်းနဲ့ ပတ်သက်ပြီး ယူနိုက်တက်ကိုမေးခွန်းထုတ်လာတဲ့ အဲရစ်တန်ဟန့်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး ဇီဒန်း အိဘယ်လ်ဟာ

ရာသီကြို ထရိမ်နင်မှာ နည်းပြသစ် အဲရစ် တန်ဟန့်ကို ချက်ချင်းအထင်ကြီးသွားအောင် လုပ်ပြ

နိုင်ခဲ့ပြီးတော့၊ တန်ဟန့်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပထမအသင်းမှာ ကွင်းလယ်ကစားသမားဖြစ်

သူ အိဘယ်လ်ကို ဘာလို့ ပွဲကစားခွင့်မိနစ်တွေ ပိုမပေးခဲ့တာလဲဆိုတာဆိုပြီးမေးခွန်းထုတ်လိုက်

ကြောင်း သိရပါတယ်။ တန့်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ရာသီကြိုထရိမ်နင်ကို ကာရင်တန်မှာ

စတင်ခဲ့ပြီးတော့ နောက်ရာသီအတွက် သူ့ရဲ့ အစီစဉ်တွေကို အကောင်အထည်ဖော်နေပြီ ဖြစ်ပါ

တယ်။ တန်ဟန့်ဟာ မန်ယူနည်းပြဖြစ်အပြီး သိပ်မကြာခင်မှာပဲ လူငယ်အကယ်ဒမီကြယ်ပွင့်

ကစားသမားအချို့ကို ပထမအသင်းမှာ နေရာပေးနိုင်အောင်ကြိုးပမ်းသွားမာဖြစ်ကြောင်း ပြော

ဆို ကတိပေးခဲ့ပါတယ်။ The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ပြီးခဲ့တဲ့တစ်ပတ်က ထ

ရိမ်နင်မှာ အိဘယ်လ်၊ ဟန်နီဗယ်လ် မတ်ဂ်ျဘရီနဲ့ အလက်ဂျန်ဒရို ဂါနာချိုတို့ဟာ တန်ဟန့်ကို

အထင်ကြီးသွားအောင် စွမ်းဆောင်ပြနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ အသင်းနဲ့

ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တဲ့အိဘယ်လ်ဟာ ပြီးခဲ့တဲ့ရာသီက ယန်းဘွိုင်းအသင်းနဲ့ ချန်ပီယံ

လိဂ်ပွဲစဉ် နောက်ဆုံးမိနစ်အပိုင်းအခြားမှာ သူ့ရဲ့ စီနီယာပွဲဦးထွက်ကို စတင်ခွင့်ရခဲ့ပါတယ်။ သ

တင်းအရင်းအမြစ်တစ်ခုကတော့ “ လူငယ်ကစားသမားအများအပြားလည်း ထရိမ်နင်မှာ ပါဝင်

နေကြပါတယ်။ တန်ဟန့်ဟာ အိဘယ်လ်ရဲ့ ခြေစွမ်းအပေါ် အထင်ကြီးနေပြီးတော့ ဘာကြောင့်

ပွဲကစားခွင့် ”“ မိနစ်တွေ ပိုပြီးတော့ မရခဲ့တာလဲဆိုတာကို မေးနေပါတယ်။ တန်ဟန့်က စီနီ

ယာကစားသမားတွေကိုလည်း သူတို့ရဲ့ နေရာတွေဟာ စိတ်မချရကြောင်း ပြောဖို့ကိုလည်း ကြိုး

စားနေပါတယ်။ သူတို့သာ ကြိုးကြိုးစားစား လုပ်မယ်ဆိုရင်၊ ကစားသမားတွေအနေနဲ့ သူ့ရဲ့

ညွှန်ကြားချက်တွေကို လိုက်လုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင်၊ ပထမအသင်းကနေရာကို ရနိုင်ပါလိမ့်

မယ်။ လူတိုင်းက သူတို့ရဲ့ ကစားပွဲကို အရှိန်မြှင့်လိုက်ကြပါပြီ။ အဲ့ဒါက ကောင်းမွန်တဲ့ပြိုင်ဆိုင်

မှုကို ဖန်တီးစေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမားေလး ဇီဒန္း အိဘယ္လ္ဟာ

ရာသီႀကိဳ ထရိမ္နင္မွာ နည္းျပသစ္ အဲရစ္ တန္ဟန႔္ကို ခ်က္ခ်င္းအထင္ႀကီးသြားေအာင္ လုပ္ျပ

ႏိုင္ခဲ့ၿပီးေတာ့၊ တန္ဟန႔္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ပထမအသင္းမွာ ကြင္းလယ္ကစားသမားျဖစ္

သူ အိဘယ္လ္ကို ဘာလို႔ ပြဲကစားခြင့္မိနစ္ေတြ ပိုမေပးခဲ့တာလဲဆိုတာဆိုၿပီးေမးခြန္းထုတ္လိုက္

ေၾကာင္း သိရပါတယ္။ တန႔္ဟာ ၿပီးခဲ့တဲ့အပတ္တုန္းက ရာသီႀကိဳထရိမ္နင္ကို ကာရင္တန္မွာ

စတင္ခဲ့ၿပီးေတာ့ ေနာက္ရာသီအတြက္ သူ႔ရဲ႕ အစီစဥ္ေတြကို အေကာင္အထည္ေဖာ္ေနၿပီ ျဖစ္ပါ

တယ္။ တန္ဟန႔္ဟာ မန္ယူနည္းျပျဖစ္အၿပီး သိပ္မၾကာခင္မွာပဲ လူငယ္အကယ္ဒမီၾကယ္ပြင့္

ကစားသမားအခ်ိဳ႕ကို ပထမအသင္းမွာ ေနရာေပးႏိုင္ေအာင္ႀကိဳးပမ္းသြားမာျဖစ္ေၾကာင္း ေျပာ

ဆို ကတိေပးခဲ့ပါတယ္။ The Sun သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရေတာ့ ၿပီးခဲ့တဲ့တစ္ပတ္က ထ

ရိမ္နင္မွာ အိဘယ္လ္၊ ဟန္နီဗယ္လ္ မတ္ဂ္်ဘရီနဲ႔ အလက္ဂ်န္ဒ႐ို ဂါနာခ်ိဳတို႔ဟာ တန္ဟန႔္ကို

အထင္ႀကီးသြားေအာင္ စြမ္းေဆာင္ျပႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ဒီတစ္ပတ္ထဲမွာပဲ အသင္းနဲ႔

ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့အိဘယ္လ္ဟာ ၿပီးခဲ့တဲ့ရာသီက ယန္းဘြိဳင္းအသင္းနဲ႔ ခ်န္ပီယံ

လိဂ္ပြဲစဥ္ ေနာက္ဆုံးမိနစ္အပိုင္းအျခားမွာ သူ႔ရဲ႕ စီနီယာပြဲဦးထြက္ကို စတင္ခြင့္ရခဲ့ပါတယ္။ သ

တင္းအရင္းအျမစ္တစ္ခုကေတာ့ “ လူငယ္ကစားသမားအမ်ားအျပားလည္း ထရိမ္နင္မွာ ပါဝင္

ေနၾကပါတယ္။ တန္ဟန႔္ဟာ အိဘယ္လ္ရဲ႕ ေျခစြမ္းအေပၚ အထင္ႀကီးေနၿပီးေတာ့ ဘာေၾကာင့္

ပြဲကစားခြင့္ ”“ မိနစ္ေတြ ပိုၿပီးေတာ့ မရခဲ့တာလဲဆိုတာကို ေမးေနပါတယ္။ တန္ဟန္႔က စီနီ

ယာကစားသမားေတြကိုလည္း သူတို႔ရဲ႕ ေနရာေတြဟာ စိတ္မခ်ရေၾကာင္း ေျပာဖို႔ကိုလည္း ႀကိဳး

စားေနပါတယ္။ သူတို႔သာ ႀကိဳးႀကိဳးစားစား လုပ္မယ္ဆိုရင္၊ ကစားသမားေတြအေနနဲ႔ သူ႔ရဲ႕

ၫႊန္ၾကားခ်က္ေတြကို လိုက္လုပ္ဖို႔ ဆႏၵရွိမယ္ဆိုရင္၊ ပထမအသင္းကေနရာကို ရႏိုင္ပါလိမ့္

မယ္။ လူတိုင္းက သူတို႔ရဲ႕ ကစားပြဲကို အရွိန္ျမႇင့္လိုက္ၾကပါၿပီ။ အဲ့ဒါက ေကာင္းမြန္တဲ့ၿပိဳင္ဆိုင္

မႈကို ဖန္တီးေစပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။