လူကာကူဝတ်ဆင်သွားတဲ့ကျောနံပတ်ကို မထိချင်မကိုင်ချင်ဖြစ်နေကြကြောင်း ဝန်ခံလာတဲ့ ချဲလ်ဆီးနည်းပြ

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က သူ့အသင်းကစားသမားတွေဟာ ချဲလ်ဆီးရဲ့ ကျောနံ

ပါတ် (၉) ဂျာစီကို ဝတ်ဆင်လိုခြင်းမရှိကြောင်း ဒီကနေ့ည အဲဗာတန်နဲ့ကစားမယ့်ပွဲမတိုင်ခင် ဝန်

ခံပြောကြားလိုက်ပါတယ်။ လူကာကူ အင်တာမီလန်ကို အငှားနဲ့ထွက်သွားပြီးနောက် ဒီကျောနံ

ပါတ် (၉) က လစ်လပ်နေတာပါ။ချဲလ်ဆီးရဲ့ ကျောနံပါတ် (၉) ဂျာစီဟာ တော်တော်လေးကို ကျိန်

စာသင့်နေတယ်လို့ပြောရမှာလည်းဖြစ်ပါတယ်။ ဒီကျောနံပါတ်နဲ့ ချဲလ်ဆီးမှာ နောက်ဆုံးအောင်

မြင်ခဲ့တဲ့ တိုက်စစ်မှူးက ဟက်ဆယ်ဘိန့်ခ်ဖြစ်ပြီး အသင်းကိုရောက်လာတဲ့ ပထမဆုံးရာသီမှာတင်

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ ချဲလ်ဆီးရဲ့

ကျောနံပါတ် (၉) ဂျာစီကို ဝတ်ဆင်ခဲ့ကြတဲ့ ဟီဂွါအင်၊ မိုရာတာ၊ ဖယ်လ်ကာအို၊ တောရက်စ်၊ အေ

ဘရာဟမ်၊ လူကာကူတို့အားလုံး အသင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိ

ချဲလ်ဆီးကစားသမားတွေထဲမှာ ဘယ်သူကမှ ကျောနံပါတ် (၉) ကို ဝတ်ဆင်လိုခြင်းမရှိဘူးလို့

တူဟယ်လ်က ပြောပါတယ်။တူဟယ်လ်က “ဒါက ကျိန်စာသင့်နေတာဆိုပြီး အသင်းမှာရှိတဲ့လူ

တွေက ပြောပါတယ်။ ဒါက နည်းဗျူဟာပိုင်းဆိုင်ရာ အကြောင်းပြချက်တွေနဲ့လည်း မသက်ဆိုင်

ပါဘူး။ ကစားသမားတွေက တခါတလေ သူတို့ရဲ့ ကျောနံပါတ်ကို ပြောင်းလဲချင်ကြပေမယ့် အံ့

အားသင့်ဖို့ကောင်းစွာနဲ့ပဲ ဒီကျောနံပါတ် (၉) ကို ဘယ်သူကမှ ထိတောင်မထိချင်ကြပါဘူး”

“အသင်းမှာ ကျနော့်ထက် စောရောက်နေတဲ့လူတိုင်းက ကျနော့်ကို ‘ခင်ဗျားသိလား။ ကစားသ

မားတယောက်က ကျောနံပါတ် (၉) ဝတ်ပြီဟေ့ဆိုတာနဲ့ ဂိုးမသွင်းတော့ဘူး’ လို့ ပြောခဲ့ကြပါ

တယ်။ အခု ကျနော်လည်း ဒါမျိုး အခိုက်အတန့်နဲ့ ကြုံနေရပါတယ်။ ဘယ်သူကမှ ကျောနံပါတ်

(၉) ကို မထိချင်မကိုင်ချင်ဖြစ်နေကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္တူဟယ္လ္က သူ႔အသင္းကစားသမားေတြဟာ ခ်ဲလ္ဆီးရဲ႕ ေက်ာနံ

ပါတ္ (၉) ဂ်ာစီကို ဝတ္ဆင္လိုျခင္းမရွိေၾကာင္း ဒီကေန႔ည အဲဗာတန္နဲ႔ကစားမယ့္ပြဲမတိုင္ခင္ ဝန္

ခံေျပာၾကားလိုက္ပါတယ္။ လူကာကူ အင္တာမီလန္ကို အငွားနဲ႔ထြက္သြားၿပီးေနာက္ ဒီေက်ာနံ

ပါတ္ (၉) က လစ္လပ္ေနတာပါ။ခ်ဲလ္ဆီးရဲ႕ ေက်ာနံပါတ္ (၉) ဂ်ာစီဟာ ေတာ္ေတာ္ေလးကို က်ိန္

စာသင့္ေနတယ္လို႔ေျပာရမွာလည္းျဖစ္ပါတယ္။ ဒီေက်ာနံပါတ္နဲ႔ ခ်ဲလ္ဆီးမွာ ေနာက္ဆုံးေအာင္

ျမင္ခဲ့တဲ့ တိုက္စစ္မႉးက ဟက္ဆယ္ဘိန္႔ခ္ျဖစ္ၿပီး အသင္းကိုေရာက္လာတဲ့ ပထမဆုံးရာသီမွာတင္

ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ ေနာက္ပိုင္းႏွစ္ေတြမွာ ခ်ဲလ္ဆီးရဲ႕

ေက်ာနံပါတ္ (၉) ဂ်ာစီကို ဝတ္ဆင္ခဲ့ၾကတဲ့ ဟီဂြါအင္၊ မိုရာတာ၊ ဖယ္လ္ကာအို၊ ေတာရက္စ္၊ ေအ

ဘရာဟမ္၊ လူကာကူတို႔အားလုံး အသင္းမွာ ႐ုန္းကန္ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္လည္း လက္ရွိ

ခ်ဲလ္ဆီးကစားသမားေတြထဲမွာ ဘယ္သူကမွ ေက်ာနံပါတ္ (၉) ကို ဝတ္ဆင္လိုျခင္းမရွိဘူးလို႔

တူဟယ္လ္က ေျပာပါတယ္။တူဟယ္လ္က “ဒါက က်ိန္စာသင့္ေနတာဆိုၿပီး အသင္းမွာရွိတဲ့လူ

ေတြက ေျပာပါတယ္။ ဒါက နည္းဗ်ဴဟာပိုင္းဆိုင္ရာ အေၾကာင္းျပခ်က္ေတြနဲ႔လည္း မသက္ဆိုင္

ပါဘူး။ ကစားသမားေတြက တခါတေလ သူတို႔ရဲ႕ ေက်ာနံပါတ္ကို ေျပာင္းလဲခ်င္ၾကေပမယ့္ အံ့

အားသင့္ဖို႔ေကာင္းစြာနဲ႔ပဲ ဒီေက်ာနံပါတ္ (၉) ကို ဘယ္သူကမွ ထိေတာင္မထိခ်င္ၾကပါဘူး”

“အသင္းမွာ က်ေနာ့္ထက္ ေစာေရာက္ေနတဲ့လူတိုင္းက က်ေနာ့္ကို ‘ခင္ဗ်ားသိလား။ ကစားသ

မားတေယာက္က ေက်ာနံပါတ္ (၉) ဝတ္ၿပီေဟ့ဆိုတာနဲ႔ ဂိုးမသြင္းေတာ့ဘူး’ လို႔ ေျပာခဲ့ၾကပါ

တယ္။ အခု က်ေနာ္လည္း ဒါမ်ိဳး အခိုက္အတန္႔နဲ႔ ႀကဳံေနရပါတယ္။ ဘယ္သူကမွ ေက်ာနံပါတ္

(၉) ကို မထိခ်င္မကိုင္ခ်င္ျဖစ္ေနၾကပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။