လီဝန်ဒေါစကီးအတွက် မျက်ရည်နှက်စက်ဖြစ်စေခဲ့တဲ့ ဘယ်လ်ချီယံနဲ့ပိုလန်ပွဲစဥ်

 

မနေ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ပိုလန်တို့ရဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဉ်မှာ

ဘယ်လ်ဂျီယံက ဂိုးဒါဇင်ဝက်အထိ သွင်းယူကာ ဂိုးမိုးရွာခဲ့ပါတယ်။

ဘယ်လ်ဂျီယံဟာ အုပ်စုအဖွင့်ပွဲမှာ နယ်သာလန်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့်

ဒီပွဲမှာ အပြည့်အဝ အားထည့်ပြီး ပိုလန်ကို တစ်ဖက်သတ် အသာစီးရရှိခဲ့ပါတယ်။

ပိုလန်ကပွဲကစားချိန် (၂၈) မိနစ်မှာ လီဝန်ဒေါစကီးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေ

မယ့်ဘယ်လ်ဂျီယံရဲ့ တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် ဂိုးတွေဆက်တိုက်

ပြန်ပေးခဲ့ရပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ ဘယ်လ်ဂျီယံ 6-1 ပိုလန်ပွဲကဂိုးသွင်း

မှတ်တမ်းကတော့ (ဝစ်ဆဲလ် ၄၂မိနစ် ဒီဘရိုင်းနား ၅၉မိနစ်

ထရိုဆက်ဒ် ၇၃မိနစ် ၈၀မိနစ် ဒန်ဒွန်ကာ ၈၃မိနစ် အိုပင်းဒါ ၉၀+၃မိနစ်)နဲ့

လီဝန်ဒေါစကီး ၂၈မိနစ်ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံဟာ ဂိုးကန်သွင်းခွင့်

၁၁ ကြိမ်ရရှိရာမှ ၆ ဂိုးရခဲ့တာဖြစ်ပါတယ်။ ယခုပွဲအနိုင်ရပြီးနောက်

ဘယ်လ်ဂျီယံဟာ နေးရှင်းလိဂ်အုပ်စုအတွင်းတွင် ၂ ပွဲကစား ၃ မှတ်အဖြင့်

ဒုတိယနေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံးမှ နယ်သာလန်နှင့် ၃ မှတ်ကွာဟနေပါ

တယ်။လာမယ့် စနေနေ့တွင် ဘယ်လ်ဂျီယံက ဝေးလ်စ်ကို ကာဒစ်ဖ်တွင်

ကစားရမှာ ဖြစ်သလို ပိုလန်ကလည်း နယ်သာလန်ကို အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်

ကစားရန်ရှိပါတယ်။

မေန႔ညက ကစားခဲ့တဲ့ ဘယ္လ္ဂ်ီယံနဲ႔ပိုလန္တို႔ရဲ႕ ယူ႐ိုေနးရွင္းလိဂ္ပြဲစဥ္မွာ

ဘယ္လ္ဂ်ီယံက ဂိုးဒါဇင္ဝက္အထိ သြင္းယူကာ ဂိုးမိုး႐ြာခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံဟာ အုပ္စုအဖြင့္ပြဲမွာ နယ္သာလန္ကို ဂိုးျပတ္ရႈံးနိမ့္ခဲ့တာေၾကာင့္

ဒီပြဲမွာ အျပည့္အဝ အားထည့္ၿပီး ပိုလန္ကို တစ္ဖက္သတ္ အသာစီးရရွိခဲ့ပါတယ္။

ပိုလန္ကပြဲကစားခ်ိန္ (၂၈) မိနစ္မွာ လီဝန္ေဒါစကီးရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပ

မယ့္ဘယ္လ္ဂ်ီယံရဲ႕ တိုက္စစ္ကို မထိန္းႏိုင္ခဲ့တာေၾကာင့္ ဂိုးေတြဆက္တိုက္

ျပန္ေပးခဲ့ရၿပီး ဂိုးျပတ္ရႈံးနိမ့္ခဲ့တာပါ။ ဘယ္လ္ဂ်ီယံ 6-1 ပိုလန္ပြဲကဂိုးသြင္း

မွတ္တမ္းကေတာ့ (ဝစ္ဆဲလ္ ၄၂မိနစ္ ဒီဘ႐ိုင္းနား ၅၉မိနစ္

ထ႐ိုဆက္ဒ္ ၇၃မိနစ္ ၈၀မိနစ္ ဒန္ဒြန္ကာ ၈၃မိနစ္ အိုပင္းဒါ ၉၀+၃မိနစ္)နဲ႔

လီဝန္ေဒါစကီး ၂၈မိနစ္ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံဟာ ဂိုးကန္သြင္းခြင့္

၁၁ ႀကိမ္ရရွိရာမွ ၆ ဂိုးရခဲ့တာျဖစ္ပါတယ္။ ယခုပြဲအႏိုင္ရၿပီးေနာက္

ဘယ္လ္ဂ်ီယံဟာ ေနးရွင္းလိဂ္အုပ္စုအတြင္းတြင္ ၂ ပြဲကစား ၃ မွတ္အျဖင့္

ဒုတိယေနရာတြင္ ရပ္တည္ေနၿပီး ထိပ္ဆုံးမွ နယ္သာလန္ႏွင့္ ၃ မွတ္ကြာဟေနပါ

တယ္။လာမယ့္ စေနေန႔တြင္ ဘယ္လ္ဂ်ီယံက ေဝးလ္စ္ကို ကာဒစ္ဖ္တြင္

ကစားရမွာ ျဖစ္သလို ပိုလန္ကလည္း နယ္သာလန္ကို အေဝးကြင္းပြဲစဥ္ယွဥ္ၿပိဳင္

ကစားရန္ရွိပါတယ္။