လီဝန်ဒေါစကီးကို ယူရိုသန်း ၅၀ နဲ့ ပေးခေါ်ခဲ့တာနဲ့ပတ်သက်ပြီး ရယ်စရာအလုပ်ခံနေရတဲ့ ဘာစီလိုနာ
လီဝန်ဒေါစကီးကို ယူရိုသန်း ၅၀ နဲ့ ပေးခေါ်ခဲ့တာနဲ့ပတ်သက်ပြီး ရီးရဲလ်အသားပေးမီဒီယာတွေနဲ့
ရီးရဲလ်ပရိသတ်တွေက ရယ်စရာလုပ်နေကြပါတယ်။အဲဒီဘိုင်ယန်ကြယ်ပွင့်ဟောင်းဟာ ဒီနွေရာ
သီအပြောင်းအရွှေ့မှာ ဘာစီလိုနာရဲ့အရေးပါဆုံးခေါ်ယူမှုလည်း ဖြစ်ခဲ့တာပါ။ သူဟာ ဘာစီလိုနာ
အတွက် ကစားတဲ့ပထမဆုံးပိုလန်သားလည်းဖြစ်ပြီး အခုတော့ အမေရိကန်ကိုရောက်နေတဲ့ဘာစီ
လိုနာအသင်းနဲ့ ပူးပေါင်းနေပြီ ဖြစ်ပါတယ်။ ရီးရဲလ်ဘက်ကဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ လှောင်
နေကြပေမယ့် ဘာစီလိုနာအိုင်ကွန်တစ်ယောက်ဖြစ်တဲ့ စတွိုက်ကော့ဗ်ကတော့ စပိန်သတင်းစာ
တစ်စောင်နဲ့ အင်တာဗျူးမှာ အခုလို တုံ့ပြန်ခဲ့တာပါ။ ”သူ ဒေါ့မန်မှာကစားတုန်းက လီဝန်ဒေါစကီး
ဟာ ရီးရဲလ်ဘက်ကို ၄ ဂိုးသွင်းခဲ့တာပါ။သူတို့ဆက်ရယ်နိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့။ ကျွန်
တော်ကတော့သူ့ကို ခေါ်နိုင်ခဲ့လို့ အရမ်းပျော်ရပါတယ်။ သူဟာ ကြီးကျယ်တဲ့ဂိုးသွင်းသူတစ်ယောက်
ပါ။ box ထဲမှာတင်မဟုတ်ဘဲ မတူညီတဲ့ကွဲပြားခြားနားမှုအများအပြားကို ဆောင်ယူလာသူပါ”လို့
စတွိုက်ကော့ဗ်ကပြောကြားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၄၆ ပွဲမှာဂိုး ၅၀
သွင်းပြီး ပွဲထွက် ဂိုးအရေအတွက် ပိုများခဲ့သူပါ။ ဒါကြောင့် သူဟာလာလီဂါရာသီသစ်မှာ ဂိုးအများ
ဆုံးသွင်းသူဆုဖြစ်တဲ့ ပီချီချီဆုအတွက်ရီးရဲလ်ဂိုးသွင်းစက်ဘင်ဇီမာနဲ့ ကောင်းစွာယှဉ်ပြိုင်နိုင်မယ့်
သူဖြစ်မှာပါ။ဘာစီလိုနာဟာ အဓိကပြိုင်ဘက်ရီးရဲလ်ကို စိန်ခေါ်နိုင်ဖို့အတွက်ဒီအပြောင်းအရွှေ့မှာ
အားဖြည့်မှုများစွာပြုလုပ်နေပါတယ်။