လီဗာပူးရဲ့ ရာသီအဖွင့်ပွဲစဉ်ကို ဒါဝင်နူးနက်ဇ် ပွဲထွက်ခွင့်ရမှာမဟုတ်ကြောင်းပြောကြားလိုက်တဲ့ ကလော့ပ်

လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်တယောက် ဒီကနေ့ညနေမှာ ကစားမယ့် ဖူလ်ဟမ်နဲ့ ပရီးမီး

ယားလိဂ်ပွဲစဥ်မှာ ပွဲထွက်ခွင့်မရနိုင်ကြောင်း နည်းပြ ယာဂင်ကလော့ပ်က ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာ သူတို့အတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် ညနေ (၆) နာရီမှာ ဖူလ်ဟမ်နဲ့

အဝေးကွင်းပွဲအဖြစ် ရင်ဆိုင်ကစားရမှာပါ။ပြီးခဲ့တဲ့စနေညက လီဗာပူးက မန်စီးတီးကို ကွန်မြူန

တီဒိုင်းမှာ ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာ လီဗာပူးအတွက် ပွဲသိမ်းဂိုးကို နူးနက်ဇ်က လှလှ

ပပခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ နူးနက်ဇ်ဟာ ရာသီကြိုခြေစမ်းပွဲမှာ လိုက်ပ်ဇစ်ဘက်ကို တ

ယောက်တည်း လေးဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒီမတိုင်ခင်ပွဲတွေမှာ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့

တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။နူးနက်ဇ်ရဲ့ ကစားပုံကလည်း ပရီးမီးယားလိဂ်နဲ့

အသားကျဖို့ အချိန်လိုအပ်သေးကြောင်းလည်း ပရိသတ်အချို့က သုံးသပ်နေပါတယ်။ ဖူလ်ဟမ်နဲ့

ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း ကလော့ပ်က “နူးနက်ဇ်အတွက် ကိစ္စအများကြီးနဲ့

အသားကျဖို့ဆိုတာ အချိန်လိုအပ်ပါသေးတယ်။ ဒါပေမယ့် သူက ကျနော်တို့အသင်းအတွက်လည်း

တကယ့်ကို အကူအညီကောင်းတခုဖြစ်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။အဲ့ဒါကြောင့်လည်း

ဒီကနေ့ပွဲမှာတော့ ကလော့ပ်က တိုက်စစ်မှာ ဆာလာ၊ ဖေမီနို၊ ဒီယက်ဇ်တို့အတွဲကိုသာ ပွဲထုတ်

လာဖွယ်ရှိပြီး နူးနက်ဇ်ကတော့ အရံခုံမှာသာ ထိုင်နေရဖွယ်ရှိပါတယ်။ လီဗာပူးဟာ တိုက်စစ်မှာ

မာနေးကို လက်လွှတ်ခဲ့ရပြီး ဒီအတွက် နူးနက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ပြန်

လည်ခေါ်ယူထားတာဖြစ်ပါတယ်။နူးနက်ဇ်အနေနဲ့ ပွဲထွက်ခွင့်မရရှိသေးသည့်တိုင် အရံကစားသ

မားအဖြစ်တော့ သေချာပေါက် လူစားဝင်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်တွေမှာ ဒီဥရု

ဂွေးတိုက်စစ်မှူးအနေနဲ့ အသင်းအတွက် ပုံစံကောင်းပြသပြီး ဂိုးသွင်းယူနိုင်ဖို့ လိုအပ်ကာ နည်းပြ၊

အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကို သိမ်းပိုက်နိုင်ဖို့ လိုအပ်ပါတယ်။

လီဗာပူးတိုက္စစ္မႉး ဒါဝင္ႏူးနက္ဇ္တေယာက္ ဒီကေန႔ညေနမွာ ကစားမယ့္ ဖူလ္ဟမ္နဲ႔ ပရီးမီး

ယားလိဂ္ပြဲစဥ္မွာ ပြဲထြက္ခြင့္မရႏိုင္ေၾကာင္း နည္းျပ ယာဂင္ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။

လီဗာပူးဟာ သူတို႔အတြက္ ပထမဆုံး ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ညေန (၆) နာရီမွာ ဖူလ္ဟမ္နဲ႔

အေဝးကြင္းပြဲအျဖစ္ ရင္ဆိုင္ကစားရမွာပါ။ၿပီးခဲ့တဲ့စေနညက လီဗာပူးက မန္စီးတီးကို ကြန္ျမဴန

တီဒိုင္းမွာ ၃-၁ ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး ဒီပြဲမွာ လီဗာပူးအတြက္ ပြဲသိမ္းဂိုးကို ႏူးနက္ဇ္က လွလွ

ပပေခါင္းတိုက္သြင္းယူခဲ့ပါတယ္။ ႏူးနက္ဇ္ဟာ ရာသီႀကိဳေျခစမ္းပြဲမွာ လိုက္ပ္ဇစ္ဘက္ကို တ

ေယာက္တည္း ေလးဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဒီမတိုင္ခင္ပြဲေတြမွာ အပိုင္အခြင့္အေရးေတြ ျဖဳန္းတီးခဲ့

တာေၾကာင့္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ႏူးနက္ဇ္ရဲ႕ ကစားပုံကလည္း ပရီးမီးယားလိဂ္နဲ႔

အသားက်ဖို႔ အခ်ိန္လိုအပ္ေသးေၾကာင္းလည္း ပရိသတ္အခ်ိဳ႕က သုံးသပ္ေနပါတယ္။ ဖူလ္ဟမ္နဲ႔

ပြဲအတြက္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာလည္း ကေလာ့ပ္က “ႏူးနက္ဇ္အတြက္ ကိစၥအမ်ားႀကီးနဲ႔

အသားက်ဖို႔ဆိုတာ အခ်ိန္လိုအပ္ပါေသးတယ္။ ဒါေပမယ့္ သူက က်ေနာ္တို႔အသင္းအတြက္လည္း

တကယ့္ကို အကူအညီေကာင္းတခုျဖစ္ေနပါၿပီ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။အဲ့ဒါေၾကာင့္လည္း

ဒီကေန႔ပြဲမွာေတာ့ ကေလာ့ပ္က တိုက္စစ္မွာ ဆာလာ၊ ေဖမီႏို၊ ဒီယက္ဇ္တို႔အတြဲကိုသာ ပြဲထုတ္

လာဖြယ္ရွိၿပီး ႏူးနက္ဇ္ကေတာ့ အရံခုံမွာသာ ထိုင္ေနရဖြယ္ရွိပါတယ္။ လီဗာပူးဟာ တိုက္စစ္မွာ

မာေနးကို လက္လႊတ္ခဲ့ရၿပီး ဒီအတြက္ ႏူးနက္ဇ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း (၁၀၀) နဲ႔ ျပန္

လည္ေခၚယူထားတာျဖစ္ပါတယ္။ႏူးနက္ဇ္အေနနဲ႔ ပြဲထြက္ခြင့္မရရွိေသးသည့္တိုင္ အရံကစားသ

မားအျဖစ္ေတာ့ ေသခ်ာေပါက္ လူစားဝင္ကစားခြင့္ရရွိမွာျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ေတြမွာ ဒီဥ႐ု

ေဂြးတိုက္စစ္မႉးအေနနဲ႔ အသင္းအတြက္ ပုံစံေကာင္းျပသၿပီး ဂိုးသြင္းယူႏိုင္ဖို႔ လိုအပ္ကာ နည္းျပ၊

အသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြရဲ႕ ယုံၾကည္မႈကို သိမ္းပိုက္ႏိုင္ဖို႔ လိုအပ္ပါတယ္။