လီဗာပူးရဲ့အပြောင်းအရွှေ့ဂုရုဟောင်းကို အပြိုင်အဆိုင်ကြိုးစားလာကြတဲ့ ယူနိုက်တက်နှင့်ချဲလ်ဆီး
မန်ချက်စတာယူနိုက်တက်နှင့်ချဲလ်ဆီးတို့ဟာလီဗာပူးရဲ့အပြောင်းအရွှေ့ဂုရုဟောင်းမိုက်ကယ်
အက်ဝတ်ကိုခန့်အပ်နိုင်ရေးအပြိုင်ကြိုးပမ်းနေကြောင်းသိရပါတယ်။ပရီးမီးယားလိဂ်ထိပ်သီးနှစ်
သင်းတို့ဟာယခုနွေရာသီတွင်ကစားသမားဝယ်ယူအားဖြည့်ရေးအဖွဲ့ကိုအပြောင်းအလဲများပြု
လုပ်နေကြတဲ့အသင်းများဖြစ်ပါတယ်။ချဲလ်ဆီးဟာဥက္ကဌဘရုစ်ဘက်၊ဒါရိုက်တာဂရာနိုစကိုင်ယာ
တို့နှင့်လမ်းခွဲထားပြီးပူးတွဲပိုင်ရှင်သစ်တော့ဒ်ဘိုလီက ဆက်ခံသွားပါမယ်။Daily Mail သတင်းစာ
ရဲ့ဖော်ပြချက်အရယူနိုက်တက်နှင့်ချဲလ်ဆီးတို့ဟာ လီဗာပူးအပြောင်းအရွှေ့ဂုရုဟောင်းအက်ဝတ်
ကိုခန့်အပ်နိုင်ရေးအပြိုင်ကြိုးပမ်းနေကြောင်းသိရပါတယ်။အက်ဝတ်ဟာလီဗာပူးသို့အလစ်ဆင်၊
ဗာဂယ်ဗန်ဒိုက်၊မိုဟာမက်ဆာလက်၊ဆာဒေယိုမာနေး၊အင်ဒီရောဘတ်ဆင်အစရှိတဲ့ကစားသမား
များကိုခေါ်ယူပေးကာနှစ်၃၀အတွင်းပထမဆုံးပရီးမီးယားလိဂ်ဖလားနှင့် ငါးနှစ်အတွင်းချန်ပီယံ
လိဂ်ဗိုလ်လုပွဲသို့သုံးကြိမ်ပို့ဆောင်ရာမှာအရေးပါတဲ့နေရာမှပါဝင်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့၂၀၁၁
ခုနှစ်ကတည်းကလီဗာပူးတွင်တာဝန်ထမ်းဆောင်လာတဲ့အက်ဝတ်ဟာလီဗာပူးမှထွက်ခွာလာခဲ့
ပြိဖြစ်ပါတယ်။သူဟာလီဗာပူးရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများတွင်တာဝန်ထမ်းဆောင်
ရန်တံခါးဖွင့်ပေးထားပါတယ်။ချဲလ်ဆီးဟာအက်သလက်တီကိုအားကစားဒါရိုက်တာအင်ဒရေ
ဘာတာနှင့်မိုနာကိုအပြောင်းအရွှေ့ဂုရုပေါလ်မစ်ချဲလ်တို့ကိုလည်းလျာထားပါသေးတယ်။