လီဗာပူးနဲ့ပွဲမှာ ဝုဗ်နှင့်ပွဲကလိုမဖြစ်ဖို့ ၇၅ မိနစ်ကအကျိုးပြုလာမဲ့ နယူးကာဆယ်ကစားသမားသစ်
အလက်ဇန္ဒားအီဆတ်ဟာယနေ့ညလီဗာပူးနှင့်ရင်ဆိုင်ကစားရမယ့်ပွဲမတိုင်မီ ၇၅မိနစ်အလိုတွင်မှဗြိ
တိန်အလုပ်လုပ်ခွင့်ပါမစ်ရရှိလာဖို့ရှိနေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အပတ်တုန်းကဆိုစီဒက်မှကလပ်
စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၆၀ဖြင့်ပြောင်းလာခဲ့တဲ့ဆွီဒင်တိုက်စစ်မှူးဟာဗြိတိန်အလုပ်လုပ်
ခွင့်ပါမစ်မရရှိမှုကြောင့်တနင်္ဂနွေနေ့တုန်းကဝုဗ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲကိုပွဲကြည့်စင်မှကြည့်နေခဲ့
ရပါတယ်။အသက်၂၂နှစ်ရှိဆွီဒင်တိုက်စစ်မှူးဟာယနေ့ညတွင်လီဗာပူးနှင့်ကစားရမယ့်ပရီးမီးယား
လိဂ်ပွဲစဉ်အတွက်အသင်းနှင့်အတူလိုက်ပါလာခဲ့ပါတယ်။သူဟာဗြိတိန်အလုပ်လုပ်ခွင့်ပါမစ်မရရှိသေး
ပေမဲ့လည်းပွဲအတွက်အသင်းနှင့်အတူပြင်ဆင်မှုပြုလုပ်သွားမှာဖြစ်ပြီးပွဲတွင်လည်းပါဝင်ကစားလာ
ပါမယ်။The Sun ရဲ့ဖော်ပြချက်အရအလက်ဇန္ဒားအီဆတ်မှာယနေ့ညလီဗာပူးနှင့်ပွဲမတိုင်မီ၇၅မိနစ်
အလိုတွင်မှဗြိတိန်အလုပ်လုပ်ခွင့်ပါမစ်ရရှိလာမှာဖြစ်ကြောင်းသိရပါတယ်။ယနေ့ညလီဗာပူးနှင့်ပွဲတွင်
နယူးကာဆယ်ရဲ့အဓိကကစားသမားများဖြစ်ကြတဲ့ဘရူနိုဂူမာရေးစ်နှင့်အယ်လန်စိန့်မာဆီမန်တို့ပါ
ဝင်ရန်မရေမရာဖြစ်နေပြီး ရှယ်ဗေး၊ဝီလ်ဆင်တို့မှာဒဏ်ရာကြောင့်အနားယူနေရတုန်းဖြစ်ပါတယ်။