လီဗာပူးနဲ့တွေ့ရင် အသင်းဟောင်းမို့ ငဲ့ညှာနေစရာအကြောင်းမရှိကြောင်း ပြောလာတဲ့ မာနေး

လီဗာပူးလ်မှာ ၆ နှစ်ကြာကစားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ကို ဒီနှစ်နွေရာသီမှာ ပြောင်းရွှေ့သွား

ခဲ့တဲ့ ဆာဒီယိုမာနေးက အသင်းဟောင်းလီဗာပူးလ်နဲ့ ချန်ပီယံလိဂ်မှာ ပြန်တွေ့ရင် အနိုင်ယူမယ်

လို့ ပြောဆိုလိုက်ပါတယ်။ မာနေးကတော့ ဘိုင်ယန်ကို ယူရိုသန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ်စာ

ချုပ်ချုပ်ဆိုခဲ့ကာ တပတ်လုပ်ခပေါင် ၂၅၀၀၀၀ အထိ ရရှိနေတာဖြစ်ပါတယ်။ ဆီနီဂေါတိုက်စစ်မှူး

ဟာ လီဗာပူးလ်အတွက် ကစားပေးခဲ့စဉ်က ၂၀၁၉ ချန်ပီယံလိဂ်ပွဲမှာ ဘိုင်ယန်နဲ့တွေ​ေ့ဆုံခဲ့ပြီး ဂိုး

သမားနူအာကို လှလှပပဖြတ်ကျော်ကာ အနိုင်ဂိုးတဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးကို

သူ့ကစားသမားဘ၀တလျှောက် အကောင်းဆုံးဂိုးလို့ မာနေးက ဖွင့်ဟခဲ့ဖူးပြီး အခုအခါမှာတော့ အ

ဆိုပါဂိုးနဲ့ပတ်သက်ကာ မာနေးက ဟာသလုပ်ပြောဆိုခဲ့ပါတယ်။ “ကျနော့်ရဲ့ အကြိုက်ဆုံးဂိုးလို့

ပြောကောင်းပြောနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အခုတော့ ဒုတိယအကြိုက်ဆုံးဂိုးဖြစ်သွားပါပြီ၊ ဘာလို့

လဲဆိုတော့ သူက (နူအာ) ကျနော့်အသင်းဖော်ဖြစ်လာပြီလေ။ ကျနော်ဟာသလုပ်တာမဟုတ်ပါ

ဘူး၊ တကယ်ပါ၊ အဲဒါက ကောင်းမွန်တဲ့ ဂိုးတဂိုးဖြစ်ခဲ့တယ်ထင်ပါတယ်၊ ကျနော်တို့ ပွဲကောင်းတ

ပွဲကိုလည်း ကစားနိုင်ခဲ့တယ်၊ တကယ်လို့ လီဗာပူးလ်နဲ့ ပြန်တွေ့ဖြစ်မယ်ဆိုရင်တော့ ဘိုင်ယန်အ

နေနဲ့ ကျနော်အနိုင်ယူမှာပါ””ချန်ပီယံလိဂ်ဖလားရဖို့ဆိုတာက လွယ်လွယ်လေးလို့ ကျနော်မထင်

ဘူး၊ ဒါကို ပိုရှင်းစေချင်ပါတယ်၊ ဘိုင်ယန်အတွက် ကစားပေးနေပြီဆိုရင်၊ ဒီမှာ ရနိုင်သမျှအားလုံး

ကို အနိုင်ယူဖို့ ကျနော်ရောက်လာခဲ့တာပါ၊ ဆုဖလားအားလုံးကို ကျနော်တို့ ဆွတ်ခူးနိုင်ပါတယ်၊

ကျနော်တို့ပစ်မှတ်က တတ်နိုင်သမျှ ဆုဖလားတွေဆွတ်ခူးဖို့ပါ၊ ဒီမှာ အသင်းဖော်တွေကို ကျနော်

ကူညီမယ်၊ ကျနော်တို့အိပ်မက်တွေကို အရယူမယ်” လို့ ဘွန်ဒက်လီဂါတရားဝင်ဝက်ဘ်ဆိုက်က

တဆင့် မာနေးက ပြောဆိုခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မာနေးကတော့ ဆီနီဂေါက

နေ ဥရောပကိုထွက်ခွာလာခဲ့ပြီး ပြင်သစ်ကလပ်မက်ဇ်မှာ ကစားခဲ့သူပါ။ အဲဒီကမှတဆင့် ဩစတြီး

ယားကလပ်ဆဲဘာ့ဂျ်ကိုရောက်ရှိပြီး ခြေစွမ်းပြနေခဲ့လို့ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်

က ခေါ်ယူခဲ့ပြီး ထပ်မံခြေစွမ်းပြခဲ့လို့ လီဗာပူးလ်ကခေါ်ယူခဲ့တာပါ။ လီဗာပူးလ်မှာတော့ သူ့ရဲ့

ကစားသမားဘ၀အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့ပြီး အမှတ်ပေးဖလား၊ ချန်ပီယံလိဂ်ဖလား

နဲ့ အခြားဆုဖလားတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။

လီဗာပူးလ္မွာ ၆ ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္ကို ဒီႏွစ္ေႏြရာသီမွာ ေျပာင္းေ႐ႊ႕သြား

ခဲ့တဲ့ ဆာဒီယိုမာေနးက အသင္းေဟာင္းလီဗာပူးလ္နဲ႔ ခ်န္ပီယံလိဂ္မွာ ျပန္ေတြ႕ရင္ အႏိုင္ယူမယ္

လို႔ ေျပာဆိုလိုက္ပါတယ္။ မာေနးကေတာ့ ဘိုင္ယန္ကို ယူ႐ိုသန္း ၃၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၃ ႏွစ္စာ

ခ်ဳပ္ခ်ဳပ္ဆိုခဲ့ကာ တပတ္လုပ္ခေပါင္ ၂၅၀၀၀၀ အထိ ရရွိေနတာျဖစ္ပါတယ္။ ဆီနီေဂါတိုက္စစ္မႉး

ဟာ လီဗာပူးလ္အတြက္ ကစားေပးခဲ့စဥ္က ၂၀၁၉ ခ်န္ပီယံလိဂ္ပြဲမွာ ဘိုင္ယန္နဲ႔ေတြ​ေ့ဆုံခဲ့ၿပီး ဂိုး

သမားႏူအာကို လွလွပပျဖတ္ေက်ာ္ကာ အႏိုင္ဂိုးတဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။ အဆိုပါသြင္းဂိုးကို

သူ႔ကစားသမားဘ၀တေလွ်ာက္ အေကာင္းဆုံးဂိုးလို႔ မာေနးက ဖြင့္ဟခဲ့ဖူးၿပီး အခုအခါမွာေတာ့ အ

ဆိုပါဂိုးနဲ႔ပတ္သက္ကာ မာေနးက ဟာသလုပ္ေျပာဆိုခဲ့ပါတယ္။ “က်ေနာ့္ရဲ႕ အႀကိဳက္ဆုံးဂိုးလို႔

ေျပာေကာင္းေျပာႏိုင္ခဲ့ပါတယ္၊ ဒါေပမယ့္ အခုေတာ့ ဒုတိယအႀကိဳက္ဆုံးဂိုးျဖစ္သြားပါၿပီ၊ ဘာလို႔

လဲဆိုေတာ့ သူက (ႏူအာ) က်ေနာ့္အသင္းေဖာ္ျဖစ္လာၿပီေလ။ က်ေနာ္ဟာသလုပ္တာမဟုတ္ပါ

ဘူး၊ တကယ္ပါ၊ အဲဒါက ေကာင္းမြန္တဲ့ ဂိုးတဂိုးျဖစ္ခဲ့တယ္ထင္ပါတယ္၊ က်ေနာ္တို႔ ပြဲေကာင္းတ

ပြဲကိုလည္း ကစားႏိုင္ခဲ့တယ္၊ တကယ္လို႔ လီဗာပူးလ္နဲ႔ ျပန္ေတြ႕ျဖစ္မယ္ဆိုရင္ေတာ့ ဘိုင္ယန္အ

ေနနဲ႔ က်ေနာ္အႏိုင္ယူမွာပါ””ခ်န္ပီယံလိဂ္ဖလားရဖို႔ဆိုတာက လြယ္လြယ္ေလးလို႔ က်ေနာ္မထင္

ဘူး၊ ဒါကို ပိုရွင္းေစခ်င္ပါတယ္၊ ဘိုင္ယန္အတြက္ ကစားေပးေနၿပီဆိုရင္၊ ဒီမွာ ရႏိုင္သမွ်အားလုံး

ကို အႏိုင္ယူဖို႔ က်ေနာ္ေရာက္လာခဲ့တာပါ၊ ဆုဖလားအားလုံးကို က်ေနာ္တို႔ ဆြတ္ခူးႏိုင္ပါတယ္၊

က်ေနာ္တို႔ပစ္မွတ္က တတ္ႏိုင္သမွ် ဆုဖလားေတြဆြတ္ခူးဖို႔ပါ၊ ဒီမွာ အသင္းေဖာ္ေတြကို က်ေနာ္

ကူညီမယ္၊ က်ေနာ္တို႔အိပ္မက္ေတြကို အရယူမယ္” လို႔ ဘြန္ဒက္လီဂါတရားဝင္ဝက္ဘ္ဆိုက္က

တဆင့္ မာေနးက ေျပာဆိုခဲ့ပါတယ္။ အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ မာေနးကေတာ့ ဆီနီေဂါက

ေန ဥေရာပကိုထြက္ခြာလာခဲ့ၿပီး ျပင္သစ္ကလပ္မက္ဇ္မွာ ကစားခဲ့သူပါ။ အဲဒီကမွတဆင့္ ဩစႀတီး

ယားကလပ္ဆဲဘာ့ဂ်္ကိုေရာက္ရွိၿပီး ေျခစြမ္းျပေနခဲ့လို႔ ပရီးမီးယားလိဂ္ကလပ္ ေဆာက္သမ္တန္

က ေခၚယူခဲ့ၿပီး ထပ္မံေျခစြမ္းျပခဲ့လို႔ လီဗာပူးလ္ကေခၚယူခဲ့တာပါ။ လီဗာပူးလ္မွာေတာ့ သူ႔ရဲ႕

ကစားသမားဘ၀အေကာင္းဆုံးအခ်ိန္ေတြကို ပိုင္ဆိုင္ခဲ့ၿပီး အမွတ္ေပးဖလား၊ ခ်န္ပီယံလိဂ္ဖလား

နဲ႔ အျခားဆုဖလားေတြဆြတ္ခူးႏိုင္ခဲ့ပါတယ္။