လီဗာပူးကို နောက်ဆုံးမိနစ်မှ အက်ဖ်အေဖလားကနေအိမ်ပြန်ခိုင်းလိုက်တဲ့ ဘရိုက်တန်

လီဗာပူးလ်အသင်းဟာ ယနေ့ည ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဥ်မှာ ဘရိုက်တန်

အသင်းကို ( ၂-၁ ) နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။နှစ်သင်းစလုံး လူစုံပွဲထုတ်

လာခဲ့ပြီး လီဗာပူးလ်က ဟာဗေး အီလီယော့ရဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ပထမ

ပိုင်းပြီးခါနီးမှာပဲ လမ့်ပ်တေးရဲ့ ဧရိယာထိပ်ကနေ အဝေးကန်ချက်ဟာ လူးဝစ်ဒန့်နဲ့ထိပြီး လမ်းကြောင်း

ပြောင်းကာ ဂိုးဝင်သွားခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ ဘရိုက်တန်ကပဲ သိသိသာသာ လွမ်းမိုး ကစားနိုင်

ခဲ့ပြီး အပိုင်အခွင့်အရေးတွေ များစွာ ရခဲ့ပါတယ်။ဒါပေမယ့် အနိုင်ဂိုးသွင်းယူနိုင်ဖို့ နာကျင်အချိန်ပိုထိ

စောင့်ခဲ့ရပါတယ်။ ပွဲကစားချိန် ( ၉၂ ) မိနစ်မှာတော့ ဘရိုက်တန်က ဧရိယာထိပ်မှာ ကန်သွင်းခွင့်ရတဲ့

ပင်နယ်တီကို လှလှပပ အကွက်ဆင်ပြီး ဘယ်ခြမ်းမှာရှိတဲ့ အက်စ်တူပင်ညံက ညာခြမ်းမှာ ရှိတဲ့ မီတိုး

မားထံ ဖန်တီးပေးခဲ့ပါတယ်။မီတိုးမားက ဘောလုံးကို ထိန်းကာ လေထဲမှာ တစ်ချက်လှည့်ပြီး လီဗာပူးလ်

နောက်ခံလူတွေကို လှည့်စားကာ လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ မီတိုးမားဟာ ဘယ်ခြမ်းက

နေ လီဗာပူးလ်ခံစစ်ကို တောက်လျှောက် ဖိအားပေးနိုင်ခဲ့ပြီး အတော်လေး ရုန်းကန်နေရတဲ့  ထရန့်

အလက်ဇန္ဒား အာနိုးလ်ကို မီလ်နာနဲ့ စောစောစီးစီး လူစားလဲခဲ့ရတဲ့အထိ သက်ရောက်မှုရှိခဲ့ပါတယ်။

မီတိုးမားဟာ အနိုင်ဂိုးသွင်းရုံသာမက အပိုင်အခွင့်အရေးလည်း ( ၁ ) ကြိမ် ဖန်တီးပေးခဲ့ပြီး Dribble

( ၉ ) ကြိမ် ပြုလုပ်ရာမှာလည်း ( ၆ ) ကြိမ်ထိ အောင်မြင်ခဲ့ပါတယ်။

လီဗာပူးလ္အသင္းဟာ ယေန႔ည ကစားခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ ပြဲစဥ္မွာ ဘ႐ိုက္တန္

အသင္းကို ( ၂-၁ ) နဲ႔ အေရးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။ႏွစ္သင္းစလုံး လူစုံပြဲထုတ္

လာခဲ့ၿပီး လီဗာပူးလ္က ဟာေဗး အီလီေယာ့ရဲ႕ သြင္းဂိုးနဲ႔အတူ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ ပထမ

ပိုင္းၿပီးခါနီးမွာပဲ လမ့္ပ္ေတးရဲ႕ ဧရိယာထိပ္ကေန အေဝးကန္ခ်က္ဟာ လူးဝစ္ဒန႔္နဲ႔ထိၿပီး လမ္းေၾကာင္း

ေျပာင္းကာ ဂိုးဝင္သြားခဲ့ပါတယ္။ဒုတိယပိုင္းမွာေတာ့ ဘ႐ိုက္တန္ကပဲ သိသိသာသာ လြမ္းမိုး ကစားႏိုင္

ခဲ့ၿပီး အပိုင္အခြင့္အေရးေတြ မ်ားစြာ ရခဲ့ပါတယ္။ဒါေပမယ့္ အႏိုင္ဂိုးသြင္းယူႏိုင္ဖို႔ နာက်င္အခ်ိန္ပိုထိ

ေစာင့္ခဲ့ရပါတယ္။ ပြဲကစားခ်ိန္ ( ၉၂ ) မိနစ္မွာေတာ့ ဘ႐ိုက္တန္က ဧရိယာထိပ္မွာ ကန္သြင္းခြင့္ရတဲ့

ပင္နယ္တီကို လွလွပပ အကြက္ဆင္ၿပီး ဘယ္ျခမ္းမွာရွိတဲ့ အက္စ္တူပင္ညံက ညာျခမ္းမွာ ရွိတဲ့ မီတိုး

မားထံ ဖန္တီးေပးခဲ့ပါတယ္။မီတိုးမားက ေဘာလုံးကို ထိန္းကာ ေလထဲမွာ တစ္ခ်က္လွည့္ၿပီး လီဗာပူးလ္

ေနာက္ခံလူေတြကို လွည့္စားကာ လွလွပပ သြင္းယူခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာ မီတိုးမားဟာ ဘယ္ျခမ္းက

ေန လီဗာပူးလ္ခံစစ္ကို ေတာက္ေလွ်ာက္ ဖိအားေပးႏိုင္ခဲ့ၿပီး အေတာ္ေလး ႐ုန္းကန္ေနရတဲ့  ထရန႔္

အလက္ဇႏၵား အာႏိုးလ္ကို မီလ္နာနဲ႔ ေစာေစာစီးစီး လူစားလဲခဲ့ရတဲ့အထိ သက္ေရာက္မႈရွိခဲ့ပါတယ္။

မီတိုးမားဟာ အႏိုင္ဂိုးသြင္း႐ုံသာမက အပိုင္အခြင့္အေရးလည္း ( ၁ ) ႀကိမ္ ဖန္တီးေပးခဲ့ၿပီး Dribble

( ၉ ) ႀကိမ္ ျပဳလုပ္ရာမွာလည္း ( ၆ ) ႀကိမ္ထိ ေအာင္ျမင္ခဲ့ပါတယ္။