လိုအပ်တဲ့အပြောင်းအလဲတွေမပြုလုပ်သေးတဲ့အပေါ် ယူနိုက်တက်ကိုရော်နယ်ဒိုစိတ်ပျက်စပြုလာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့နည်းဗျုဟာနဲ့ ပတ်သက်ပြီး တိုက်စစ်

ကစားသမားဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ စိုးရိမ်စိတ် ကြီးထွားလာနေကြောင်း စပိန်မှာ

ရှိတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မန်ယူအသင်းဟာ သူတို့ရဲ့ အဆိုရွား

ဆုံး ပရီးမီးယားလိဂ်ရာသီကို ကျော်ဖြတ်ပြီး နွေရာသီဈေးကွက်ထဲကို ရောက်ရှိလာခဲ့တာပါ။

နည်းပြသစ် အဲရစ် တန်ဟန့်ဟာ အသင်းလူစာရင်းကို အသစ်ပြန်လည်တည်ဆောက်ဖို့ ပစ်

မှတ်ကစားသမားတွေကို ရှာဖွေထားလျက်ရှိနေပြီး ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစား

သမား ဖရန်ကီ ဒီယောင်းကို အဓိကအရေးပါတဲ့သူအဖြစ် သတ်မှတ်ပြီး ခေါ်ယူဖို့ လုပ်နေပါ

တယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အသင်းဟာ အခုထိအောင် ပထမဆုံးကစားသမားခေါ်

ယူမှုကိုမလုပ်ဆောင်နိုင်သေးတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ လီဗာပူးလ်အသင်းဟာ

ဒါဝင် နူးနက်ဇ်ကို ဝယ်ယူထားသလို၊ မန်ချက်စတာစီးတီးအသင်းကလည်း အားလင်း ဟာ

လန်းကို ခေါ်ယူထားခဲ့ပါတယ်။ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာလည်း ကစားသမားသစ်

တွေနဲ့ အင်အားကို တိုးမြှင့်ထားပါတယ်။ ဒါပေမယ့်လည်း မန်ယူအသင်းကတော့ ဘာစီလို

နာက ဒီယောင်းအတွက်တောင်းထားတဲ့ ပေါင် ၇၂ သန်းကနေ ၁၂ သန်း လျော့အောင် ဈေး

ဆစ်နေပါတယ်။ ထို့အတွက်ကြောင့် ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်းဒက်စ်နဲ့ နီးစပ်တဲ့

AS သတင်းဌာနမှ သတင်းထောက် မန်နူစိန့်ဇ်က ရိုနယ်ဒိုဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်ပြိုင်

ဘက်အသင်းတွေက ကစားသမားသစ်တွေနဲ့ စောစောစီးစီးခေါ်ယူအားဖြည့်နေချိန်၊ မန်ယူ

အသင်းရဲ့ လက်ရှိအခြေအနေကိုစိုးရိမ်လျက်ရှိနေကြောင်း ဖော်ပြပါတယ်။ သတင်းဌာနက

“ ရိုနယ်ဒိုက မန်ချက်စတာယူနိုက်တက်အသင်းမှာ အားအင်ဖြည့်တင်းတာမျိုးတွေ မြင်ချင်

နေပါတယ်၊ ဒါပေမယ့် အခုချိန်ထိတိုင်အောင် ကလပ်အသင်းဟာ လိုအပ်တယ်လို့ ယူဆ

ရတဲ့ အပြောင်းအလဲတွေကို လုပ်ဖို့ တွန်းအားပေးသေးတယ့်ပုံ မပေါ်ပါဘူး ” လို့ ဖော်ပြပါ

တယ်။ မန်ယူအသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီစဉ်တွေဟာ နောက်တစ်ပတ် တနင်္လာ

နေ့မှာ စတင်မာဖြစ်ပြီး၊ ရိုနယ်ဒိုအပါအဝင် ကစားသမားအများစုဟာ နိုင်ငံပွဲတွေ ကစား

ထားရတာကြောင့် အားလပ်ရက်ရဦးမှာ ဖြစ်ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အေျပာင္းအေ႐ႊ႕နည္းဗ်ဳဟာနဲ႔ ပတ္သက္ၿပီး တိုက္စစ္

ကစားသမားျဖစ္သူ ခရစၥတီယာႏို ႐ိုနယ္ဒိုဟာ စိုးရိမ္စိတ္ ႀကီးထြားလာေနေၾကာင္း စပိန္မွာ

ရွိတဲ့ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ မန္ယူအသင္းဟာ သူတို႔ရဲ႕ အဆို႐ြား

ဆုံး ပရီးမီးယားလိဂ္ရာသီကို ေက်ာ္ျဖတ္ၿပီး ေႏြရာသီေဈးကြက္ထဲကို ေရာက္ရွိလာခဲ့တာပါ။

နည္းျပသစ္ အဲရစ္ တန္ဟန႔္ဟာ အသင္းလူစာရင္းကို အသစ္ျပန္လည္တည္ေဆာက္ဖို႔ ပစ္

မွတ္ကစားသမားေတြကို ရွာေဖြထားလ်က္ရွိေနၿပီး ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ကစား

သမား ဖရန္ကီ ဒီေယာင္းကို အဓိကအေရးပါတဲ့သူအျဖစ္ သတ္မွတ္ၿပီး ေခၚယူဖို႔ လုပ္ေနပါ

တယ္။ ဒါေပမယ့္လည္း ယူႏိုက္တက္အသင္းဟာ အခုထိေအာင္ ပထမဆုံးကစားသမားေခၚ

 

ယူမႈကိုမလုပ္ေဆာင္ႏိုင္ေသးတာ ျဖစ္ပါတယ္။ တစ္ဖက္မွာေတာ့ လီဗာပူးလ္အသင္းဟာ

ဒါဝင္ ႏူးနက္ဇ္ကို ဝယ္ယူထားသလို၊ မန္ခ်က္စတာစီးတီးအသင္းကလည္း အားလင္း ဟာ

လန္းကို ေခၚယူထားခဲ့ပါတယ္။ အာဆင္နယ္နဲ႔ စပါးအသင္းတို႔ဟာလည္း ကစားသမားသစ္

ေတြနဲ႔ အင္အားကို တိုးျမႇင့္ထားပါတယ္။ ဒါေပမယ့္လည္း မန္ယူအသင္းကေတာ့ ဘာစီလို

နာက ဒီေယာင္းအတြက္ေတာင္းထားတဲ့ ေပါင္ ၇၂ သန္းကေန ၁၂ သန္း ေလ်ာ့ေအာင္ ေဈး

ဆစ္ေနပါတယ္။ ထို႔အတြက္ေၾကာင့္ ႐ိုနယ္ဒိုရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္းဒက္စ္နဲ႔ နီးစပ္တဲ့

AS သတင္းဌာနမွ သတင္းေထာက္ မန္ႏူစိန႔္ဇ္က ႐ိုနယ္ဒိုဟာ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္

ဘက္အသင္းေတြက ကစားသမားသစ္ေတြနဲ႔ ေစာေစာစီးစီးေခၚယူအားျဖည့္ေနခ်ိန္၊ မန္ယူ

အသင္းရဲ႕ လက္ရွိအေျခအေနကိုစိုးရိမ္လ်က္ရွိေနေၾကာင္း ေဖာ္ျပပါတယ္။ သတင္းဌာနက

“ ႐ိုနယ္ဒိုက မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ အားအင္ျဖည့္တင္းတာမ်ိဳးေတြ ျမင္ခ်င္

ေနပါတယ္၊ ဒါေပမယ့္ အခုခ်ိန္ထိတိုင္ေအာင္ ကလပ္အသင္းဟာ လိုအပ္တယ္လို႔ ယူဆ

ရတဲ့ အေျပာင္းအလဲေတြကို လုပ္ဖို႔ တြန္းအားေပးေသးတယ့္ပုံ မေပၚပါဘူး ” လို႔ ေဖာ္ျပပါ

တယ္။ မန္ယူအသင္းရဲ႕ ရာသီႀကိဳေလ့က်င့္ေရးအစီစဥ္ေတြဟာ ေနာက္တစ္ပတ္ တနလၤာ

ေန႔မွာ စတင္မာျဖစ္ၿပီး၊ ႐ိုနယ္ဒိုအပါအဝင္ ကစားသမားအမ်ားစုဟာ ႏိုင္ငံပြဲေတြ ကစား

ထားရတာေၾကာင့္ အားလပ္ရက္ရဦးမွာ ျဖစ္ပါတယ္