
ပရီးမီးယားလိဂ်ဟာဝါရင့်ဒိုင်လူကြီးကီဗင်ဖရင်းလည်းဒိုင်လူကြီးဘဝမှအနားယူလာမှုနဲ့အတူလာ
မယ့်ဘောလုံးရာသီတွင်မျိုးဆက်သစ်ဒိုင်လူကြီးများကိုသာအဓိကအားကိုးအားထားပြုရတော့မှာ
ဖြစ်ပါတယ်။အသက်၅၀နှစ်ရှိဖရင်းဟာ၂၀၀၉-၁၀ရာသီမှစတင်ကာပရီးမီးယားလိဂ်တွင်တာဝန်
ထမ်းဆောင်လာသူဖြစ်ပြီးယခုအခါ ဒိုင်လူကြီးဘဝမှအနားယူလာပြီဖြစ်ပါတယ်။သူဟာချန်ပီယံ
ရှစ်ပွဲစဉ်များအတွက်ဒိုင်လူကြီးနေရာချထားပေးရေးအဖွဲ့ဖြစ်တဲ့ Select Group Twoတွင်တာဝန်
ထမ်းဆောင်သွားတော့မှာဖြစ်ပါတယ်။လင်ကက်ရှိုင်းယားအခြေစိုက်ဒိုင်လူကြီးဟာ၂၀၁၉ခုနှစ်
တုန်းကမန်စီးတီးကဝက်ဖို့ဒ်ကို၆-၀ဂိုးဖြင့်အနိုင်ရရှိတဲ့အက်ဖ်အေဖလားဗိုလ်လုပွဲကိုကိုင်တွယ်ခဲ့
သူဖြစ်ပြီးလူးဝစ်ဆွာရက်ဇ်ကအိုင်ဗန်နိုဗစ်ရဲ့လက်ကိုကိုက်တဲ့ ကွန်မြူနတီဒိုင်းပွဲကိုလည်းကိုင်
တွယ်ခဲ့သူဖြစ်ပါတယ်။သူဟာပရီးမီးယားလိဂ်ဒိုင်လူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ပြီးခဲ့တဲ့
ရာသီတုန်းက၁၈ပွဲကိုင်တွယ်ခဲ့ရာမှာအနီကတ်နှစ်ကတ်တည်းသာအသုံးပြုခဲ့သူလည်းဖြစ်ပါတယ်။
ကီဗင်ဖရင်းမတိုင်မီပရီးမီးယားလိဂ်ဟာမိုက်ဒိန်း၊ဂျွန်မော့စ်၊မာတင်အက်ကင်ဆင်တို့ကိုဆုံးရှုံး
ထားရပြီးဖြစ်ပါတယ်။ယင်းဒိုင်လူကြီးများဟာလည်းဒိုင်လူကြီးဘဝမှအနားယူထားကြပြီးဖြစ်ပါ
တယ်။
ပရီးမီးယားလိဂ္ဟာဝါရင့္ဒိုင္လူႀကီးကီဗင္ဖရင္းလည္းဒိုင္လူႀကီးဘဝမွအနားယူလာမႈနဲ႔အတူလာ
မယ့္ေဘာလုံးရာသီတြင္မ်ိဳးဆက္သစ္ဒိုင္လူႀကီးမ်ားကိုသာအဓိကအားကိုးအားထားျပဳရေတာ့မွာ
ျဖစ္ပါတယ္။အသက္၅၀ႏွစ္ရွိဖရင္းဟာ၂၀၀၉-၁၀ရာသီမွစတင္ကာပရီးမီးယားလိဂ္တြင္တာဝန္
ထမ္းေဆာင္လာသူျဖစ္ၿပီးယခုအခါ ဒိုင္လူႀကီးဘဝမွအနားယူလာၿပီျဖစ္ပါတယ္။သူဟာခ်န္ပီယံ
ရွစ္ပြဲစဥ္မ်ားအတြက္ဒိုင္လူႀကီးေနရာခ်ထားေပးေရးအဖြဲ႕ျဖစ္တဲ့ Select Group Twoတြင္တာဝန္
ထမ္းေဆာင္သြားေတာ့မွာျဖစ္ပါတယ္။လင္ကက္ရႈိင္းယားအေျခစိုက္ဒိုင္လူႀကီးဟာ၂၀၁၉ခုႏွစ္
တုန္းကမန္စီးတီးကဝက္ဖို႔ဒ္ကို၆-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့အက္ဖ္ေအဖလားဗိုလ္လုပြဲကိုကိုင္တြယ္ခဲ့
သူျဖစ္ၿပီးလူးဝစ္ဆြာရက္ဇ္ကအိုင္ဗန္ႏိုဗစ္ရဲ႕လက္ကိုကိုက္တဲ့ ကြန္ျမဴနတီဒိုင္းပြဲကိုလည္းကိုင္
တြယ္ခဲ့သူျဖစ္ပါတယ္။သူဟာပရီးမီးယားလိဂ္ဒိုင္လူႀကီးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့ၿပီးခဲ့တဲ့
ရာသီတုန္းက၁၈ပြဲကိုင္တြယ္ခဲ့ရာမွာအနီကတ္ႏွစ္ကတ္တည္းသာအသုံးျပဳခဲ့သူလည္းျဖစ္ပါတယ္။
ကီဗင္ဖရင္းမတိုင္မီပရီးမီးယားလိဂ္ဟာမိုက္ဒိန္း၊ဂြၽန္ေမာ့စ္၊မာတင္အက္ကင္ဆင္တို႔ကိုဆုံးရႈံး
ထားရၿပီးျဖစ္ပါတယ္။ယင္းဒိုင္လူႀကီးမ်ားဟာလည္းဒိုင္လူႀကီးဘဝမွအနားယူထားၾကၿပီးျဖစ္ပါ
တယ္။