လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ သရဲနီဘဝကို စွန့်ခွာဖို့ ကြိုးစားနေတဲ့ ဗန်ဒီဘိ

ဗီလာရီးယဲလ်နဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ လူစားဝင်အဖြစ်ကစားခွင့်မရတဲ့အပေါ်

ဒေါသပေါက်ကွဲခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဗန်ဒီဘိခ်ဟာ

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကနေထွက်ခွာဖို့

ထပ်မံကြိုးပမ်းသွားဖို့ရှိနေပါပြီ။ ဗီလာရီးယဲလ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲ၊

ဒုတိယပိုင်း(၈၉)မိနစ်မှာ ဆိုးလ်ရှားက ဗန်ဒီဘိခ်ကို လူစားဝင်အဖြစ်မသုံးဘဲ

ဖရက်ဒ်နဲ့လင်ဂတ်ကိုသာ လူစားထိုးခဲ့တဲ့အတွက် ဗန်ဒီဘိခ်ဒေါသပေါက်ကွဲ

ခဲ့တာကြောင့် အသင်းဖော်တွေဖြစ်တဲ့ ဘာယီနဲ့ဟန်ဒါဆင်တို့က ဖျောင်းဖျခဲ့ရပြီး

ဗန်ဒီဘိခ်က သူဝါးနေတဲ့ပီကေကို ဒေါသတကြီးနဲ့ထွေးထုတ်ခဲ့တဲ့အထိ

မကျေမနပ်ဖြစ်ခဲ့တာပါ။ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက

အဲဗာတန်အသင်းဆီအငှားနဲ့ပြောင်းရွှေ့ဖို့ဆန္ဒပြင်းပြခဲ့ပြီး သူ့အေးဂျင့်ကလည်း

အဲဗာတန်အသင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ယူနိုက်တက်အသင်းက

အပြောင်းအရွှေ့ဖြစ်မလာအောင် တားဆီးခဲ့သလို နည်းပြဆိုးလ်ရှားက

ဗန်ဒီဘိခ်ကို ပွဲထွက်ခွင့်ပိုပေးမယ်လို့ အာမခံခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ

အနေအထားက ဘာမှထူးခြားမှုမရှိလာတာကြောင့် ဗန်ဒီဘိခ်က လာမယ့်

အပြောင်းအရွှေ့ဈေးကွက်ကျရင် အသင်းနဲ့လမ်းခွဲဖို့ထပ်ကြိုးစားသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နေရွာသီတုန်းက အေဂျက်စ်အသင်းကနေ ပေါင်သန်း(၄၀)နဲ့

ယူနိုက်တက်အသင်းဆီရောက်ရှိခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ပထမဆုံးရာသီမှာ

ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရသလို ဒီရာသီမှာလည်း ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့

လိဂ်ဖလားပွဲ၊ ယန်းဘွိုင်းစ်နဲ့ချန်ပီယံလိဂ်ပွဲတွေမှာသာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်

မိနစ်(၉၀)ပြည့်ကစားခွင့်မရခဲ့ဘဲ ပရီးမီးယားလိဂ်မှာ စုစုပေါင်း(၅)မိနစ်သာ

ကစားခဲ့ရတာဖြစ်ပါတယ်။

zawgyi

ဗန္ဒီကေတာ့ ဇန္နဝါရီမွာ သရဲနီဘဝကို စြန႔္ခြာဖို႔ ႀကိဳးစားေနၿပီ

ဗီလာရီးယဲလ္နဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ လူစားဝင္အျဖစ္ကစားခြင့္မရတဲ့အေပၚ

ေဒါသေပါက္ကြဲခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဗန္ဒီဘိခ္ဟာ

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ အသင္းကေနထြက္ခြာဖို႔

ထပ္မံႀကိဳးပမ္းသြားဖို႔ရွိေနပါၿပီ။ ဗီလာရီးယဲလ္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲ၊

ဒုတိယပိုင္း(၈၉)မိနစ္မွာ ဆိုးလ္ရွားက ဗန္ဒီဘိခ္ကို လူစားဝင္အျဖစ္မသုံးဘဲ

ဖရက္ဒ္နဲ႔လင္ဂတ္ကိုသာ လူစားထိုးခဲ့တဲ့အတြက္ ဗန္ဒီဘိခ္ေဒါသေပါက္ကြဲ

ခဲ့တာေၾကာင့္ အသင္းေဖာ္ေတြျဖစ္တဲ့ ဘာယီနဲ႔ဟန္ဒါဆင္တို႔က ေဖ်ာင္းဖ်ခဲ့ရၿပီး

ဗန္ဒီဘိခ္က သူဝါးေနတဲ့ပီေကကို ေဒါသတႀကီးနဲ႔ေထြးထုတ္ခဲ့တဲ့အထိ

မေက်မနပ္ျဖစ္ခဲ့တာပါ။ ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက

အဲဗာတန္အသင္းဆီအငွားနဲ႔ေျပာင္းေ႐ႊ႕ဖို႔ဆႏၵျပင္းျပခဲ့ၿပီး သူ႔ေအးဂ်င့္ကလည္း

အဲဗာတန္အသင္းနဲ႔ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ေပမယ့္လည္း ယူႏိုက္တက္အသင္းက

အေျပာင္းအေ႐ႊ႕ျဖစ္မလာေအာင္ တားဆီးခဲ့သလို နည္းျပဆိုးလ္ရွားက

ဗန္ဒီဘိခ္ကို ပြဲထြက္ခြင့္ပိုေပးမယ္လို႔ အာမခံခဲ့ပါတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာ

အေနအထားက ဘာမွထူးျခားမႈမရွိလာတာေၾကာင့္ ဗန္ဒီဘိခ္က လာမယ့္

အေျပာင္းအေ႐ႊ႕ေဈးကြက္က်ရင္ အသင္းနဲ႔လမ္းခြဲဖို႔ထပ္ႀကိဳးစားသြားမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ ေန႐ြာသီတုန္းက ေအဂ်က္စ္အသင္းကေန ေပါင္သန္း(၄၀)နဲ႔

ယူႏိုက္တက္အသင္းဆီေရာက္ရွိခဲ့တဲ့ ဗန္ဒီဘိခ္ဟာ ပထမဆုံးရာသီမွာ

ပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ခဲ့ရသလို ဒီရာသီမွာလည္း ဝက္စ္ဟမ္းနဲ႔ကစားခဲ့တဲ့

လိဂ္ဖလားပြဲ၊ ယန္းဘြိဳင္းစ္နဲ႔ခ်န္ပီယံလိဂ္ပြဲေတြမွာသာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္

မိနစ္(၉၀)ျပည့္ကစားခြင့္မရခဲ့ဘဲ ပရီးမီးယားလိဂ္မွာ စုစုေပါင္း(၅)မိနစ္သာ

ကစားခဲ့ရတာျဖစ္ပါတယ္။mdiarymm

mdiarymm

munitedfannewss