လာမယ့်ရာသီချန်ပီယံလိဂ်အုပ်စုအဆင့်တွင် မကျေပွဲပြန်နွဲကြရဦးမည့် ဖိုင်နယ်ရောက်နှစ်သင်း

PARIS, FRANCE - MAY 26: The Champions League trophy is seen with the official match ball of the final ahead of the 2022 UEFA Champions League Final on May 26, 2022 in Paris, France. (Photo by Michael Regan - UEFA/UEFA via Getty Images)

 

ချန်ပီယံလိဂ်အုပ်စုမဲခွဲမှုဆီဒင်ရရှိတဲ့အသင်း၈သင်းကိုအတည်ပြုလာနိုင်ပြီဖြစ်ပါ

တယ်။ယင်းသို့ အုပ်စုဦးစားပေးအသင်းထွက်ပေါ်လာမှုနဲ့အတူမကြာသေးမီတုန်း

ကချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ဆုံတွေ့ခဲ့တဲ့ရီးရဲလ်မက်ဒရစ်နှင့်လီဗာပူးတို့မှာလာ

မယ့်ရာသီချန်ပီယံလိဂ်အုပ်စုအဆင့်တွင်ထပ်မံဆုံတွေ့ဖို့ရှိနေပါတယ်။ဒတ်ချ်အ

မှတ်ပေးဖလားချန်ပီယံအေဂျက်စ်အသင်းမှာလာမယ့်ရာသီချန်ပီယံလိဂ်အုပ်စုမဲခွဲ

မှုအတွက်ဦးစားပေး၈သင်းစာရင်းတွင်ပါဝင်ပါမယ်။အုပ်စုဦးစားပေး၈သင်းကို ဥ

ရောပထိပ်သီးလိဂ်၆သင်းမှချန်ပီယံ၊ချန်ပီယံလိဂ်ချန်ပီယံ၊ယူရိုပါလိဂ်ချန်ပီယံတို့

ရရှိပါတယ်။ရီးရဲလ်မက်ဒရစ်မှာချန်ပီယံလိဂ်ချန်ပီယံဖြစ်တဲ့အပြင်လာလီဂါချန်

ပီယံလည်းဖြစ်တာကြောင့်နေရာတစ်နေရာလွတ်လာပြီးယင်းနေရာကိုဥရောပရဲ့

သတ္တမအကောင်းဆုံးလိဂ်ချန်ပီယံအေဂျက်စ်ကရရှိလာပါတယ်။ဒါကြောင့်လည်း

အုပ်စုဦးစားပေးနေရာတွင်မန်စီးတီး၊ရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်၊အေစီမီ

လန်၊ပီအက်စ်ဂျီ၊ပေါ်တို၊အေဂျက်စ်နှင့်ဖရန့်ဖတ်တို့ရရှိလာပါတယ်။ဖရန့်ဖတ်မှာ

ဘွန်ဒက်စ်လီဂါတွင်အဆင့်၁၁နေရာမှာသာရပ်တည်နိုင်ပေမဲ့ယူရိုပါလိဂ်ချန်ပီယံ

ဖြစ်မှုနဲ့အတူဦးစားပေးအဆင့်ရရှိလာတာဖြစ်ပါတယ်။ကျန်အုပ်စုပေးသုံးခုကို ပြီး

ခဲ့တဲ့ငါးနှစ်အတွင်းကလပ်များရဲ့အဆင့်ရပ်တည်မှုအပေါ်မူတည်ပြီးသတ်မှတ်လာ

ပါမယ်။ချန်ပီယံလိဂ်အုပ်စု၈ခုတွင်မဲအိုးတစ်အိုစီမှတစ်သင်းပါဝင်လာမှာဖြစ်သ

လိုအုပ်စုတစ်ခုတည်းတွင်တစ်နိုင်ငံမှတစ်သင်းသာပါဝင်ပါမယ်။မဲအိုးနှစ်တွင်

လီဗာပူး၊ချဲလ်ဆီး၊ဘာစီလိုနာ၊ဂျူဗင်တပ်၊အက်သလက်တီကို၊ရက်ဘူးလ်လိုက်

ဇစ်၊ဆီဗီလာနှင့်စပါးစ်တို့ပါဝင်ပါမယ်။ဦးစားပေးအဆင့်တွင်မပါဝင်တဲ့လီဗာပူးမှာ

ချန်ပီယံအုပ်စုအဆင့်တွင်ရီးရဲလ်မက်ဒရစ်နှင့်ပြန်လည်ဆုံတွေ့နိုင်ပါတယ်။အ

ခြားမဲအိုးတစ်အိုးတွင်အုပ်စုတက်ရေးအနှောက်အယှက်ဖြစ်လာမယ့်ဒေါ့မွန်၊အင်

တာမီလန်၊နာပိုလီ၊စပို့တင်းလစ္စဘွန်း၊လေဗာကူဆင်၊ဆဲလ်ဘတ်၊ရှက်တာဒိုးနက်စ်

အပြင်ပလေးအော့ဖ်မှတက်လာနိုင်တဲ့ဘင်ဖီကာပါဝင်နိုင်ပါတယ်။မဲအိုးလေးတွင်

ဆဲလ်တစ်၊ဘရုစ်ဂျက်နှင့်ခြေစစ်ပွဲမှတက်လာမယ့်အသင်း၆သင်းပါဝင်ပါမယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုကိုဩဂုတ်လ၂၅ရက်နေ့တွင်ပြုလုပ်သွားပါမယ်။

ခ်န္ပီယံလိဂ္အုပ္စုမဲခြဲမႈဆီဒင္ရရွိတဲ့အသင္း၈သင္းကိုအတည္ျပဳလာႏိုင္ၿပီျဖစ္ပါ

တယ္။ယင္းသို႔ အုပ္စုဦးစားေပးအသင္းထြက္ေပၚလာမႈနဲ႔အတူမၾကာေသးမီတုန္း

ကခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ဆုံေတြ႕ခဲ့တဲ့ရီးရဲလ္မက္ဒရစ္ႏွင့္လီဗာပူးတို႔မွာလာ

မယ့္ရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္တြင္ထပ္မံဆုံေတြ႕ဖို႔ရွိေနပါတယ္။ဒတ္ခ်္အ

မွတ္ေပးဖလားခ်န္ပီယံေအဂ်က္စ္အသင္းမွာလာမယ့္ရာသီခ်န္ပီယံလိဂ္အုပ္စုမဲခြဲ

မႈအတြက္ဦးစားေပး၈သင္းစာရင္းတြင္ပါဝင္ပါမယ္။အုပ္စုဦးစားေပး၈သင္းကို ဥ

ေရာပထိပ္သီးလိဂ္၆သင္းမွခ်န္ပီယံ၊ခ်န္ပီယံလိဂ္ခ်န္ပီယံ၊ယူ႐ိုပါလိဂ္ခ်န္ပီယံတို႔

ရရွိပါတယ္။ရီးရဲလ္မက္ဒရစ္မွာခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္တဲ့အျပင္လာလီဂါခ်န္

ပီယံလည္းျဖစ္တာေၾကာင့္ေနရာတစ္ေနရာလြတ္လာၿပီးယင္းေနရာကိုဥေရာပရဲ႕

သတၱမအေကာင္းဆုံးလိဂ္ခ်န္ပီယံေအဂ်က္စ္ကရရွိလာပါတယ္။ဒါေၾကာင့္လည္း

အုပ္စုဦးစားေပးေနရာတြင္မန္စီးတီး၊ရီးရဲလ္မက္ဒရစ္၊ဘိုင္ယန္ျမဴးနစ္၊ေအစီမီ

လန္၊ပီအက္စ္ဂ်ီ၊ေပၚတို၊ေအဂ်က္စ္ႏွင့္ဖရန႔္ဖတ္တို႔ရရွိလာပါတယ္။ဖရန႔္ဖတ္မွာ

ဘြန္ဒက္စ္လီဂါတြင္အဆင့္၁၁ေနရာမွာသာရပ္တည္ႏိုင္ေပမဲ့ယူ႐ိုပါလိဂ္ခ်န္ပီယံ

ျဖစ္မႈနဲ႔အတူဦးစားေပးအဆင့္ရရွိလာတာျဖစ္ပါတယ္။က်န္အုပ္စုေပးသုံးခုကို ၿပီး

ခဲ့တဲ့ငါးႏွစ္အတြင္းကလပ္မ်ားရဲ႕အဆင့္ရပ္တည္မႈအေပၚမူတည္ၿပီးသတ္မွတ္လာ

ပါမယ္။ခ်န္ပီယံလိဂ္အုပ္စု၈ခုတြင္မဲအိုးတစ္အိုစီမွတစ္သင္းပါဝင္လာမွာျဖစ္သ

လိုအုပ္စုတစ္ခုတည္းတြင္တစ္ႏိုင္ငံမွတစ္သင္းသာပါဝင္ပါမယ္။မဲအိုးႏွစ္တြင္

လီဗာပူး၊ခ်ဲလ္ဆီး၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္၊အက္သလက္တီကို၊ရက္ဘူးလ္လိုက္

ဇစ္၊ဆီဗီလာႏွင့္စပါးစ္တို႔ပါဝင္ပါမယ္။ဦးစားေပးအဆင့္တြင္မပါဝင္တဲ့လီဗာပူးမွာ

ခ်န္ပီယံအုပ္စုအဆင့္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္ျပန္လည္ဆုံေတြ႕ႏိုင္ပါတယ္။အ

ျခားမဲအိုးတစ္အိုးတြင္အုပ္စုတက္ေရးအေႏွာက္အယွက္ျဖစ္လာမယ့္ေဒါ့မြန္၊အင္

တာမီလန္၊နာပိုလီ၊စပို႔တင္းလစၥဘြန္း၊ေလဗာကူဆင္၊ဆဲလ္ဘတ္၊ရွက္တာဒိုးနက္စ္

အျပင္ပေလးေအာ့ဖ္မွတက္လာႏိုင္တဲ့ဘင္ဖီကာပါဝင္ႏိုင္ပါတယ္။မဲအိုးေလးတြင္

ဆဲလ္တစ္၊ဘ႐ုစ္ဂ်က္ႏွင့္ေျခစစ္ပြဲမွတက္လာမယ့္အသင္း၆သင္းပါဝင္ပါမယ္။

ခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲမႈကိုဩဂုတ္လ၂၅ရက္ေန႔တြင္ျပဳလုပ္သြားပါမယ္။