လာမယ့်ဇန်နဝါရီမှာအပြောင်းအရွှေ့ဈေးကွက်မှာ လက်စတာကွင်းလယ်လူကို ခေါ်ယူဖို့ စီစဉ်နေတဲ့ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာကွင်းလယ်လူအန်ဒီဒီကိုလာမယ့်ဇန်နဝါရီအပြောင်း

အရွှေ့စျေးကွက်ကျရင်ကြိုးပမ်းဖို့ စီစဉ်နေတယ်ဆိုပြီးThe Hard Tackle ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့နွေရာသီကာလတုန်းက စီရော်နယ်လ်ဒို၊ ဆန်ချို၊ ဗာရန်းတို့ကိုခေါ်ယူခဲ့

ပြီးဖြစ်ပေမယ့် ဆိုးလ်ရှားက ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ဦးကိုခေါ်ယူဖို့ဆန္ဒရှိနေဆဲဖြစ်ပြီး အဲဒီနေရာ

အတွက် ထိပ်တန်းကစားသမားတချို့ကိုပစ်မှတ်ထားနေသလို အခု လက်စတာကွင်းလယ်လူအန်ဒီဒီ

လည်းပါဝင်လာတာဖြစ်ပါတယ်။ အခုလောလောဆယ် ယူနိုက်တက်အသင်းမှာပေ့ါဘာက အသင်းနဲ့စာ

ချုပ်သက်တမ်းတိုးဖို့မသေမချာဖြစ်နေပြီး မာတစ်ကအသက်အရွယ်ကြောင့်ခြေစွမ်းပိုင်းကျဆင်းလာတဲ့

အပြင် တွမ်မီးနေး၊ဖရက်ဒ်အတွဲကလည်း အားကိုးလို့မရတာကြောင့် ကွင်းလယ်လူတစ်ဦးမဖြစ်မနေအား

ဖြည့်ရမယ့်အနေအထားဖြစ်နေပါပြီ။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ အန်ဒီဒီဟာ ၂၀၁၇ ခုနှစ်တုန်းက

ဘယ်လ်ဂျီယံကလပ်KRC ဂျန့်အသင်းကနေ လက်စတာအသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပြီးအသင်းရဲ့

အဓိက,ကွင်းလယ်လူအဖြစ်ပါဝင်ကစားနေသလို စုစုပေါင်း(၁၈၅)ပွဲကစား၊ (၉)ဂိုးသွင်းယူထားပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့လာမယ့်ဇန်နဝါရီမှာ အန်ဒီဒီကို ကြိုးပမ်းဖို့ပြင်ဆင်နေပေမယ့်လက်စတာ

အသင်းကတော့ ရာသီဝက်ကာလမှာ သူတို့ရဲ့အဓိက,ကစားသမားတစ်ဦးကို လက်လွှတ်ခံဖို့ဆန္ဒမရှိ

လောက်ပါဘူး။

 

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္စတာကြင္းလယ္လူအန္ဒီဒီကိုလာမယ့္ဇန္နဝါရီအေျပာင္း

အေ႐ႊ႕ေစ်းကြက္က်ရင္ႀကိဳးပမ္းဖို႔ စီစဥ္ေနတယ္ဆိုၿပီးThe Hard Tackle ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာၿပီးခဲ့တဲ့ေႏြရာသီကာလတုန္းက စီေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳ၊ ဗာရန္းတို႔ကိုေခၚယူခဲ့

ၿပီးျဖစ္ေပမယ့္ ဆိုးလ္ရွားက ကမာၻ႔အဆင့္ကြင္းလယ္လူတစ္ဦးကိုေခၚယူဖို႔ဆႏၵရွိေနဆဲျဖစ္ၿပီး အဲဒီေနရာ

အတြက္ ထိပ္တန္းကစားသမားတခ်ိဳ႕ကိုပစ္မွတ္ထားေနသလို အခု လက္စတာကြင္းလယ္လူအန္ဒီဒီ

လည္းပါဝင္လာတာျဖစ္ပါတယ္။ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းမွာေပ့ါဘာက အသင္းနဲ႔စာ

ခ်ဳပ္သက္တမ္းတိုးဖို႔မေသမခ်ာျဖစ္ေနၿပီး မာတစ္ကအသက္အ႐ြယ္ေၾကာင့္ေျခစြမ္းပိုင္းက်ဆင္းလာတဲ့

အျပင္ တြမ္မီးေနး၊ဖရက္ဒ္အတြဲကလည္း အားကိုးလို႔မရတာေၾကာင့္ ကြင္းလယ္လူတစ္ဦးမျဖစ္မေနအား

ျဖည့္ရမယ့္အေနအထားျဖစ္ေနပါၿပီ။ အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အန္ဒီဒီဟာ ၂၀၁၇ ခုႏွစ္တုန္းက

ဘယ္လ္ဂ်ီယံကလပ္KRC ဂ်န႔္အသင္းကေန လက္စတာအသင္းဆီေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီးအသင္းရဲ႕

အဓိက,ကြင္းလယ္လူအျဖစ္ပါဝင္ကစားေနသလို စုစုေပါင္း(၁၈၅)ပြဲကစား၊ (၉)ဂိုးသြင္းယူထားပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔လာမယ့္ဇန္နဝါရီမွာ အန္ဒီဒီကို ႀကိဳးပမ္းဖို႔ျပင္ဆင္ေနေပမယ့္လက္စတာ

အသင္းကေတာ့ ရာသီဝက္ကာလမွာ သူတို႔ရဲ႕အဓိက,ကစားသမားတစ္ဦးကို လက္လႊတ္ခံဖို႔ဆႏၵမရွိ

ေလာက္ပါဘူး။

newz24hrnews