‘လင်ဆိုးမယား တဖားဖား’ဘဝနဲ့ရင်ဆိုင်နေရပေမယ့် ကိုယ်တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ကို မပြိုပျက်အောင်ထိန်းသိမ်းနေတဲ့ ကောလင်း

အိမ်ထောင်တစ်ခု တည်မြဲဖို့ဆိုတာက အချစ်၊ သံယောဇဉ်တွေသာမကဘဲ ခင်ပွန်းနဲ့ဇနီးသည်နှစ်ယောက်ကြားမှာ အပြန်အလှန်နားလည်မှုတွေရှိဖို့ကလည်း အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။ နားလည်မှုဆိုတဲ့အပိုင်းမှာလည်း အတိုင်းအတာတစ်ခုအထိသာရှိကြပေမယ့် တချို့သောခင်ပွန်း၊ အများအားဖြင့်တော့ ဇနီးသည်တွေဟာ ကိုယ်စိတ်တိုင်းကျတည်ဆောက်ခဲ့တဲ့ အိမ်ထောင်တစ်ခုကို လွယ်လွယ်ကူကူနဲ့မပြိုကွဲချင်တဲ့စိတ်နဲ့ အဆုံးစွန်အထိနားလည်ခွင့်လွှတ်ပေးတာမျိုးလည်း ရှိတတ်ကြပါတယ်။ နာမည်ကျော်ဘောလုံးသမားဟောင်းကြီး ၀ိန်းရွန်နီရဲ့ဇနီးဖြစ်တဲ့ ကောလင်းရွန်နီလိုပေ့ါ။ ရွန်နီနဲ့ကောလင်းတို့ရဲ့ အိမ်ထောင်သက်က (၁၃)နှစ်တာခရီးကိုရောက်ရှိနေပြီဖြစ်ပြီး သူတို့မှာ ချစ်စရာကောင်းတဲ့သားရတနာ(၄)ဦးပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း (၁၃)နှစ်အထိကြာမြင့်နေပြီဖြစ်ပေမယ့် ရွန်နီနဲ့ကောလင်းတို့ရဲ့ အိမ်ထောင်ရေးခရီးလမ်းက သာယာတဲ့ခရီးတစ်ခုမဟုတ်ခဲ့ဘဲ အိမ်ထောင်ပြိုကွဲသွားနိုင်တဲ့ အက်ကွဲကြောင်းတွေက မကြာခဏဆိုသလိုဖြစ်နေတာပါ။ ဒါကလည်း ရွန်နီလုပ်ခဲ့တဲ့ အမှားတွေကြောင့်ပါပဲ။ ခင်ပွန်းသည်တစ်ယောက်မှာ ရှိသင့်တဲ့စည်းမျဉ်းတွေ၊ ထိန်းသိမ်းသင့်တဲ့ကိုယ်ကျင့်တရားတွေကို ရွန်နီဟာ မကြာခဏဆိုသလို ချိုးဖောက်လေ့ရှိပြီး ကောလင်းတစ်ယောက် တော်တော်လေးသည်းခံနိုင်ခဲ့လို့သာ သူတို့အိမ်ထောင်ရေးက သက်ဆိုးရှည်နေတာပဲဖြစ်ပါတယ်။ ဒါတောင် ကောလင်းနဲ့ရွန်နီတို့က ဟိုးငယ်ငယ်လေးကတည်းက သူငယ်ချင်းသံယောဇဉ်၊ သမီးရည်းစားသံယောဇဉ်တွေပေါင်းစပ်ပြီးတော့ အိမ်ထောင်တစ်ခုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကောလင်း အသက်(၁၂)နှစ်အရွယ်မှာ ရွန်နီနဲ့ စတင်ရင်းနှီးခဲ့ပြီး သူတို့နှစ်ယောက် အသက်(၁၆)နှစ်ပြည့်တဲ့အချိန်မှာ အဖြူရောင်သူငယ်ချင်းဇာတ်လမ်းကို တစ်ခန်းရပ်ပြီးတော့ ရင်ခုန်သံချင်းရင်းရင်းနှီးနှီးဖလှယ်လို့ရတဲ့ သမီးရည်းစားဆိုတဲ့ ခေါင်းစဉ်အောက်ကို ခိုလှုံခဲ့ကြတယ်။

ရွန်နီဟာ ကောလင်းနဲ့တွဲနေတဲ့အချိန်မှာကတည်းက သွေးသားသောင်းကျန်းမှုတွေကျူးလွန်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်တုန်းက ရှာလော့တ်ဂလိုဗာဆိုတဲ့ ပြည့်တန်ဆာတစ်ဦးကို ပေါင်(၁၄၀)ပေးပြီးတော့ ပျော်ပါးခဲ့တဲ့အပြင် အမှတ်တရလက်ဆောင်အဖြစ်တောင် သူ့လက်မှတ်ရေးထိုးပေးခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ ရှာလော့တ်ဂလိုဗာနဲ့သတင်းထွက်ပြီး (၁)လလောက်အကြာမှာပဲ ဂျီနာမက်ကာရစ်ဆိုတဲ့အသက်(၃၇)နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးနဲ့ လီဗာပူးလ်မြို့က ‘ပိုက်ဆံပေးရင် အချိန်ပိုင်းအချစ်အတု’တွေကို ဝယ်ယူလို့ရတဲ့နေရာတစ်ခုမှာ (၄၅)ပေါင်ပေးပြီးတော့ သွေးသားချင်းဖလှယ်ခဲ့ကြပြန်တယ်။ ဒါ့အပြင် ရွန်နီရဲ့တဏှာရာဂမီးက ဘယ်လောက်တောင်ကြီးမားလဲဆိုရင် သူ့အဖွားအရွယ်လောက်ရှိတဲ့ အသက်(၄၈)နှစ်အရွယ်ရှိပြီဖြစ်သူ အနှိပ်ခန်းနဲ့အလှပြုပြင်ရေးဆိုင်ကဧည့်ကြို ပက်ထရစ်ရှာတီယာနေးလို့နာမည်ရတဲ့အမျိုးသမီးကြီးတစ်ဦးကို ချိတ်ခဲ့ပေမယ့် ပက်ထရစ်ရှာတီယာနေးကတော့ ရွန်နီရဲ့ဘောလုံးသမားဘဝထိခိုက်မှာစိုးလို့ လက်မခံခဲ့ပါဘူး။ အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ ရွန်နီက သူတော်တော်လေးနောင်တရမိတယ်ဆိုပြီးတော့ ‘မိကျောင်းမျက်ရည်ခင်း’ပြခဲ့ချိန်မှာ အယုံလွယ်မိတဲ့ကောလင်းတစ်ယောက် ရွန်နီနဲ့အတူ ဘဝလမ်းခရီးကိုလျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့တာက သူမအတွက် အကြီးကျယ်ဆုံးအမှားဖြစ်ခဲ့ရပါတယ်။ ၂၀၀၈ခုနှစ်မှာ ကောလင်းနဲ့လက်ထပ်ခဲ့ပြီးလို့ (၁)နှစ်လောက်အကြာမှာပဲ ခြေစွမ်းခြေစရှိတဲ့ ရွန်နီက သူ့ရဲ့တစ်ကျော့ပြန်’ဇ’တွေပြသခဲ့ပြီး ကောလင်း ပထမဆုံးရင်သွေးလွယ်ထားရချိန်မှာတောင် မအောင့်အည်းနိုင်ဘဲ ဂျန်နီသောမဆင်ဆိုတဲ့ပြည့်တန်ဆာတစ်ဦးကို ပေါင်(၁၀၀၀)ပေးပြီးတော့ ညလုံးပေါက် ချစ်စခန်းဖွင့်ခဲ့တဲ့အပြင် ဘား၊ ကလပ်တွေနဲ့ ကာစီနိုဝိုင်းတွေကိုတောင် အတူသွားတဲ့အထိ အိမ်ထောင်ရေးဖောက်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကောလင်းလည်း သည်းမခံနိုင်တော့ဘဲ သားဦးလေးဖြစ်တဲ့ ခိုင်ရွန်နီနဲ့အတူ အိမ်ပေါ်ကဆင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ရွန်နီက လေပြည်ထိုးပြီးတော့ ချော့မော့ခဲ့တာကြောင့် ရွန်နီကို ကောလင်း ခွင့်လွှတ်လိုက်ရပြန်တယ်။ ဒါပေမဲ့ ‘ခွေးမြီှးကောက် ကျည်တောက်စွပ်’ဆိုတဲ့စကားအတိုင်းပဲ သိပ်မကြာခင်မှာပဲ ရွန်နီဟာ သွေးသားသောင်းကျန်းမှုတွေ ပြန်လုပ်ခဲ့ပြီး ဒီတစ်ကြိမ်ကတော့ အရင်လို အမျိုးသမီးတစ်ယောက်တည်းနဲ့တောင် မဟုတ်တော့ပါဘူး။ ဟယ်လန်ဝုဒ်၊ ဂျန်နီလို့အမည်ရတဲ့ အမျိုးသမီးနှစ်ဦးနဲ့အတူ ရွန်နီက Threesome အကွက်ခင်းခဲ့ပြီး ဒီသတင်းကို ကောလင်းသိသွားချိန်မှာ သားလေးရဲ့မျက်နှာကြောင့် ခင်ပွန်းသည်ကို ခွင့်လွှတ်ပေးခဲ့ရပြန်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရွန်နီရဲ့ ‘ကုတင်ပေါ်က ဇာတ်လမ်း’တွေအကြောင်း သိပ်မကြားရတော့ပေမယ့် ရွန်နီဟာ အရက်လိုင်းကိုရောက်သွားပြီး တစ်ခါတုန်းက အရက်နဲ့အိပ်ဆေးတွဲသောက်ပြီးတော့ ‘လွတ်’သလိုဖြစ်သွားတဲ့အတွက် အမေရိကန်လေဆိပ်က လုံခြုံရေးတံခါးအချက်ပြခလုတ်ကို သွားနှိပ်မိခဲ့လို့ အဖမ်းခံခဲ့ရပါသေးတယ်။ ကောလင်းကတော့ အကြိမ်တိုင်းမှာ သူမရဲ့လင်သားဘက်ကနေ အမြဲရပ်တည်ပေးခဲ့တာကြောင့် ကောလင်းကို ချီးကျူးရမလား၊ အပြစ်တင်ရမလားလို့တောင် မဝေခွဲတတ်တော့ပါဘူး။ ခိုင်ရွန်နီအပြင် ကလေး၊ ကစ်နဲ့ ကတ်စ်ဆိုတဲ့ သား(၄)ဦးမွေးဖွားခဲ့ပြီးနောက်ပိုင်းမှာ ရွန်နီဟာ ခြေပြန်ငြိမ်သွားပြီး သူကလည်း ဘောလုံးသမားဘဝကအနားယူပြီးတော့ ဒါဘီအသင်းနည်းပြအဖြစ်ဆောင်ရွက်နေချိန်ဖြစ်လို့ အသက်အရွယ်အရ ရင့်ကျက်လာပြီလို့ထင်ရတုန်းမှာပဲ ‘ဗွေ’ဖောက်လာပါတော့တယ်။ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက Snapchat မော်ဒယ်လ်တွေနဲ့အတူ ဟိုတယ်တစ်ခုမှာ ရွန်နီအတူရှိခဲ့တယ်ဆိုတဲ့ သတင်းက မီဒီယာစာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ခင်ပွန်းသည်ရဲ့အကြိမ်ကြိမ်သစ္စဖောက်မှုခံခဲ့ရတဲ့ ကောလင်းအတွက် ဒီသတင်းက ရင်ခုန်စရာမရှိတော့ပါဘူး။ အိမ်ထောင်သည်ဘဝတစ်လျှောက်မှာ ရွန်နီကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ ကောလင်းက အခုလိုပဲရင်ဖွင့်ခဲ့ပါတယ်။ “ကျွန်မ ရွန်နီကို ခွင့်လွှတ်ပါတယ်။ ဒါပေမဲ့ သူ့လုပ်ရပ်တွေက လက်ခံနိုင်စရာတော့မရှိပါဘူး။ ရွန်နီကို ချစ်သေးလားလို့မေးရင် ချစ်နေတုန်းပဲလို့ဖြေရမှာပါ။ ရွန်နီဟာ ခင်ပွန်းကောင်းတစ်ယောက်မဟုတ်ခဲ့ပေမယ့် အဖေကောင်းတစ်ယောက်တော့ဖြစ်နေဆဲပါပဲ။ တချို့တွေကတော့ ဒီလိုစိတ်ပျက်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ဆက်လျှောက်လှမ်းနေတဲ့အတွက် ကျွန်မကို ရူးမိုက်တယ်လို့ ထင်ကောင်းထင်နေကြမှာပါ။ ကျွန်မအတွက် ကလေးတွေနဲ့ကိုယ့်ဘဝကိုယ်လျှောက်လှမ်းဖို့က ဘာအခက်အခဲမှမရှိပေမယ့် အဲဒီလိုဘဝမျိုးကြီး မရောက်ချင်ပါဘူး။ ကိုယ်တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကို ခိုင်မြဲအောင် အကောင်းဆုံးကြိုးစားတည်ဆောက်သွားမှာဖြစ်ပြီး မိသားစုဘဝလေးနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားဖို့က ကျွန်မဖြစ်ချင်တဲ့ ဆန္ဒပါပဲ”။ ကောလင်းလို နားလည်မှုရှိတဲ့ ဇနီးကောင်းတစ်ယောက်ရထားတာတောင် အကျင့်ဆိုးတွေမပြင်နိုင်သေးတဲ့ ရွန်နီ အနာဂတ်မှာတော့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေထိုင်သွားမယ်လို့တော့ မျှော်လင့်ရတာပါပဲ။ ဒီလိုမှမဟုတ်ဘဲ လိုက်နာရမယ့်အိမ်ထောင်ရေးစည်းကမ်းတွေကို ဆက်ပြီးချိုးဖောက်နေမယ်ဆိုရင် ‘လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီးမှ သူ့တန်ဖိုးကို နားလည်ပြီး နောင်တတစ်ပွေ့တစ်ပိုက်နဲ့ကျန်နေရတဲ့ဘဝမျိုး’မရောက်ပါစေနဲ့ ရွန်နီရေလို့ ဆုတောင်းရမှာပဲဖြစ်ပါတော့တယ် . . .

zawgyi

‘လင္ဆိုးမယား တဖားဖား’ဘဝနဲ႔ရင္ဆိုင္ေနရေပမယ့္ ကိုယ္တည္ေဆာက္ခဲ့တဲ့ အိမ္ေထာင္ကို မၿပိဳပ်က္ေအာင္ထိန္းသိမ္းေနတဲ့ ေကာလင္း

အိမ္ေထာင္တစ္ခု တည္ၿမဲဖို႔ဆိုတာက အခ်စ္၊ သံေယာဇဥ္ေတြသာမကဘဲ ခင္ပြန္းနဲ႔ဇနီးသည္ႏွစ္ေယာက္ၾကားမွာ အျပန္အလွန္နားလည္မႈေတြရွိဖို႔ကလည္း အေရးပါတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။ နားလည္မႈဆိုတဲ့အပိုင္းမွာလည္း အတိုင္းအတာတစ္ခုအထိသာရွိၾကေပမယ့္ တခ်ိဳ႕ေသာခင္ပြန္း၊ အမ်ားအားျဖင့္ေတာ့ ဇနီးသည္ေတြဟာ ကိုယ္စိတ္တိုင္းက်တည္ေဆာက္ခဲ့တဲ့ အိမ္ေထာင္တစ္ခုကို လြယ္လြယ္ကူကူနဲ႔မၿပိဳကြဲခ်င္တဲ့စိတ္နဲ႔ အဆုံးစြန္အထိနားလည္ခြင့္လႊတ္ေပးတာမ်ိဳးလည္း ရွိတတ္ၾကပါတယ္။ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းႀကီး ၀ိန္း႐ြန္နီရဲ႕ဇနီးျဖစ္တဲ့ ေကာလင္း႐ြန္နီလိုေပ့ါ။ ႐ြန္နီနဲ႔ေကာလင္းတို႔ရဲ႕ အိမ္ေထာင္သက္က (၁၃)ႏွစ္တာခရီးကိုေရာက္ရွိေနၿပီျဖစ္ၿပီး သူတို႔မွာ ခ်စ္စရာေကာင္းတဲ့သားရတနာ(၄)ဦးပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ အိမ္ေထာင္သက္တမ္း (၁၃)ႏွစ္အထိၾကာျမင့္ေနၿပီျဖစ္ေပမယ့္ ႐ြန္နီနဲ႔ေကာလင္းတို႔ရဲ႕ အိမ္ေထာင္ေရးခရီးလမ္းက သာယာတဲ့ခရီးတစ္ခုမဟုတ္ခဲ့ဘဲ အိမ္ေထာင္ၿပိဳကြဲသြားႏိုင္တဲ့ အက္ကြဲေၾကာင္းေတြက မၾကာခဏဆိုသလိုျဖစ္ေနတာပါ။ ဒါကလည္း ႐ြန္နီလုပ္ခဲ့တဲ့ အမွားေတြေၾကာင့္ပါပဲ။ ခင္ပြန္းသည္တစ္ေယာက္မွာ ရွိသင့္တဲ့စည္းမ်ဥ္းေတြ၊ ထိန္းသိမ္းသင့္တဲ့ကိုယ္က်င့္တရားေတြကို ႐ြန္နီဟာ မၾကာခဏဆိုသလို ခ်ိဳးေဖာက္ေလ့ရွိၿပီး ေကာလင္းတစ္ေယာက္ ေတာ္ေတာ္ေလးသည္းခံႏိုင္ခဲ့လို႔သာ သူတို႔အိမ္ေထာင္ေရးက သက္ဆိုးရွည္ေနတာပဲျဖစ္ပါတယ္။ ဒါေတာင္ ေကာလင္းနဲ႔႐ြန္နီတို႔က ဟိုးငယ္ငယ္ေလးကတည္းက သူငယ္ခ်င္းသံေယာဇဥ္၊ သမီးရည္းစားသံေယာဇဥ္ေတြေပါင္းစပ္ၿပီးေတာ့ အိမ္ေထာင္တစ္ခုတည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ေကာလင္း အသက္(၁၂)ႏွစ္အ႐ြယ္မွာ ႐ြန္နီနဲ႔ စတင္ရင္းႏွီးခဲ့ၿပီး သူတို႔ႏွစ္ေယာက္ အသက္(၁၆)ႏွစ္ျပည့္တဲ့အခ်ိန္မွာ အျဖဴေရာင္သူငယ္ခ်င္းဇာတ္လမ္းကို တစ္ခန္းရပ္ၿပီးေတာ့ ရင္ခုန္သံခ်င္းရင္းရင္းႏွီးႏွီးဖလွယ္လို႔ရတဲ့ သမီးရည္းစားဆိုတဲ့ ေခါင္းစဥ္ေအာက္ကို ခိုလႈံခဲ့ၾကတယ္။

႐ြန္နီဟာ ေကာလင္းနဲ႔တြဲေနတဲ့အခ်ိန္မွာကတည္းက ေသြးသားေသာင္းက်န္းမႈေတြက်ဴးလြန္ခဲ့တာျဖစ္ၿပီး ၂၀၀၄ ခုႏွစ္တုန္းက ရွာေလာ့တ္ဂလိုဗာဆိုတဲ့ ျပည့္တန္ဆာတစ္ဦးကို ေပါင္(၁၄၀)ေပးၿပီးေတာ့ ေပ်ာ္ပါးခဲ့တဲ့အျပင္ အမွတ္တရလက္ေဆာင္အျဖစ္ေတာင္ သူ႔လက္မွတ္ေရးထိုးေပးခဲ့တယ္လို႔ သတင္းထြက္ခဲ့ပါေသးတယ္။ ရွာေလာ့တ္ဂလိုဗာနဲ႔သတင္းထြက္ၿပီး (၁)လေလာက္အၾကာမွာပဲ ဂ်ီနာမက္ကာရစ္ဆိုတဲ့အသက္(၃၇)ႏွစ္အ႐ြယ္အမ်ိဳးသမီးႀကီးတစ္ဦးနဲ႔ လီဗာပူးလ္ၿမိဳ႕က ‘ပိုက္ဆံေပးရင္ အခ်ိန္ပိုင္းအခ်စ္အတု’ေတြကို ဝယ္ယူလို႔ရတဲ့ေနရာတစ္ခုမွာ (၄၅)ေပါင္ေပးၿပီးေတာ့ ေသြးသားခ်င္းဖလွယ္ခဲ့ၾကျပန္တယ္။ ဒါ့အျပင္ ႐ြန္နီရဲ႕တဏွာရာဂမီးက ဘယ္ေလာက္ေတာင္ႀကီးမားလဲဆိုရင္ သူ႔အဖြားအ႐ြယ္ေလာက္ရွိတဲ့ အသက္(၄၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အႏွိပ္ခန္းနဲ႔အလွျပဳျပင္ေရးဆိုင္ကဧည့္ႀကိဳ ပက္ထရစ္ရွာတီယာေနးလို႔နာမည္ရတဲ့အမ်ိဳးသမီးႀကီးတစ္ဦးကို ခ်ိတ္ခဲ့ေပမယ့္ ပက္ထရစ္ရွာတီယာေနးကေတာ့ ႐ြန္နီရဲ႕ေဘာလုံးသမားဘဝထိခိုက္မွာစိုးလို႔ လက္မခံခဲ့ပါဘူး။ အဲဒီကိစၥေတြနဲ႔ပတ္သက္လို႔ ႐ြန္နီက သူေတာ္ေတာ္ေလးေနာင္တရမိတယ္ဆိုၿပီးေတာ့ ‘မိေက်ာင္းမ်က္ရည္ခင္း’ျပခဲ့ခ်ိန္မွာ အယုံလြယ္မိတဲ့ေကာလင္းတစ္ေယာက္ ႐ြန္နီနဲ႔အတူ ဘဝလမ္းခရီးကိုေလွ်ာက္လွမ္းဖို႔ ဆုံးျဖတ္ခဲ့တာက သူမအတြက္ အႀကီးက်ယ္ဆုံးအမွားျဖစ္ခဲ့ရပါတယ္။ ၂၀၀၈ခုႏွစ္မွာ ေကာလင္းနဲ႔လက္ထပ္ခဲ့ၿပီးလို႔ (၁)ႏွစ္ေလာက္အၾကာမွာပဲ ေျခစြမ္းေျခစရွိတဲ့ ႐ြန္နီက သူ႔ရဲ႕တစ္ေက်ာ့ျပန္’ဇ’ေတြျပသခဲ့ၿပီး ေကာလင္း ပထမဆုံးရင္ေသြးလြယ္ထားရခ်ိန္မွာေတာင္ မေအာင့္အည္းႏိုင္ဘဲ ဂ်န္နီေသာမဆင္ဆိုတဲ့ျပည့္တန္ဆာတစ္ဦးကို ေပါင္(၁၀၀၀)ေပးၿပီးေတာ့ ညလုံးေပါက္ ခ်စ္စခန္းဖြင့္ခဲ့တဲ့အျပင္ ဘား၊ ကလပ္ေတြနဲ႔ ကာစီႏိုဝိုင္းေတြကိုေတာင္ အတူသြားတဲ့အထိ အိမ္ေထာင္ေရးေဖာက္ျပန္ခဲ့တာျဖစ္ပါတယ္။ ဒီတစ္ခါေတာ့ ေကာလင္းလည္း သည္းမခံႏိုင္ေတာ့ဘဲ သားဦးေလးျဖစ္တဲ့ ခိုင္႐ြန္နီနဲ႔အတူ အိမ္ေပၚကဆင္းခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ႐ြန္နီက ေလျပည္ထိုးၿပီးေတာ့ ေခ်ာ့ေမာ့ခဲ့တာေၾကာင့္ ႐ြန္နီကို ေကာလင္း ခြင့္လႊတ္လိုက္ရျပန္တယ္။ ဒါေပမဲ့ ‘ေခြးၿမီွးေကာက္ က်ည္ေတာက္စြပ္’ဆိုတဲ့စကားအတိုင္းပဲ သိပ္မၾကာခင္မွာပဲ ႐ြန္နီဟာ ေသြးသားေသာင္းက်န္းမႈေတြ ျပန္လုပ္ခဲ့ၿပီး ဒီတစ္ႀကိမ္ကေတာ့ အရင္လို အမ်ိဳးသမီးတစ္ေယာက္တည္းနဲ႔ေတာင္ မဟုတ္ေတာ့ပါဘူး။ ဟယ္လန္ဝုဒ္၊ ဂ်န္နီလို႔အမည္ရတဲ့ အမ်ိဳးသမီးႏွစ္ဦးနဲ႔အတူ ႐ြန္နီက Threesome အကြက္ခင္းခဲ့ၿပီး ဒီသတင္းကို ေကာလင္းသိသြားခ်ိန္မွာ သားေလးရဲ႕မ်က္ႏွာေၾကာင့္ ခင္ပြန္းသည္ကို ခြင့္လႊတ္ေပးခဲ့ရျပန္ပါတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ ႐ြန္နီရဲ႕ ‘ကုတင္ေပၚက ဇာတ္လမ္း’ေတြအေၾကာင္း သိပ္မၾကားရေတာ့ေပမယ့္ ႐ြန္နီဟာ အရက္လိုင္းကိုေရာက္သြားၿပီး တစ္ခါတုန္းက အရက္နဲ႔အိပ္ေဆးတြဲေသာက္ၿပီးေတာ့ ‘လြတ္’သလိုျဖစ္သြားတဲ့အတြက္ အေမရိကန္ေလဆိပ္က လုံၿခဳံေရးတံခါးအခ်က္ျပခလုတ္ကို သြားႏွိပ္မိခဲ့လို႔ အဖမ္းခံခဲ့ရပါေသးတယ္။ ေကာလင္းကေတာ့ အႀကိမ္တိုင္းမွာ သူမရဲ႕လင္သားဘက္ကေန အၿမဲရပ္တည္ေပးခဲ့တာေၾကာင့္ ေကာလင္းကို ခ်ီးက်ဴးရမလား၊ အျပစ္တင္ရမလားလို႔ေတာင္ မေဝခြဲတတ္ေတာ့ပါဘူး။ ခိုင္႐ြန္နီအျပင္ ကေလး၊ ကစ္နဲ႔ ကတ္စ္ဆိုတဲ့ သား(၄)ဦးေမြးဖြားခဲ့ၿပီးေနာက္ပိုင္းမွာ ႐ြန္နီဟာ ေျချပန္ၿငိမ္သြားၿပီး သူကလည္း ေဘာလုံးသမားဘဝကအနားယူၿပီးေတာ့ ဒါဘီအသင္းနည္းျပအျဖစ္ေဆာင္႐ြက္ေနခ်ိန္ျဖစ္လို႔ အသက္အ႐ြယ္အရ ရင့္က်က္လာၿပီလို႔ထင္ရတုန္းမွာပဲ ‘ေဗြ’ေဖာက္လာပါေတာ့တယ္။ ၿပီးခဲ့တဲ့ဇူလိုင္လတုန္းက Snapchat ေမာ္ဒယ္လ္ေတြနဲ႔အတူ ဟိုတယ္တစ္ခုမွာ ႐ြန္နီအတူရွိခဲ့တယ္ဆိုတဲ့ သတင္းက မီဒီယာစာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ျပန္ပါတယ္။ ဒါေပမဲ့ ခင္ပြန္းသည္ရဲ႕အႀကိမ္ႀကိမ္သစၥေဖာက္မႈခံခဲ့ရတဲ့ ေကာလင္းအတြက္ ဒီသတင္းက ရင္ခုန္စရာမရွိေတာ့ပါဘူး။ အိမ္ေထာင္သည္ဘဝတစ္ေလွ်ာက္မွာ ႐ြန္နီက်ဴးလြန္ခဲ့တဲ့လုပ္ရပ္ေတြနဲ႔ပတ္သက္လို႔ ေကာလင္းက အခုလိုပဲရင္ဖြင့္ခဲ့ပါတယ္။ “ကြၽန္မ ႐ြန္နီကို ခြင့္လႊတ္ပါတယ္။ ဒါေပမဲ့ သူ႔လုပ္ရပ္ေတြက လက္ခံႏိုင္စရာေတာ့မရွိပါဘူး။ ႐ြန္နီကို ခ်စ္ေသးလားလို႔ေမးရင္ ခ်စ္ေနတုန္းပဲလို႔ေျဖရမွာပါ။ ႐ြန္နီဟာ ခင္ပြန္းေကာင္းတစ္ေယာက္မဟုတ္ခဲ့ေပမယ့္ အေဖေကာင္းတစ္ေယာက္ေတာ့ျဖစ္ေနဆဲပါပဲ။ တခ်ိဳ႕ေတြကေတာ့ ဒီလိုစိတ္ပ်က္စရာေကာင္းတဲ့ အိမ္ေထာင္ေရးကို ဆက္ေလွ်ာက္လွမ္းေနတဲ့အတြက္ ကြၽန္မကို ႐ူးမိုက္တယ္လို႔ ထင္ေကာင္းထင္ေနၾကမွာပါ။ ကြၽန္မအတြက္ ကေလးေတြနဲ႔ကိုယ့္ဘဝကိုယ္ေလွ်ာက္လွမ္းဖို႔က ဘာအခက္အခဲမွမရွိေပမယ့္ အဲဒီလိုဘဝမ်ိဳးႀကီး မေရာက္ခ်င္ပါဘူး။ ကိုယ္တည္ေဆာက္ထားတဲ့ အိမ္ေထာင္ေရးကို ခိုင္ၿမဲေအာင္ အေကာင္းဆုံးႀကိဳးစားတည္ေဆာက္သြားမွာျဖစ္ၿပီး မိသားစုဘဝေလးနဲ႔ သိုက္သိုက္ဝန္းဝန္းေနသြားဖို႔က ကြၽန္မျဖစ္ခ်င္တဲ့ ဆႏၵပါပဲ”။ ေကာလင္းလို နားလည္မႈရွိတဲ့ ဇနီးေကာင္းတစ္ေယာက္ရထားတာေတာင္ အက်င့္ဆိုးေတြမျပင္ႏိုင္ေသးတဲ့ ႐ြန္နီ အနာဂတ္မွာေတာ့ ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားေနထိုင္သြားမယ္လို႔ေတာ့ ေမွ်ာ္လင့္ရတာပါပဲ။ ဒီလိုမွမဟုတ္ဘဲ လိုက္နာရမယ့္အိမ္ေထာင္ေရးစည္းကမ္းေတြကို ဆက္ၿပီးခ်ိဳးေဖာက္ေနမယ္ဆိုရင္ ‘လူတစ္ေယာက္ကို ဆုံးရႈံးလိုက္ရၿပီးမွ သူ႔တန္ဖိုးကို နားလည္ၿပီး ေနာင္တတစ္ေပြ႕တစ္ပိုက္နဲ႔က်န္ေနရတဲ့ဘဝမ်ိဳး’မေရာက္ပါေစနဲ႔ ႐ြန္နီေရလို႔ ဆုေတာင္းရမွာပဲျဖစ္ပါေတာ့တယ္ . . .