လက်ရှိစာချုပ်သက်တမ်းထက်ကျော်လွန်ပြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်နေတဲ့ အယ်လ်နက်ဆာ

အယ်လ် နက်ဆာအသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ကစားသမားဘဝ အနားယူတဲ့အချိန်

အထိ အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်နေကြောင်း ESPN သတင်းထောက် ရော့ဘ် ဒေါ်ဆင်ရဲ့

ပြောကြားချက်အရ သိရပါတယ်။ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူစာချုပ်

ဖျက်သိမ်းခဲ့ပြီးနောက် ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ

ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝအတွင်း စပို့တင်းလစ္စဘွန်း၊ မန်ယူနိုက်တက်(၂ ကြိမ်)၊ ရီးရဲလ်မက်

ဒရစ်၊ ဂျူဗင်တပ်အသင်းတို့အတွက် ကိုယ်စားပြုကစားပေးခဲ့သူဖြစ်ပေမယ့်လည်း ပထမဆုံးအကြိမ်ဥ

ရောပကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာအသင်းနဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့

ပြီး ရီယက်ဒ်မှာ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၂၀၀ နီးပါး ရရှိသွားမှာ ဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူး

ဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် အသက် ၄၀ အရွယ် ရှိနေတော့မှာ ဖြစ်ပေမယ့်

လည်း ဆော်ဒီ ပရိုလိဂ်ကလပ်က လက်ရှိစာချုပ်သက်တမ်းထက် ကျော်လွန်ပြီး ခရစ္စတီယာနို ရော်နယ်

လ်ဒိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ဘလွန်ဒေါ ၅ ဆု

ရှင်ဟာ ၎င်းရဲ့ ကစားသမားဘဝနောက်ဆုံးအချိန်မှာ ဘယ်ကလပ်အသင်းအတွက်မှ ကစားပေးတော့မှာ

မဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုတွေလည်း မြင့်တက်လာနေပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ

တနင်္ဂနွေနေ့က အက်တီဖတ်နဲ့ ပွဲမှာ ပွဲဦးထွက်ကစားပေးခဲ့ရာမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ပရိသတ်

တွေကို စိတ်လှုပ်ရှားစေမယ့် စွမ်းဆောင်ရည်အချို့ကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

အယ္လ္ နက္ဆာအသင္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ ကစားသမားဘဝ အနားယူတဲ့အခ်ိန္

အထိ အသင္းမွာ ဆက္ရွိေနလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္း ESPN သတင္းေထာက္ ေရာ့ဘ္ ေဒၚဆင္ရဲ႕

ေျပာၾကားခ်က္အရ သိရပါတယ္။ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ႏွစ္ဦးသေဘာတူစာခ်ဳပ္

ဖ်က္သိမ္းခဲ့ၿပီးေနာက္ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ

ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမားဘဝအတြင္း စပို႔တင္းလစၥဘြန္း၊ မန္ယူႏိုက္တက္(၂ ႀကိမ္)၊ ရီးရဲလ္မက္

ဒရစ္၊ ဂ်ဴဗင္တပ္အသင္းတို႔အတြက္ ကိုယ္စားျပဳကစားေပးခဲ့သူျဖစ္ေပမယ့္လည္း ပထမဆုံးအႀကိမ္ဥ

ေရာပကို စြန႔္ခြာခဲ့တာျဖစ္ပါတယ္။ေရာ္နယ္လ္ဒိုဟာ အယ္လ္ နက္ဆာအသင္းနဲ႔ ၂ ႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့

ၿပီး ရီယက္ဒ္မွာ တစ္ႏွစ္လုပ္ခလစာ ယူ႐ိုသန္း ၂၀၀ နီးပါး ရရွိသြားမွာ ျဖစ္ပါတယ္။ ေပၚတူဂီတိုက္စစ္မႉး

ဟာ လက္ရွိစာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အခ်ိန္က်ရင္ အသက္ ၄၀ အ႐ြယ္ ရွိေနေတာ့မွာ ျဖစ္ေပမယ့္

လည္း ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္က လက္ရွိစာခ်ဳပ္သက္တမ္းထက္ ေက်ာ္လြန္ၿပီး ခရစၥတီယာႏို ေရာ္နယ္

လ္ဒိုကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ဘလြန္ေဒါ ၅ ဆု

ရွင္ဟာ ၎ရဲ႕ ကစားသမားဘဝေနာက္ဆုံးအခ်ိန္မွာ ဘယ္ကလပ္အသင္းအတြက္မွ ကစားေပးေတာ့မွာ

မဟုတ္ဘူးဆိုတဲ့ ယုံၾကည္မႈေတြလည္း ျမင့္တက္လာေနၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ

တနဂၤေႏြေန႔က အက္တီဖတ္နဲ႔ ပြဲမွာ ပြဲဦးထြက္ကစားေပးခဲ့ရာမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္လည္း ပရိသတ္

ေတြကို စိတ္လႈပ္ရွားေစမယ့္ စြမ္းေဆာင္ရည္အခ်ိဳ႕ကို ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။