လက်နှေးရင်ခွက်ဆေးရကြောင်း ချဲလ်ဆီးကိုတစ်ကွက်ကျောပြလိုက်တဲ့ စပါးစ်

စျေးကွက်ထဲမှာ တိတ်တဆိတ်နဲ့လှုပ်ရှားနေတဲ့ တော့တင်ဟမ်ဟော့စပါးကတော့ အဲဗာတန်

တိုက်စစ်မှူးရစ်ချာလီဆန်ကို ခေါ်ယူဖို့အတွက် အသဘောတူညီမှုရသွားခဲ့ပြန်ပါပြီ။ ကစားသမား

ရဲ့အေးဂျင်နဲ့ စပါးတို့ကြားမှာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေရရှိခဲ့တယ်လို့ သိရပြီး ကာလရှည်

စာချုပ်ချုပ်ဆိုသွားဖို့ရှိကာ အဲဗာတန်နဲ့ ညှိနှိုင်းဖို့သာရှိတော့တယ်လို့ သိရပါတယ်။ ဒါဟာ ချယ်လ်

ဆီးကလည်း စိတ်ဝင်စားနေတဲ့ ဘရာဇီးလ်တိုက်စစ်မှူးကို စပါးက လက်ဦးမှုရယူလိုက်နိုင်တာ

လည်းဖြစ်ပါတယ်။ ရစ်ချာလီဆန်အတွက် စပါးရဲ့ကြိုးပမ်းမှုက သိပ်တောင်မှမကြာမြင့်ခဲ့ဘဲ

ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ ဆက်

တိုက်ဆိုသလိုပဲ သူတို့စိတ်ဝင်စားနေသူတွေအတွက် ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါ

တယ်။ လိဒ်ယူနိုက်တက်ကစားသမား ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်ဆိုပေမယ့်

ဘာစီလိုနာက ကြားဝင်ကာကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာလည်း

သူတို့စိတ်ဝင်စားနေတဲ့ ရစ်ချာလီဆန်ကို စပါးက လက်ဦးမှုယူသွားခဲ့ပြီဖြစ်လို့ တူချယ်လ်ရဲ့

အသင်းအတွက်တော့ ခြေတလှမ်းနောက်ကျကျဖြစ်နေကာ စျေးကွက်ထဲမှာ ကစားသမားသစ်

ခေါ်ယူဖို့ ကြန့်ကြာနေပြီဖြစ်ပါတယ်။ ရစ်ချာလီဆန်အတွက် စပါးက ပေါင်သန်း ၆၀ အထိ ပေး

ချေရဖွယ်ရှိနေပြီး ဒါဟာ ဝက်ဖို့ဒ်ကနေ အဲဗာတန်တို့ခေါ်ယူစဉ်က ပေးချေရတဲ့ ပြောင်းရွှေ့

ကြေးထက် ပေါင် ၁၀ သန်းများပြားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရစ်ချာလီဆန်က အဲဗာ

တန်အတွက် ၁၀ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးပေးခဲ့ပေမယ့် အသင်းကတော့ တန်းမဆင်းရဖို့

အတွက် အသည်းအသန်ရုန်းကန်ခဲ့ရပါတယ်။ စပါးနည်းပြကွန်တီကလည်း ဆွန်ဟောင်မင်နဲ့

ကိန်းတို့ကိုပဲ အားကိုးနေရတဲ့ တိုက်စစ်ပိုင်းအတွက် ရစ်ချာလီဆန်နဲ့ခေါ်ယူအားဖြည့်ချင်နေ

ခဲ့တာပါ။ ချန်ပီယံလိဂ်ကစားရမှာဖြစ်လို့လည်း လူစာရင်းပိုင်းတောင့်တင်းအောင် ကြိုးစားနေ

ပြီး ဘာစီလိုနာနောက်ခံလူလန်ဂ်လက်အတွက်လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

ေစ်းကြက္ထဲမွာ တိတ္တဆိတ္နဲ႔လႈပ္ရွားေနတ​ဲ့ ေတာ့တင္ဟမ္ေဟာ့စပါးကေတာ့ အဲဗာတန္

တိုက္စစ္မႉးရစ္ခ်ာလီဆန္ကို ေခၚယူဖို႔အတြက္ အသေဘာတူညီမႈရသြားခဲ့ျပန္ပါၿပီ။ ကစားသမား

ရဲ႕ေအးဂ်င္နဲ႔ စပါးတို႔ၾကားမွာ ပုဂၢိဳလ္ေရးသေဘာတူညီမႈေတြရရွိခဲ့တယ္လို႔ သိရၿပီး ကာလရွည္

စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ရွိကာ အဲဗာတန္နဲ႔ ညႇိႏႈိင္းဖို႔သာရွိေတာ့တယ္လို႔ သိရပါတယ္။ ဒါဟာ ခ်ယ္လ္

ဆီးကလည္း စိတ္ဝင္စားေနတဲ့ ဘရာဇီးလ္တိုက္စစ္မႉးကို စပါးက လက္ဦးမႈရယူလိုက္ႏိုင္တာ

လည္းျဖစ္ပါတယ္။ ရစ္ခ်ာလီဆန္အတြက္ စပါးရဲ႕ႀကိဳးပမ္းမႈက သိပ္ေတာင္မွမၾကာျမင့္ခဲ့ဘဲ

ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြရရွိခဲ့တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးကေတာ့ ဆက္

တိုက္ဆိုသလိုပဲ သူတို႔စိတ္ဝင္စားေနသူေတြအတြက္ ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါ

တယ္။ လိဒ္ယူႏိုက္တက္ကစားသမား ရာဖင္ဟာကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနတယ္ဆိုေပမယ့္

ဘာစီလိုနာက ၾကားဝင္ကာကမ္းလွမ္းမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ အခုအခါမွာလည္း

သူတို႔စိတ္ဝင္စားေနတဲ့ ရစ္ခ်ာလီဆန္ကို စပါးက လက္ဦးမႈယူသြားခဲ့ၿပီျဖစ္လို႔ တူခ်ယ္လ္ရဲ႕

အသင္းအတြက္ေတာ့ ေျခတလွမ္းေနာက္က်က်ျဖစ္ေနကာ ေစ်းကြက္ထဲမွာ ကစားသမားသစ္

ေခၚယူဖို႔ ၾကန႔္ၾကာေနၿပီျဖစ္ပါတယ္။ ရစ္ခ်ာလီဆန္အတြက္ စပါးက ေပါင္သန္း ၆၀ အထိ ေပး

ေခ်ရဖြယ္ရွိေနၿပီး ဒါဟာ ဝက္ဖို႔ဒ္ကေန အဲဗာတန္တို႔ေခၚယူစဥ္က ေပးေခ်ရတဲ့ ေျပာင္းေ႐ႊ႕

ေၾကးထက္ ေပါင္ ၁၀ သန္းမ်ားျပားတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ရစ္ခ်ာလီဆန္က အဲဗာ

တန္အတြက္ ၁၀ ဂိုးသြင္းကာ ၅ ႀကိမ္ဖန္တီးေပးခဲ့ေပမယ့္ အသင္းကေတာ့ တန္းမဆင္းရဖို႔

အတြက္ အသည္းအသန္႐ုန္းကန္ခဲ့ရပါတယ္။ စပါးနည္းျပကြန္တီကလည္း ဆြန္ေဟာင္မင္နဲ႔

ကိန္းတို႔ကိုပဲ အားကိုးေနရတဲ့ တိုက္စစ္ပိုင္းအတြက္ ရစ္ခ်ာလီဆန္နဲ႔ေခၚယူအားျဖည့္ခ်င္ေန

ခဲ့တာပါ။ ခ်န္ပီယံလိဂ္ကစားရမွာျဖစ္လို႔လည္း လူစာရင္းပိုင္းေတာင့္တင္းေအာင္ ႀကိဳးစားေန

ၿပီး ဘာစီလိုနာေနာက္ခံလူလန္ဂ္လက္အတြက္လည္း ႀကိဳးစားေနတယ္လို႔ သိရပါတယ္။